backup og meta

ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းသည် နောင်တွင်လေဖြတ်နိုင်ခြေကိုမြင့်စေသည်


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းသည် နောင်တွင်လေဖြတ်နိုင်ခြေကိုမြင့်စေသည်

    လေ့လာချက်တခုအရ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေကို မြင့်မားစေတယ်လို့ ဆိုပါတယ်။

    Calgary တက္ကသိုလ်က အာရုံကြောအထူးကုဆရာဝန် Dr. Aravind Ganesh ဟာ ကိုယ်ဝန်ဆောင်ကာလမှာ သွေးတိုးရှိဖူးတဲ့ အမျိုးသမီးများဟာ လေဖြတ်နိုင်ခြေ ပိုမြင့်မားကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ သာမန်သွေးတိုးခြင်းထက် ပိုဆိုးကြောင်း ပြောပါတယ်။ လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေဟာ ၄၀%လောက်ထိ မြင့်တက်နိုင်ကြောင်း Dr. Ganesh တို့ သုတေသနအဖွဲ့က သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဆိုခဲ့ပါတယ်။

    သုတေသန ၉ခုခန့်မှာတော့ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းကို စောင့်ကြည့်ထားပြီး နောင်မှာ လေဖြတ်နိုင်ခြေနဲ့ ပတ်သက်ပုံကို လေ့လာထားပါတယ်။

    ဒီသုတေသနတွေမှာ နေရာဒေသမျိုးစုံက အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ပြီး ၁နှစ်မှ ၃၂နှစ်ကြာတဲ့ အခြေအနေကို လေ့လာထားပါတယ်။ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်နေစဉ် သွေးတိုးရှိဖူးသူများဟာ နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

    သွေးတိုးခြင်းဟာ ကိုယ်ဝန်ဆောင်တွေရဲ့ ၂ မှ ၃% ထိ ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာပဲ ဖြစ်ပါတယ်။ ဒီပြသနာဟာ အချင်းထဲသွေးရောက် နည်းစေခြင်း၊ စေမွေးခြင်း စတဲ့ ကိစ္စရပ်တွေကို ဖြစ်စေနိုင်ပါတယ်။

    အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်စဉ်တလျောက်မှာ သွေးပေါင်ချိန် အပြောင်းအလဲကို သေချာစွာ စောင့်ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးတာမျိုးတွေ၊ မွေးဖွားပြီးကာလ စစ်ဆေးတာမျိုးတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ထောက်ခံလမ်းညွှန်မှုတွေ မရှိသေးပါဘူး။

    Dr.Ganesh က ဒီအမျိုးသမီးတွေ သွေးတိုးနဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ ပြန်ဖြစ်လာတာ ရှိမရှိ သေချာစွာ စစ်ဆေးသင့်ကြောင်း၊ ကိုလက်စထရော၊ ဆီးချိုနဲ့ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အရာတွေကို စစ်ဆေးသင့်ကြောင်း ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုရှိရခြင်းရဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ အချို့အမျိုးသမီးတွေဟာ မျိုးရိုးဗီဇအရ သွေးတိုးဖြစ်လွယ်ပြီး ကိုယ်ဝန်ရှိတဲ့အချိန် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဆိုထားတာလည်း ရှိပါတယ်။ ပုံမှန်ကလေးမွေးဖွားပြီးချိန်မှတောင် ဒီအမျိုးသမီးတွေရဲ့ သွေးပေါင်ချိန်ကို စောင့်ကြည့်ပြီး လေဖြတ်နိုင်ခြေကို လျှော့ချဖို့လိုပါတယ်။

    ကနေဒါလေဖြတ်ရောဂါကွန်ဂရက်မှ တွဲဖက်ဥက္ကဌ Dr. Michael Hill က သွေးတိုးခြင်းဟာ လေဖြတ်ဖို့ ဖြစ်နိုင်ခြေအများဆုံး အချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ လေဖြတ်နိုင်ခြေကို လျှော့ချဖို့အတွက် မိမိသွေးပေါင်ချိန်ကို သိဖို့အရေးကြီးကြောင်း၊ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်သွေးတိုးခြင်းနဲ့ ပတ်သက်တဲ့ ရာဇဝင်ရှိရင် ပိုသတိထားဖို့ လိုကြောင်း ၎င်းက ပြောပါတယ်။

    နှလုံးနဲ့လေဖြတ်ခြင်းဖောင်ဒေးရှင်းမှ Ian Joiner ကလည်း အမျိုးသမီးတွေဟာ သွေးဖိအားကို သတိပြုမိဖို့ အရေးကြီးကြောင်း၊ ကိုယ်ဝန်ဆောင်စဉ်မှာ မသိမသာပြောင်းလဲဖြင်းတွေ ရှိနိုင်ကြောင်း ပြောပါတယ်။

    မိမိရဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးပြသနာနဲ့ ဖြစ်နိုင်ခြေအန္တရာယ်တွေကို ဆရာဝန်နဲ့အမြဲ ပြောဆိုတိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သွေးပေါင်ချိန်နဲ့ ပတ်သက်ပြီး အမြဲစောင့်ကြည့်စစ်ဆေးဖို့ အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement