ခြေထောက်ကိုဆုံးရှုံးရတော့မယ်လို့ သိလိုက်ရပြီးတဲ့နောက်မှာ လူနာတွေဖြစ်နေကျစိတ်ကူးအတိုင်း ဘာကများ ဒီအခြေအနေကိုပြောင်းလဲစေနိုင်မလဲဆိုတာကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးတော့ လူနာက စင်ကာပူမှာ ကုသမှုခံယူဖို့ဆုံးဖြတ်လိုက်ပါတယ်။
ခြေထောက်ကိုဆုံးရှုံးရတော့မယ်လို့ သိလိုက်ရပြီးတဲ့နောက်မှာ လူနာတွေဖြစ်နေကျစိတ်ကူးအတိုင်း ဘာကများ ဒီအခြေအနေကိုပြောင်းလဲစေနိုင်မလဲဆိုတာကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးတော့ လူနာက စင်ကာပူမှာ ကုသမှုခံယူဖို့ဆုံးဖြတ်လိုက်ပါတယ်။

Indah Melati Setiawan ဟာ ၂၀၀၉ ခုနှစ် မတ်လမှာ ဘယ်ဘက်ပေါင်မှာ ပုံမှန်မဟုတ်တဲ့ နာကျင်မှုတစ်မျိုးကို စတင်ခံစားခဲ့ရပါတယ်။ ဒီနာကျင်မှုက အရမ်းရှားပါးတဲ့ အရိုးကင်ဆာတစ်မျိုးဖြစ်တဲ့Ewing’s sarcoma ရောဂါ ဖြစ်နေမယ်လို့ သူ့အနေနဲ့ စိတ်တောင်မကူးမိခဲ့ပါဘူး။ ဒီရောဂါက ညဘက်ဆိုအိပ်မရတဲ့အထိနာကျင်သလို အရိုးတွေကျိုးအက်ပျက်စီးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နေ့တိုင်းနာကျင်မှုကိုခံစားနေရပြီး တဖြည်းဖြည်းချင်း လမ်းလျှောက်ဖို့ခက်လာခဲ့ပါတယ်။
ဒီရောဂါကဖြစ်ခဲတာကြောင့်Indah ဟာ အင်တာနက်ကနေပဲရောဂါကိုရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ညီမဖြစ်တဲ့Linda ကလည်း အွန်လိုင်းကနေ ဝိုင်းရှာပေးခဲ့ပါတယ်။ သူတို့ရဲ့ကြိုးစားမှုအရာထင်ခဲ့ပါတယ်။sarcomasရောဂါကို ကုသမှုပေးနိုင်တဲ့Mount Elizabeth Hospital က အရိုးခွဲစိတ်ကုဆရာဝန်ဒေါက်တာSuresh Nathan နဲ့ဆက်သွယ်မိခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။Indah ဟာဒေါက်တာSuresh ဆီကနေ အကြောင်းပြန်မှုကိုရရှိခဲ့ပြီး စင်ကာပူမှာလာရောက် ကုသမှုခံယူဖို့ ယုံကြည်မှုတွေတိုးလာခဲ့ပါတယ်။Mount Elizabeth Hospital က ကစင်ကာပူကထိပ်တန်းဆေးရုံတစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကIndah ကိုယုံကြည်မှုပိုစေခဲ့ပါတယ်။
ဒေါက်တာSuresh ကအရိုးနဲ့ကြွက်သားကုသမှုနယ်ပယ်၊ခြေထောက်နဲ့လက်အရိုး စတီးရိုးအစားထိုးကုသခြင်း၊ ဒူးအစားထိုးကုသမှု နယ်ပယ်တွေမှာ အတွေ့အကြုံရှိသူတစ်ဦးဆိုတဲ့အသိကြောင့်Indah ရဲ့ဒေါက်တာSuresh အပေါ်ယုံကြည်မှုကတော်တော်လေးကောင်းလာပါတယ်။ သုတေသနလုပ်ငန်းစဉ်တွေမှာပါဝင်မှုနဲ့ များပြားလှတဲ့ အစောပိုင်းလေ့လာမှုတွေကြောင့်Indah ရဲ့ခြေထောက်တွေကိုဖြတ်တောက်စရာမလိုဘဲကုသလို့ရနိုင်မယ်၊လို့ သိရှိခဲ့ပါတယ်။ဒေါက်တာSuresh နဲ့မတွေ့ခင် ဆရာဝန်တွေတော်တော်များများနဲ့တွေ့ပြီး ကုသမှုခံယူခဲ့ပေမယ့်Indah ရဲ့ခြေထောက်ကို အရင်းနားကနေဖြတ်တောက်ကုသမှရမယ်လို့သာပြောခဲ့ကြပါတယ်။
Indah ရဲ့ ခွဲစိတ်ကုသမှုကို ၂၀၁၀ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ စတင်လုပ်ဆောင်ခဲ့ပြီး တစ်ညလုံးလုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ ပထမဆုံးမနက်ခင်းမှာတော့ ခွဲစိတ်မှုကအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ ခွဲစိတ်မှုခံယူပြီး တစ်ပတ်အကြာလောက်မှာတော့Indah ဟာ မတ်တတ်စရပ်နိုင်ပါပြီ။ ခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာလည်း ဓါတု ကုထုံးနဲ့ ဓါတ်ရောင်ခြည်ကုထုံးတွေကို ခံယူခဲ့ရ ပါသေးတယ်။ ကင်ဆာအထူးကုဒေါက်တာKhoo Kei Siong ဆီမှာ အဆုတ်နဲ့ရင်ခေါင်းမှာပြန့်နှံ့နေတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့ ကုသမှုခံယူခဲ့ရပါသေးတယ်။Indah ဟာကင်ဆာဝေဒနာကြောင့် ရင်ခေါင်းအတွင်းနံရံမှာ ကင်ဆာကျိတ်ဖြစ်နေတာကိုလည်း ခံစားနေရပါတယ်။ဒေါက်တာSuresh နဲ့ ရင်ခေါင်းခွဲစိတ်ကုဆရာဝန် ဒေါက်တာThirugnanam Agasthian တို့ရဲ့ ပူပေါင်းဆောင်ရွက်မှုကြောင့် ကင်ဆာကျိတ်ကိုလည်းအောင်မြင်မြင်ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာလည်းဒေါက်တာSuresh ကIndah ကိုတာဝန်ယူကုသပေးမှု အပိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေဆဲပါ။ သူကIndah ကိုလမ်းပြန်လျှောက်လာနိုင်အောင်ကူညီပေးပါတယ်။ လူနာကို စိတ်ဓါတ်မကျအောင်အားပေးပြီးပြန်လည်နလန်ထူလာအောင်လုပ်ဆောင်ပေးပါတယ်။ အင်ဒိုနီးရှားကိုပြန်ရောက်ချိန်မှာတော့ဒေါက်တာSuresh ကWhatsApp ကနေတဆင့် ဘယ်လိုဂရုစိုက်နေထိုင်ရမလဲ ဆိုတာကိုပြောပြပေးပြီး မိသားစုဝင်တွေကိုလည်းIndah ကိုဂရုစိုက်ပေးရမယ့် နည်းလမ်းတွေကိုပြောပြပေးပါတယ်။ ခွဲစိတ်မှုခံယူပြီး တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ အပြည့်အဝပြန်လည်ကျန်းမာမှုကို ရရှိခံစားရပြီဖြစ်ပါတယ်။ အားလုံးရဲ့ ဂရုတစိုက် ကုသစောင့်ရှောက်မှုနဲ့အတူIndah တစ်ယောက်လမ်းပြန်လျှောက်နိုင်ခဲ့သလိုဝေဒနာဘေးကနေလည်း လွတ်မြောက်ခဲ့ပါပြီ။ ယနေ့ထိလည်းIndah ရဲ့ကျန်းမာရေးအခြေအနေကိုဒေါက်တာSuresh ကအပြည့်အဝကုသစောင့်ရှောက်မှုပေးနေဆဲပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။