backup og meta

ရင်သားကင်ဆာ ကုသမှုနည်းလမ်းခွဲများ - Complementary နဲ့alternative နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ ကုသမှုနည်းလမ်းခွဲများ - Complementary နဲ့alternative နည်းလမ်းများ

    CAM လို့ခေါ်တဲ့ ရင်သားကင်ဆာအတွက် Complementary and Alternative treatments တွေဟာ လူနာတွေအတွက် အကျိုးကျေးဇူးတွေကို အတိုင်းအတာ တစ်ခုအထိ ဖြစ်စေမှာဖြစ်ပါတယ်။ အချို့လေ့လာမှုတွေက သူဟာ ဓါတ်ရောင်ခြည်နဲ့ ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးပြီး လူနာတွေကို စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်လို့ ဆိုပါတယ်။

    Complementary and Alternative treatments ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်

    ပုံမှန်ကုသမှုတွေဖြစ်တဲ့ ဆေးသွင်းကုသခြင်း၊ ဟော်မုန်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်းတို့အပြင် Complementary and Alternative treatments တွေဟာ လူနာရဲ့ ကုသမှုမှာ အရေးပါလာကြပါတယ်။ Complementary ဆိုတာဟာ ပုံမှန်ကုသမှုတွေနဲ့ အတူအသုံးပြုရတဲ့ နည်းဖြစ်ပြီး ဒီကုသမှုရဲ့ အစွမ်းထက်မှု (သို့) လုံခြုံမှုကို ထောက်ခံတဲ့ သက်သေတော့ မရှိသေးပါဘူး။ Alternative treatments ကတော့ ပုံမှန် လုပ်နေကျ ကုသမှုတွေကို အချို့ကင်ဆာရောဂါဝေဒနာရှင်တွေမှာ အစားထိုးတဲ့ နည်းဖြစ်ပြီး alternate therapies အတော်များများရဲ့ အစွမ်းထက်မှုနဲ့ စိတ်ချရမှုကိုလည်း စမ်းသပ်ထားခြင်း မရှိပါဘူး။ Complementary and Alternative treatments တွေကို အချိန်အကြာကြီး အသုံးပြုလာကြပေမယ့် သူတို့ရဲ့ အစွမ်းထက်မှုနဲ့ ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် စိတ်ချရမှုတွေကို စမ်းသပ်ထားခြင်းမရှိပါဘူး။ ဒါပေမယ့် ဒါဟာ အန္တရာယ်ရှိတယ် (သို့) ပုံမှန်ကုသမှုတွေကို နှောင့်ယှက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။

    Complementary and Alternative treatments ရဲ့ အတွေ့များတဲ့ အမျိုးအစားများ

    နှစ်ပေါင်းများစွာကတည်းက လူတွေဟာ Complementary and Alternative treatments ပေါင်းများစွာဖြစ်တဲ့ အပ်စိုက်ကုသနည်း၊ tai chi၊ qigong၊ reiki၊ ယောဂ၊ သစ်ဥသစ်ဖု အစရှိတာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး ဖြစ်ပါတယ်။

    အပ်စိုက်ကုသခြင်း – ရှေးဟောင်း တရုတ် ဆေးပညာ တစ်ခုဖြစ်ပြီး ပါးလွှာတဲ့ အပ်တွေကို အရေပြားတဲ့ တိကျတဲ့ နေရာတွေပေါ်မှာ စိုက်ပေးပြီး ညင်သာစွာ ဖယ်ရှားပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အာရုံကြော စနစ်ကို နှိုးဆော်ပေးပြီး နာကျင်မှုကို သက်သာစေကာ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီကုသနည်းကို အနောက်ပိုင်းနဲ့ အမေရိကမှာ ပိုမို အသုံးပြုလာကြပါတယ်။ ဒီနည်းရဲ့ နောက် ကောင်းကျိုးတစ်ခုကတော့ မကြာခဏ အသုံးပြုသူတွေဟာ အော့အန်ခြင်း၊ နာကျင်ခြင်းနဲ့ ပင်ပန်းခြင်းတွေ ဖြစ်တာ နည်းပါးတယ်လို့ ဆိုပါတယ်။

