backup og meta

ကင်ဆာကနေ ရှင်သန်လာသူတွေ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကနေ ရှင်သန်လာသူတွေ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

    ရင်သားကင်ဆာ ဖြစ်လာရင် ကင်ဆာကြောင့် သော်လည်းကောင်း၊ ကင်ဆာကုသမှုကြောင့်သော်လည်းကောင်း ကိုယ်အလေးချိန် ပြောင်းလဲနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကုသမှုရဲ့ ရလဒ်ကို တိုးတက်စေရုံသာမက ကင်ဆာအသက်ရှင်နေထိုင်သူတွေအတွက် နောင်ဖြစ်လာမယ့် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

    သင့်ကိုယ်အလေးချိန်ကို ကျန်းမာအောင် ထိန်းသိမ်းပါ။

    သင်ကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိချင်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်အလေးချိန်ဟာ ကျန်းမာတယ်၊ မမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ BMI ကို အသုံးပြုပြီး သင့် ကိုယ်အလေးချိန် နံပတ်ကို တွက်ချက်နိုင်ပါတယ်။ သင့်ဆရာဝန်ကို မေးသင့်ပြီး သင် ရှိသင့်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်အကြောင်းကို ဆွေးနွေးသင့်ပါတယ်။

    ကိုယ်အလေးချိန် တိုးခြင်း

    ရင်သားကင်ဆာကြောင့် ကိုယ်အလေးချိန် လျော့တယ်လို့ ထင်ပါလိမ့်မယ်။ အချို့သူတွေမှာတော့ ကိုယ်အလေးချိန် တိုးတတ်ပါတယ်။ ဟော်မုန်း ကုသမှုတွေ၊ ဆေးတွေနဲ့ ကင်ဆာဆေးအချို့ဟာ ကိုယ်အလေးချိန် တိုးစေပါတယ်။ ဒီကုသမှုတွေဟာ ကိုယ်ခန္ဓါအတွင်းမှာ ရေအပိုကို ထားရှိပေးပါတယ်။ ပြီးတော့ အချို့ကုသမှုတွေဟာ အစာစားချင်စိတ်ကို မြှင့်တင်ပေးတာကြောင့် ကုသမှု မလုပ်ခင် စားတဲ့အစာတွေထက် ပိုစားပါလိမ့်မယ်။ မောပန်းခြင်းဟာ ရင်သားကင်ဆာကုသမှုရဲ့ အဖြစ်များတဲ့ ဆိုးကျိုးတစ်ခု ဖြစ်ပြီး သင်အလုပ်လုပ်ခြင်းနဲ့ နားနေတဲ့ ပုံစံကို ပြောင်းလဲပေးကာ လေ့ကျင့်ခန်းလုပ်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။

    ကိုယ်အလေးချိန်တိုးခြင်းကို အစားအစာတွေနဲ့ ထိန်းခြင်း

    • အသီးအရွက်များများစားပါ။ သူတို့မှာ ဗီတာမင်၊ သတ္တုဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားပါဝင်ပြီး ကယ်လိုရီအနည်းငယ်သာ ပါဝင်ပါတယ်။ သူတို့ဟာ သင့်ကို ကြာရှည်စွာ ဗိုက်ပြည့်စေပြီး ကိုယ်အလေးချိန်ကိုတော့ မတက်စေပါတယ်။ မစားခင် သေချာစွာ ဆေးဖို့ ဂရုစိုက်သင့်ပါတယ်။

    • Whole grains တွေဖြစ်တဲ့ ပေါင်မုန့်ကြမ်း၊ cereals၊ အီတလီခေါက်ဆွဲ အစရှိတာတွေကို စားသင့်ပါတယ်။ ဒါပေမယ့် အမျှင်များတဲ့အစားအစာတွေဟာ သင့်အတွက် သင့်လျော်ရဲ့လားဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

    • အဆီအနည်းငယ်သာစားပါ။ အဆီပါတဲ့ အစားအစာတွေအကုန်လုံးကို ကန့်သတ်ရမယ်လို့ မဆိုလိုပဲ transfat နဲ့ ပြည့်ဝဆီပါဝင်တဲ့ အဆီတွေကိုသာ ရှောင်ရှားသင့်ခြင်း ဖြစ်ပါတယ်။ ကျန်းမာတဲ့အဆီဖြစ်တဲ့ omega 3 fatty acid ကို walnuts နဲ့ salmon ငါးတွေမှာ တွေ့ရပြီး ရွေးချယ် စားသုံးသင့်ပါတယ်။ ဆီကြော်၊ ထောပတ်နဲ့ mayonnaise တွေကိုတော့ လျှော့စားသင့်ပါတယ်။

    • ဟင်းချက်နည်းကို ပြောင်းလဲပါ။ ပိုမို ကျန်းမာစေတဲ့ နည်းတွေဖြစ်တဲ့ ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကင်ခြင်း အစရှိတာတွေကို ပြုလုပ်သင့်ပါတယ်။

    • Lean proteins တွေဖြစ်တဲ့ Lean pork, Lean Beef တွေကို စားသင့်ပါတယ်။ အရေပြားကို မစားသင့်ပါဘူး။

    • အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ 1% fat နွားနို့နဲ့ skim milk တွေကို ရွေးချယ်နိုင်ပါတယ်။

    • ဆားလျှော့စားပါ။ ဆားဟာ သင့်ကိုယ်ခန္ဓါအတွင်းမှာ ရေကို ဆွဲထားပေးပါတယ်။

    • အစာအနည်းငယ်ကို မကြာခဏစားပါ။ လောက်လောက်ငင ချက်ပြုတ်ပါ။ အတင်းတွန်းပြီး မစားသင့်ပါဘူး။

    လေ့ကျင့်ခန်း လုပ်ပါ။

    ပုံမှန်လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကစားခြင်းနဲ့ ပြေးခြင်းတွေဟာ သင့်ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ သူတို့ဟာ သင့်ကို ကင်ဆာကြောင့် ဆုံးရှုံးသွားတဲ့ အားအင်ကို ပြည်လည် ဖြည့်တင်းပေးပါတယ်။

    ပညာရှင်တွေဆီက အကူအညီတောင်းခံပါ။

    ဆရာဝန်၊ အာဟာရပညာရှင်တွေနဲ့ စကားပြောနိုင်ပါတယ်။ သူတို့ဟာ ရင်သားကင်ဆာ ကုသမှုအပြီးမှာ ဘာလို့ ကိုယ်အလေးချိန်တက်လာတာလဲဆိုတာ ကို ကူညီရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကိုလည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သူတို့နဲ့ သင်ကြိုက်တဲ့ အစားအစာတွေအကြောင်းကို ဆွေးနွေးသင့်ပါတယ်။

    ကိုယ်အလေးချိန်ကျဆင်းခြင်း

    ကိုယ်အလေးချိန်ကျဆင်းခြင်းဟာလည်း ကင်ဆာကြောင့် (သို့) ကင်ဆာ ကုသမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ စိတ်ပူခြင်း၊ စိတ်ဖိစီးခြင်းနဲ့ ကိုယ်ခန္ဓါ ပြဿနာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ ပင်ပန်းခြင်းတွေဟာ ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

    ကိုယ်အလေးချိန် ကျဆင်းခြင်းကို အစားအသောက်နဲ့ ဖြေရှင်းခြင်း

    • အချိန်မှန်အစာစားပါ။ ဗိုက်ဆာတဲ့ အချိန်အထိ မစောင့်သင့်ပါဘူး။ ဗိုက်ကို လုံးဝမစာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီခံစားမှုဟာ သင့်ကိုယ်ခန္ဓါက လိုအပ်တဲ့ အစားအသောက်တွေကို စားသုံးခြင်းကနေ တားမြစ်နိုင်ပါတယ်။

    • တစ်နေ့ကို ၃ကြိမ် အစားအကြီးစား စားခြင်းထက်စာရင် အစာအနည်းငယ်ကို ခဏခဏ စားပါ။

    • သင့်အစားအသောက်ထဲကို ပရိုတင်းနဲ့ ကယ်လိုရီတွေ ထပ်ထည့်ပါ။ ဥပမာ ပေါင်မုန့်ကို ထောပတ်နဲ့စားနိုင်ပြီး ချောကလက်နို့ သောက်သင့်ကာ မြေပဲထောပတ်နနဲ့ ပူတင်းတွေ၊ကိတ်တွေထဲကို ကြက်ဥထည့်ကာ စားသင့်ပါတယ်။ ဒါမှမဟုတ် ရေအစား အစားအစာတွေ ချက်ပြုတ်ဖို့ နွားနို့ကို အသုံးပြုနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်းဟာ အစာစားချင်စိတ်ကို တိုးတက်စေပါတယ်။ ဒါကြောင့် သင်အစာ ပိုစားချင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းဟာ ဗိုက်ကိုလည်း လျင်မြန်စွာ ဆာစေနိုင်ပါတယ်။ ညင်သာတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတွေကို ပြုလပ်သင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဘောလုံးကစားခြင်း၊ ဘက်စကတ်ဘော ကစားခြင်းတွေကိုတော့ သေချာစွာ စဉ်းစားသင့်ပါတယ်။

    ပညာရှင်တွေနဲ့ စကားပြောပါ။

    သင့်ပြဿနာတွေကို ဆရာဝန်တွေ၊ အာဟာရ ပညာရှင်တွေနဲ့ ဆွေးနွေးသင့်ပါတယ်။ သူတို့ဟာ သင်ကိုယ်အလေးချိန်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းကို ကူညီရှာဖွေပေးမှာ ဖြစ်ပြီး ဘယ်လို ကျန်းမာစွာ ကိုယ်အလေးချိန်တက်အောင် လုပ်ရမလဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။

    အထူးနည်းတွေကို အသုံးပြုပါ။

    ပုံမှန်အတိုင်း မစားနိုင်ဘူးဆိုရင် ပြွန်ကတစ်ဆင့် အစာထည့်ခြင်းတွေကို အသုံးပြုသင့်ပါတယ်။ ဒီနည်းကိုတော့ ဆရာဝန် ညွှန်ကြားမှသာ အသုံးပြုသင့်ပါတယ်။

    ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ အထူးသဖြင့် ရင်သားကင်ဆာ ကုသမှုပြီးသွားရင် အလွန်အရေးကြီးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိခြင်းဟာ အချို့ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ကင်ဆာ နောက်တစ်ကြိမ် ပြန်ဖြစ်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဝနေရင် ဝိတ်လျှော့သင့်ပြီး ပိန်နေရင်တော့ ကိုယ်အလေးချိန်တိုးအောင် ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement