Cerebral aneurysm ဆိုတာ ဦးနှောက်အတွင်းရှိ သွေးကြောတွေထဲမှာ ဖောင်းလာတာ၊ ပူဖောင်းကဲ့သို့ ဖြစ်လာခြင်းကို ခေါ်ပါတယ်။ အကိုင်းမှာ တွဲလောင်းကျနေတဲ့ ဘယ်ရိသီးနဲ့ တစ်ခါတစ်လေ တူနိုင်ပါတယ်။
ဦးခေါင်းသွေးကြော ဖောင်းလာခြင်း မှ သွေးယိုစိမ့်နိုင်ခြင်း(သို့) သွေးကြော ပေါက်ထွက်ခြင်းတွေ ဖြစ်နိုင်ပြီး ဦးနှောက်အထဲကို သွေးယိုတာတွေ ဖြစ်နိုင်ပါတယ်။ဦးနှောက်သွေးကြော ပေါက်ခြင်းဟာ ဦးနှောက်နဲ့ ဦးနှောက်ကို ကာထားပေးတဲ့ ပါးလွှာတဲ့ တစ်ရှုးကြားရှိနေရာ မှာ ဖြစ်တတ်ပါတယ်။
ဦးနှောက်သွေးကြောဖောင်းလာခြင်းဟာ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဖောင်းလာတဲ့ သွေးကြောတွေ ပေါက်ကွဲသွားရင်တော့ လေဖြတ်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း စတဲ့ အရေးပေါ် အခြေအနေ တွေ ဖြစ်လာနိုင်ရူံမက ချက်ချင်း မကုသပါက သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။
ဦးနှောက်သွေးကြောဖောင်းလာခြင်း ဖြစ်တိုင်း သွေးကြော မပေါက်ထွက်နိုင်ပါဘူး။
USA နိုင်ငံမှာ ဦးနှောက်သွေးကြောဖောင်းလာခြင်းသာဖြစ်ပြီး သွေးကြော မပေါက်တဲ့ လူပေါင်း ၆ သန်းလောက်ရှိပါတယ်။ ခန့်မှန်းချက်အရ လူတစ်ယောက်ရဲ့ သက်တမ်းမှာ ဦးနှောက်သွေးကြောဖောင်းလာခြင်း စုစုပေါင်းရဲ့ ၅၀% မှ ၈၀%လောက်ဟာ ဘယ်တော့မှ သွေးကြောပေါက်ထွက်လေ့မရှိပါဘူး။
တစ်နှစ်မှာ USA နိုင်ငံရဲ့ လူပေါင်း ၃၀၀၀၀ လောက်သာ ဦးနှောက်သွေးကြော ဖောင်းရာမှ သွေးကြောပေါက်ထွက်တဲ့ အထိဖြစ်တာကို တွေ့ကြုံ ရခဲ့ပါတယ်။ သွေးကြောပေါက်ထွက်ခြင်းအထိ ဖြစ်တာ အားလုံးရဲ့ ၄၀ % လောက်ဟာ သေနိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီ ဦးနှောက်သွေးကြောဖောင်းလာခြင်းဖြစ်ဖို့ အားပေးနေတဲ့ ချက်တွေကို လျော့နည်းစေခြင်းအားဖြင့် ဒီရောဂါကိုထိန်းချုပ်နိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင် သင့်ပါတယ်။
ဦးနှောက်သွေးကြောဖောင်းခြင်းရဲ့ အဆင့်အပေါ်မူတည်ပြီး ရောဂါ လက္ခဏာတွေက အတော်အတန်ကွာ ခြားပါတယ်။
သွေးကြောပေါက်ထွက်ခြင်းရဲ့ အရေးကြီးဆုံး ရောဂါ လက္ခဏာကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းကို လူနာအနေနဲ့ ခံစားဖူးသမျှ အဆိုးရွားဆုံးခေါင်းကိုက်တာ အဖြစ် ဖော်ပြတတ်ကြပါတယ်။
ဦးနှောက်သွေးကြော ပေါက်ခြင်းရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့
အချို့သောဦးနှောက်သွေးကြောဖောင်းခြင်းတွေမှာ အဲဒီဖောင်းလာတဲ့ သွေးကြောတွေကနေ သွေးအနည်းငယ်ယိုစိမ့်လာတတ်ပါတယ်။ အဲလို သွေးယိုခြင်းက အောက်ပါ အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။
ဦးနှောက် သွေးကြောပေါက်ထွက်မသွားတဲ့ အခြေအနေမှာ အထူးသဖြင့် သွေးကြောဖောင်းခြင်းက သေးနေရင်ရောဂါ လက္ခဏာ မပြတာဖြစ်နိုင်ပါတယ်။ ကြီးရင်တော့ ဦးနှောက် တစ်ရှုးတွေ၊ အာရုံကြောတွေကို ဖိမိပြီး အောက်ပါအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။
ဦးနှောက်သွေးကြော ဖောင်းလာခြင်းဟာ သွေးလွှတ်ကြောနံရံတွေ ပါးလာတာကြောင့် ဖြစ်လာနိုင်ပါတယ်။ သွေးလွှတ်ကြောတွေရဲ့ ခွဲဖြာထွက်နေတဲ့နေရာတွေမှာ ဦးနှောက်သွေးကြော ဖောင်းလာခြင်း ဖြစ်တတ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အဲဒီနေရာတွေက ပိုပြီးအားနည်းတဲ့နေနရာတွေမို့ပါ။ ဦးနှောက်သွေးကြော ဖောင်းလာခြင်းဟာ ဦးနှောက်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပေမယ့် ဦးနှောက်အောက်ခြေပိုင်းမှာ ရှိတဲ့ သွေးလွှတ်ကြောတွေမှာ အဖြစ်များပါတယ်။
အမေရိကန် ကျန်းမာရေး အဖွဲ့အစည်းရဲ့ ဂျာနယ်ရဲ့ လေ့လာချက်တစ်ခုအရ အောက်ပါ အကြောင်းအချက်တွေဟာ ရှိနေပြီးသား ဖောင်းနေတဲ့သွေးကြောတွေကို ပေါက်ကွဲစေနိုင်ပါတယ် လို့ပါဝင်ခဲ့ပါတယ်။
တစ်ချို့သော ဦးနှောက်သွေးကြော ဖောင်းလာခြင်းတွေဟာ လူတစ်ယောက်ရဲ့ သက်တမ်းတစ်လျှောက်ဖြစ်ပေါ်လာတာမျိုး ရှိပြီး၊ တစ်ချို့က မျိုးရိုး ဗီဇ အရ၊ တစ်ချို့က ဦးနှောက် ထိခိုက်ဒဏ်ရာကြောင့် ဖြစ်လာတတ်ကြပါတယ်။
ဒီရောဂါကို ဖြစ်အောင် အားပေးနေတဲ့ အချို့အဖြစ်များတဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေကတော့
မိသားစုထဲမှာ ဦးနှောက်သွေးကြော ဖောင်းလာခြင်းဖြစ်ဖူးတဲ့သူတွေ ဟာ မိသားစုမှာ မဖြစ်ဖူးတဲ့သူတွေ ထက် ဖြစ်နိုင်ချေပိုများပါတယ်။
အရင် က ဒီရောဂါဖြစ်ဖူးတဲ့သူဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ်။
အမျိုးသမီး တွေဟာ အမျိုးသားတွေထက် ဦးနှောက်သွေးကြော ဖောင်းလာခြင်း(သို့) ဦးနှောက်အမြှေးပါးကြားတွင် သွေးယိုခြင်း ဖြစ်နိုင်ချေ ပိုများပါတယ်။
အာဖရိကန်၊ အမေရိကန်တွေဟာ လူဖြူတွေထက်ဦးနှောက် အမြှေးပါးကြားတွင်သွေးယိုခြင်း ပို ဖြစ်နိုင်ပါတယ်။
ဦးနှောက်အမြှေးပါးကြားမှာသွေးယိုတာဟာ သွေးပေါင်ချိန်များ၊ သွေးတိုးဖြစ်ဖူးတဲ့သူတွေမှာ ပို ဖြစ်နိုင်ပါတယ်။
သွေးပေါင်ချိန်မြင့်ခြင်း အပါအဝင် ဆေးလိပ်သောက်ခြင်းကလည်း ဦးနှောက်သွေးကြောဖောင်းရာမှ ပေါက်ထွက်ဖို့ အခွင့်အရေးပိုများစေနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်က သင့်မှာဦးနှောက်သွေးကြောဖောင်းခြင်းရောဂါ ရှိနေတယ်လို့ ထင်ပါက အောက်ပါ စစ်ဆေးချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်နိုင်ပါတယ်။
စီတီရိုက်တာဟာ ဦးနှောက်အတွင်းဘယ်နေရာမှာ သွေးယိုနေတယ်ဆိုတာ သိဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ဦးနှောက်သွေးကြောဖောင်းခြင်းမှ ပေါက်ထွက်ခြင်းနဲ့ ဦးနှောက်အမြှေးပါးကြားသွေးယိုခြင်း ဖြစ်နေတယ်လို့ သံသယ ရှိပါက lumber puncture (ကျောရိုးရှိ ရိုးတွင်းခြင်ဆီထုတ်ယူခြင်း)ဖောက်ရနိုင်ပါတယ်။
CTA ဟာ သွေးကြောလေးတွေကို စစ်ဆေးတဲ့နေရာမှာ စီတီ ရိုက်ခြင်းထက် ပိုတိကျ တဲ့ နည်းလမ်းဖြစ်ပါတယ်။ CTA ဟာ စီတီရိုက်ခြင်းရယ်၊ အထူးပြု ကွန်ပြူတာ နည်းလမ်းတွေရယ်၊ကို ပေါင်းစပ်ထားပြီး ဆိုးဆေးတစ်မျိုး ကို သွေးကြောထဲထိုးထည့်ပြီး သွေးကြောလေးတွေရဲ့ ပုံရိပ်ကို မြင်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်။
MRA ဟာ CTA နဲ့ တူပြီး သံလိုက်ဓါတ်နဲ့ အသံလှိုင်းစွမ်းအင်ကို အသုံးပြုပြီး သွေးကြောလေးတွေရဲ့ ပုံရိပ်ကို ရိုက်ယူတာဖြစ်ပါတယ်။ CTA မှာလိုပဲ သွေးကြောလေးတွေရဲ့ ပုံရိပ် ကိုပိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ဆိုးဆေးတစ်မျိုး ကို သွေးကြောထဲထိုးထည့်ပြီး အသုံးပြုနိုင်ပါတယ်။
ဒီ ဓါတ်မှန် စစ်ဆေးချက်မှာတော့ ပေါင်ခြံနဲ့ လက်မောင်းမှာ ရှိတဲ့ သွေးကြောတွေထဲကို catheter လို့ခေါ်တဲ့ ပြွန်သေးသေးလေးထည့်ပြီး ဦးနှောက်ဆီရောက်အောင် သွေးကြောတွေထဲက နေ အပေါ်တက်သွားပါမယ်။ ပြီးတဲ့ အခါမှာ ဦးနှောက်သွေးကြောထဲကို ဆိုးဆေးတစ်ခု ထိုးတည့်ပါမယ်။
အပေါ်မှာ ဖော်ပြထားတဲ စစ်ဆေးချက်တွေမှာ လိုပဲ ဆိုးဆေးဟာ သွေးကြောလေးတွေမှာရှိတဲ့ပြသနာတွေ( ဦးနှောက်သွေးကြော ဖောင်းခြင်းအပါအဝင်) ကို ဓါတ်မှန်မှာ မြင်အောင်ကူညီပေးနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ အခြားဟာတွေထက်ပိုပြီး ခန္ဓါကိုယ်
အတွင်းဖောက်ထွင်းရပြီး ပိုပြီးထိခိုက်နိုင်ချေများပေမယ့် သေးငယ်တဲ့ သွေးကြောဖောင်းတာလေးတွေကို မြင်နိုင်ဖို့ဆိုရင်တော့အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
ဦးနှောက်သွေးကြော ဖောင်းတာ အတွက်ကုသမှုတွေကတော့ အရွယ်အစား၊ တည်နေရာ၊ ပြင်းထန်မှု နဲ့ သွေးကြောပေါက်ထွက်ခြင်းရှိနေ၊မနေ (သို့) သွေးယိုခြင်းရှိ၊ မရှိ အပေါ်မူတည်ပါတယ်။
သေးငယ်တဲ့ (၁၀ မီလီ မီတာ အောက်သေးတဲ့) သွေးကြောဖောင်းခြင်းတွေဟာ ပေါက်ထွက်ဖို့ ဖြစ်နိုင်ချေနည်းပါတယ်။ ဒီဦးနှောက်သွေးကြော ဖောင်းလာခြင်းကို ခွဲစိတ်ကုသဖို့ကလည်း တစ်ခါတစ်လေ အန္တရာယ်များတဲ့ အတွက် ဆရာဝန်က ခွဲစိတ်မှုမလုပ်ဘဲ သင့်အခြေအနေကို ဆက်လက်စောင့်ကြည့်နေနိုင်ပါတယ်။
တကယ်လို့ ဦးနှောက်သွေးကြော ဖောင်းခြင်းက ကြီးနေရင်၊ (သို့) နာခြင်း(သို့) အခြား ရောဂါ လက္ခဏာတွေ ရှိနေရင်၊ (သို့) အရင်က သင့်မှာ ဦးနှောက်သွေးကြော ဖောင်းခြင်းမှ သွေးကြောပေါက်ထွက်ခဲ့ဖူးရင် တော့ ဆရာဝန်က ခွဲစိတ်ကုသမှုလုပ်နိုင်ပါတယ်။
ဦးနှောက်သွေးကြော ဖောင်းခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
အောက်ပါ အကြံပြုချက်တွေကို လိုက်နာခြင်းအားဖြင့်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။