    Tai chi, qigong – သူတို့ဟာ အသက်ရှူခြင်းနဲ့ ဖြည်းညင်းစွာ လှုပ်ရှားမှုတွေပေါ်မှာ အာရုံစိုက်တာဖြစ်ပါတယ်။ ဒီနည်းကို moving mediation လို့ ခေါ်ကြပါတယ်။ ဒီနည်းကို အသုံးပြုကြတဲ့သူတွေက ကိုယ်ခန္ဓါတစ်ခုလုံးကို ဖြတ်သွားတဲ့ စွမ်းအင် (qi) ရှိပြီး tai chi နဲ့ qigong တွေက ဒီစွမ်းအင်ဖြတ်သွားခြင်းကို ပိတ်ဆိုးခြင်း (သို့) အားနည်းခြင်း ဖြစ်စေတဲ့ အရာတွေကို ကာကွယ်ပေးတာဖြစ်ပါတယ်။ တရုတ်ပြည်မှာ သူ့ကို ကုသမှု အပိုတစ်ခု အဖြစ်လည်းကောင်း၊ ဒါမှမဟုတ် ရောဂါအဆင့်မြင့်တဲ့ ကင်ဆာတွေမှာ အဓိက ကုသမှု အနေနဲ့လည်းကောင်း အသုံးပြုကြပါတယ်။

    Reiki – လက်ကို အသုံးပြုရတာဖြစ်ပြီး ဂျပန်ပြည်က စတင်တာ ဖြစ်ပါတယ်။ သူဟာလည်း စွမ်းအင်ကို အခြေခံတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ Reiki လေ့ကျင့်သူတွေဟာ စွမ်းအင်က လူကိုယ်ခန္ဓါကို ဝန်းရံထားပြီး ကိုယ်ခန္ဓါအနှံ့မှာ လှုပ်ရှားစီးဆင်းနေတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ဟာ ဒီစွမ်းအင်းကို မျှတအောင်နဲ့ ကိုယ်ခန္ဓါရဲ့ ကုသတဲ့ စွမ်းအင်တိုးတက်အောင် ကြိုးစားကြပါတယ်။ လူနာအချို့ဟာ အပန်းပြေခြင်း၊ ပူနွေးလာခြင်း၊ အိပ်ချင်ခြင်းနဲ့ နေလို့ကောင်းခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းရဲ့ အစွမ်းထက်မှုကို အတည်ပြုနိုင်တဲ့ လေ့လာနည်းတော့ မရှိသေးပါဘူး။

    ယောဂ – ရင်သားကင်ဆာ အမျိုးသမီးတွေ အထူးသဖြင့် ခွဲစိတ်ပြီးတဲ့အခါမှာ ညင်သာတဲ့ ယောဂနည်းမျိုးကို အသုံးပြုသင့်တယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။ သူဟာ စွမ်းအင်ကို မြှင့်တက်ပေးပြီး ပိုမိုပျော်ရွှင်စေကာ ဘဝအရည်အသွေးပိုမို ကောင်းမွန်စေပါတယ်။

    ဆေးဘက်ဝင် သစ်ဥ သစ်ဖုများနဲ့ ဖြည့်စွက်စာများ – အသုံးအများဆုံး ဖြည့်စွက်စာကတော့ ဗီတာမင် စီ၊ အီးနဲ့ coenzyme Q10 ပဲ ဖြစ်ပါတယ်။ သူတို့မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး ဒါဟာ ကင်ဆာကို ကာကွယ်ကုသနိုင်ပါတယ်။ ဒါပေမယ့် antioxidant အများကြီး အသုံးပြုခြင်းဟာ ဆေးသွင်းကုသခြင်းကို နှောင့်ယှက်နိုင်ပြီး လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်စင်း၊ပဲ၊ ginkgo နဲ့ valerian တွေကို အသုံးမပြုခင် သေချာ စဉ်းစားသင့်ပါတယ်။

    Complementary and Alternative treatments တွေဟာ ရင်သားကင်ဆာလူနာတွေမှာ တွင်ကျယ်စွာ အသုံးပြုကြပေမယ့် သူတို့ရဲ့ အစွမ်းထက်မှု၊ လုံခြုံမှုနဲ့ ဈေးနှုန်းတွေကို သေချာစွာ ဖေါ်ပြထားခြင်းမျိုး မရှိတာကြောင့် အသုံးပြုနေတဲ့ လူနာတွေဟာ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ၊ ဆိုးကျိုးတွေကို ရှောင်ကျဉ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement