brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Osteoid Osteoma

အဓိပ္ပါယ်ဖွင့်ဆိုချက်

Osteoid osteoma ဆိုတာဘာလဲ။

Osteoid osteoma ဆိုတာက ကင်ဆာမဟုတ်တဲ့ အကျိတ်ငယ်တွေဖြစ်ပြီး လူတစ်ယောက်ရဲ့အောက်ပိုင်းက အရိုးရှည်တွေမှာ ဖြစ်လေ့ရှိပါတယ်။ လက်ရိုးမှာလည်း ဖြစ်တတ်ပေမယ့် ပေါင်ရိုးကတော့ အဖြစ်အများဆုံးပဲ။ တစ်ခါတစ်လေမှာ ကျောရိုးအောက်ပိုင်းတွေမှာပါ ပေါ်လာတတ်ပါတယ်။ Osteoid osteoma တစ်ခုရဲ့အရွယ်အစားက ၁.၅ စင်တီလောက်ပဲရှိတတ်ပါတယ်။

အကျိတ်ကြောင့် နာကျင်တာတွေဖြစ်တတ်ပေမယ့် ပျံ့တာမျိုးမရှိပါဘူး။ Osteoid osteoma ဖြစ်လာတာနဲ့ သူတို့ပတ်လည်မှာ ဓါတ်ပြုလွယ်တဲ့အရိုးတွေဖြစ်လာပြီး အရိုးအသစ်တွေထွက်လာတာကို osteoid အရိုးလို့ ခေါ်ပါတယ်။ ဒီ Osteoid အရိုးနဲ့ အကျိတ်က အကျိတ်တစ်ခုလုံးရဲ့ အလယ်ဗဟိုဖြစ်ပြီးတော့ ဓါတ်မှန်တွေမှာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

Osteoid osteoma ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Osteoid osteoma ကို ကလေးတွေနဲ့ မြီးကောင်ပေါက်တွေမှာ မကြာခဏတွေ့ရပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ကောင်မလေးတွေထက် ကောင်လေးတွေမှာ ပိုအမဖြစ်များပုံရပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Osteoid osteoma ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

လက္ခဏာတွေက ကလေးတစ်ဦးနဲ့တစ်ဦး မတူပေမယ့်လို့ အဖြစ်အများဆုံးလက္ခဏာတွေကတော့

  • စူးစူးကြီးနာခြင်း ဒါမှမဟုတ် အောင့်ခြင်း – နာကျင်မှုက ညတွေမှာအဖြစ်များပြီး တစ်ခါတစ်လေ လူနာက နာလို့နိုးလာတာမျိုး ရှိနိုင်ပါတယ်။ နေ့အခါမှာလည်း နာတတ်တယ်။ အချိန်ကြာလာတာနဲ့ ပိုဆိုးလာတာလည်းရှိပါတယ်။
  • အက်စ်ပရင် ဒါမှမဟုတ် အရောက်ကျဆေးတွေနဲ့ သက်သာသွားတဲ့ နာကျင်မှု
  • ခြေထော့ခြင်း
  • (အကျိတ်ကကျောမှာရှိတဲ့အခါ) နာကျင်စွာနဲ့ ကျောရိုးကောက်ခြင်း၊ ကြွက်သားတောင့်ခြင်း
  • (ကြီးထွားဆဲပလိတ်ပြားမှာ အကျိတ်ဖြစ်တဲ့အခါ) ကြီးထွားမှုနှေးခြင်း
  • ကြွက်သားထုလျော့ခြင်း
  • Bowing deformity
  • (အကျိတ်ကကျောမှာရှိတဲ့အခါ) Sciatica လို အာရုံကြောလက္ခဏာများ

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Osteoid osteoma ဖြစ်ပွားစေသလဲ။

တစ်ချို့ဆဲလ်တွေကွဲပွားတာကို ထိန်းချုပ်မရတဲ့အခါ အရိုးထုနဲ့တခြားတစ်ရှူးတွေပါတဲ့ အကျိတ်လေးတွေ ဖြစ်လာတာကို Osteoid osteoma လို့ခေါ်ပါတယ်။ ဒီလိုကြီးလာတဲ့အကျိတ်တွေက ကျန်းမာတဲ့အရိုးတစ်ရှူးတွေနေရာမှာ အစားထိုးသွားပြီး မာတဲ့ မူမမှန်တဲ့အရိုးတစ်ရှူးတွေဖြစ်လာပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျမသိပါဘူး။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Osteoid osteoma ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ထပ်မံသိလိုတဲ့အချက်အလက်တွေရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Osteoid osteoma ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Osteoid osteoma အတွက် အတည်ပြုတဲ့လုပ်ထုံးတွေကို သင့်ကလေးမှာရှိတဲ့ အကျိတ်အမျိုးအစား၊ ပျံ့နေမှုရှိမရှိအတိအကျ သိအောင် ဆုံးဖြတ်တဲ့နေရာမှာ သုံးပါတယ်။

ဒါတွေကတော့…

  • Reflexes တွေကိုစမ်းတဲ့ အာရုံကြောစစ်ဆေးချက်တွေ၊ ကြွက်သားခွန်အား၊ မျက်လုံးပါးစပ် လှုပ်ရှားမှု၊ ဟန်ချက်ထိန်းနိုင်မှုနဲ့ နိုးကြားမှုတွေကို စမ်းသပ်ခြင်း
  • အတွင်းတစ်ရှူးတွေ၊ အရိုးတွေ၊ အင်္ဂါတွေကို ပြသနိုင်တဲ့ ဓါတ်မှန်
  • အင်္ဂါတွေကို အသေးစိတ်ပုံရိပ်အဖြစ်ပြနိုင်တဲ့ သံလိုက်ဓါတ်မှန် (MRI)
  • ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေ အကျိတ်ကနေယူလာတဲ့ တစ်ရှူးနမူနာတွေကို အသေးစိတ်ကျကျပုံဖော်နိုင်တဲ့ ကွန်ပျူတာဓါတ်မှန်က အကျိတ်အမျိုးအစားကို တိတိကျကျဖော်ပြနိုင်ပါတယ်။
  • အရိုးရောဂါတွေနဲ့ အကျိတ်တွေကို သိနိုင်တဲ့အပြင် အရိုးနာတာ ရောင်တာရဲ့ အကြောင်းရင်းကိုဆုံးဖြတ်နိုင်တဲ့ အရိုးစကန်။
  • သွေးဆဲလ်အမျိုးမျိုကို အရွယ်အစား၊ အရေအတွက်၊ အနုအရင့်သိနိုင်တဲ့ Complete blood count
  • သွေးစစ်ခြင်းများ

Osteoid osteoma ကို ဘယ်လိုကုသလဲ။

သည်လိုအကျိတ်တွေကို အောင်အောင်မြင်မြင်နဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ပြန်လည်းဖြစ်လာနိုင်တယ်။ Prognosis ကောင်းဖို့အတွက် ချက်ချင်းသိရှိမှု ပြင်းပြင်းထန်ထန်ကုသမှုတွေ လိုအပ်ပါတယ်။ ပုံမှန်ပြန်ပြခြင်းကလည်း သင့်ကလေးအတွက် အလွန်အရေးကြီးပါတယ်။

ကုသမှုတွေမှာ

Percutaneous radiofrequency ablation

အသားကိုခွဲရမှုအနည်းဆုံးနဲ့ တစ်နေ့တည်းပြီးတဲ့ လုပ်ထုံးဖြစ်ပြီး အရေပြားအောက်ကနေ ရေဒီယိုကြိမ်နှုန်းနဲ့ တိုက်စားတဲ့နည်းဖြစ်တယ်။ အရေပြားကို အပ်လေးနဲ့ထိုးပြီး ရေဒီယိုကြိမ်နှုန်းတွေ လွှတ်ပေးလိုက်ခြင်းဖြင့် အကျိတ်ဆဲလ်တွေကို အပူပြင်းအားနဲ့ သတ်ပစ်တာပါပဲ။

အရိုးခြစ်ခြင်းနှင့်အစားထိုးခြင်း

သည်ခွဲစိတ်မှုမှာ အကျိတ်ကို အထူးကိရိယာတစ်ခုနဲ့ အရိုးကနေခြစ်ထုတ်ပစ်ပါတယ်။ ထုတ်လို့ကျန်နေတဲ့ အခေါင်းပေါက်ကိုတော့ လှူထားသူရဲ့အရိုးတစ်ရှူး (အေလိုဂရပ်)၊ ကိုယ့်ရဲ့တခြားအရိုးကနေယူထားတဲ့ အရိုးစ (အော်တိုဂရပ်) သို့မဟုတ် တခြားပစ္စည်းတွေနဲ့ ပိတ်ပစ်ရပါတယ်။

En bloc resection

တစ်ကယ်လို့သာ အကျိတ်က တင်ပါးဆုံရိုးလို တစ်ချို့နေရာတွေမျာရှိနေတဲ့အခါ အကျိတ်ရှိတဲ့အရိုးကို ဖယ်ထုတ်ပစ်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ အရိုးရဲ့ဖွဲ့စည်းပုံ မပျက်စေရအောင် အတွင်းပိုင်းမှာပင်အပ်တွေနဲ့ ပြုပြင်တာမျိုး လုပ်ရပါတယ်။ ဒီလိုလုပ်ထုံးကို osteoid osteoma လူနာတွေမှာ လုပ်ခဲတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Osteoid osteoma ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ Osteoid osteoma ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။

ပြန်ဖြစ်နိုင်ချေက ၁၀% အောက် နည်းပေးမယ့် ကောင်းကောင်းအနာကျက်ပြီး လက္ခဏာအရှင်းပျောက်တဲ့အထိ မှန်မှန်ပြန်ပြဖို့ အကြံပြုလိုပါတယ်။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/12/2019 ဖြစ်ပါသည်။