backup og meta

ရင်သားကင်ဆာ ကုသမှုမှာ ဆေးယဉ်ပါးမှုကို ဘယ်လိုဖြေရှင်းမလဲ

ရင်သားကင်ဆာ ကုသမှုမှာ ဆေးယဉ်ပါးမှုကို ဘယ်လိုဖြေရှင်းမလဲ

ရင်သားကင်ဆာ ကုသမှုမှာ ဆေးယဉ်ပါးမှုဟာ အဖြစ်များရုံတင်မကပဲ မျှော်လင့်ထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရိုးရာအတိုင်း ဆေးကုသမှုတွေကို ယဉ်ပါးမှု ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအချိန်မှာ ဆရာဝန်က ရင်သားကင်ဆာ ဆက်လက်ကုသနိုင်ဖို့အတွက် အခြားနည်းတွေ ရှာဖွေ ပေးမှာ ဖြစ်ပါတယ်။

ကင်ဆာရောဂါ ကုသမှုမှာ ဆေးယဉ်ပါးခြင်း

ရင်သားကင်ဆာ ဖြစ်နေပြီဆိုရင် ကုသမှုတွေ ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုတိုင်းမှာတော့ ပြဿနာတွေ ရှိပြီး အချို့လူနာတွေအတွက် အကျိုးမရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးယဉ်ပါးတယ်လို့ ခေါ်ပါတယ်။ ဆေးယဉ်ပါးမှုဟာ ရင်သားကင်ဆာ ကုသမှုမှာ စိန်ခေါ်နေတဲ့ အခက်အခဲ တစ်ရပ်လည်း ဖြစ်ပါတယ်။

ဆေးယဉ်ပါးမှု ဖြစ်ခဲ့ရင် ကင်ဆာဆဲလ်တွေဟာ ကင်ဆာကို ကုသဖို့အတွက် အသုံးပြုတဲ့ ဆေးဒဏ်ကို ခံနိုင်ရည် ရှိကြပြီး ဆက်လက်ပွားကာ ကိုယ်ခန္ဓါအတွင်းမှာ အကျိတ်တွေ ဖြစ်လာပါတယ်။ ဆေးယဉ်ပါးမှုဟာ ကင်ဆာ ပြန်ဖြစ်ခြင်းကိုလည်း အားပေးနိုင်ပါတယ်။ ဆေးယဉ်ပါးမှု ဖြစ်ဖို့အတွက် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

ဆေးယဉ်ပါးမှုဟာ ဆေးလှုံ့ဆော်မှု မရှိခြင်း၊ ဆေးပစ်မှတ် ပြောင်းလဲခြင်း၊ DNA ပျက်စီးမှု ပြင်ဆင်ခြင်းနဲ့ ဆဲလ်သေခြင်းကို တားမြစ်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်က ကုသမှု အကျိုး ရှိမရှိကို ပုံမှန် စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

ဆေးယဉ်ပါးမှုကို ကိုင်တွယ်ဖြေရှင်းမယ့် ပေါင်းစပ်ဆေးများ

သုတေသီတွေက ပေါင်းစပ်ဆေးတွေကို အသုံးပြုခြင်းဟာ ဆေးယဉ်ပါးမှုကို နှောင့်နှေးစေပြီး ဒီအခြေအနေကို ကျော်လွှားဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဆေးယဉ်ပါးမှုကို ပိတ်ဆို့နိုင်တဲ့ ဆေးတွေကို အသုံးပြုပါတယ်။ ပြီးတော့ ကင်ဆာကို ကုသဖို့အတွက် ကင်ဆာဆဲလ်တွေ ယဉ်ပါးတဲ့ ဆေးတွေကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

သူတို့ဟာ ဆေးယဉ်ပါးမှုကို မဖြစ်စေပဲ အကျိတ်တွေကို တတ်နိုင်သမျှ သတ်ပေးတဲ့ မတူညီတဲ့ ဆောင်ရွက်မှုတွေ ရှိတဲ့ ဆေးတွေ ပါဝင်ပါတယ်။ ပေါင်းစပ်အသုံးပြုတဲ့ ကုသမှုတွေဟာ ဆေးယဉ်ပါးမှုကို တားမြစ်ပေးပါတယ်။ ဒါကြောင့် ကုသမှု ပေါင်းစပ် အသုံးပြုခြင်းဟာ ဆေးတစ်ခုတည်းကို အသုံးပြုတာထက် ပိုမို အကျိုးရှိပါတယ်။

ဒါပေမယ့် ကင်ဆာရောဂါ ကုသမှုမှာ ဆေးယဉ်ပါးမှုကို တိုက်ဖျက်ပေးမယ့် အစွမ်းအထက်ဆုံး နည်းလမ်းတွေကို တွေ့ရှိဖို့တော့ လေ့လာမှုတွေ လိုအပ်ပါသေးတယ်။

သင်လုပ်နိုင်တဲ့ အရာများ

ဆေးယဉ်ပါးမှုဟာ လူတိုင်းမှာ ဖြစ်နိုင်ပြီး သင့်ဆရာဝန်က သင့်ကို ကူညီပါလိမ့်မယ်။ ကုသမှုယူနေစဉ်မှာ ဆရာဝန် ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။ စိတ်ရှည်သင့်ပြီး သင့်အခြေအနေကို မစိုးရိမ်သင့်ပါဘူး။

တကယ်လို့ စိုးရိမ်မှု ရှိတယ်ဆိုရင် ဆရာဝန်ကို မေးမြန်းသင့်ကာ သူက သင့်ကို ရှင်းပြပါလိမ့်မယ်။

သင့်အခြေအနေကို ပုံမှန်စစ်ဆေးသင့်ပြီး ဆရာဝန်နဲ့ တွေ့မှု (သို့) ကုသမှုတွေကို တစ်ခုမှ မလွတ်စေသင့်ပါဘူး။

ဆေးယဉ်ပါးခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အခုကုသနေတဲ့ ဆေးတွေဟာ ရင်သားကင်ဆာကို မကုသနိုင်တော့ရင် လူအများကြီးရဲ့ အသက်တွေကို ထိခိုက်နိုင်ပါတယ်။ သုတေသီတွေက ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Identifying Novel Drug Combinations to Overcome Treatment Resistance.

https://www.cancer.gov/about-cancer/treatment/research/drug-combo-resistance.

Accessed February 9, 2017.

Housman G, Byler S, Heerboth S, et al. Drug Resistance in Cancer: An Overview. Cancers.
2014;6(3):1769-1792. doi:10.3390/cancers6031769.

Gonzalez-Angulo AM, Morales-Vasquez F, Hortobagyi GN. Overview of resistance to systemic therapy in patients with breast cancer. Adv Exp Med Biol. 2007;608:1-22.

ယခုပုံစံ

02/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement