backup og meta

အမျိုးသမီးများ လေဖြတ်ခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်မှုအသစ်များ

ယေဘုယျအားဖြင့် အမျိုးသမီးတယောက်အတွက် လေဖြတ်နိုင်ခြေ အကြောင်းရင်းများဟာ အမျိုးသားတွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် အမျိုးသမီးတဦးအတွက် ဟော်မုန်းဓါတ်များပြောင်းလဲခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း စတဲ့ကိစ္စတွေကပါ အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ ဒီတော့ အမျုးသမီးတွေအတွက် လေဖြတ်ခြင်းကို ကာကွယ်နိုင်ဖို့ သီးသန့်လမ်းညွှန်မှုအချို့ကို လိုက်နာဖို့လိုပါတယ်။

အမျိုးသမီးများမှာ လေဖြတ်ခြင်းမှ ကာကွယ်နိုင်ရေး အတွက် သိပ္ပံနည်းကျလေ့လာထားတဲ့ အကြံပြုချက်တွေရှိပါတယ်။ အရေးကြီးတဲ့အချက်တွေကတော့-

၁။ သွေးတိုးရှိတဲ့ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်းဖြစ်နိုင်ခြေလျှော့ချဖို့ Asprin ပမာဏ အနည်းငယ်နဲ့ ကယ်လ်စီယမ် ဖြည့်စွက်စာစားသုံးခြင်းဖို့ တိုက်တွန်းထားပါတယ်။

၂။ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေကို မြင့်မာေးစတာမို့ ကိုယ်ဝန်ဆောင်ကာလအလွန်မှာလည်း ဖြစ်နိုင်ခြေအကြောင်းအရာတရပ်အနေနဲ့ ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။

၃။ သွေးပေါင်ချိန်မြင့်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကုသမှုခံယူရေးအတွက် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ကုသမှုပုံစံဟာ တဦးချင်း အခြေအနေပေါ်မှာ မူတည်ပါတယ်။

၄။ အမျိုးသမီးများ ကိုယ်ဝန်တားဆေးမသောက်မီ သွေးပေါင်ချိန်ကို အရင်စစ်ဆေးသင့်ပါတယ်။ သွေးပေါင်ချိန်မြင့်တတ်ရင် ကိုယ်ဝန်တားဆေး အာနိသင်နဲ့ ပေါင်းမိရင် လေဖြတ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

၅။ ခေါင်းတခြမ်းကိုက်တဲ့ အမျီုးသမီးများ လေဖြတ်နိုင်ခြေကို လျှော့ချဖို့အတွက် ဆေးလိပ်ဖြတ်ဖို့ လိုအပ်ပါတယ်။

၆။ နှလုံးခုန်မမှန်ခြင်းဟာ လေဖြတ်ခြင်းနဲ့ ဆက်စပ်နေလို့ အသက် ၇၅နှစ်ကျော် အမျိုးသမီးများ စောစီးစွာ ရောဂါရှာဖွေပြီး ကုသမှုခံယူသင့်ပါတယ်။

လေဖြတ်နိုင်ခြေ အကြောင်းရင်းတွေဖြစ်တဲ့ စိတ်ဓါတ်ကျခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြသနာတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီးကြုံနိုင်ပါတယ်။ ဒီကိစ္စရပ်အတွက် ပိုပြီးအသေးစိတ် သိနိုင်အောင် လေ့လာမှုတွေ ထပ်မံလိုအပ်ပါတယ်။

အမျိုးသမ်းများ အနေနဲ့ အထက်ပါအကြံပြုချက်များကို မှတ်သားထားပြီး မိမိကိုယ်ကို သတိပြုနေထိုင် သင့်ပါတယ်။ ဒီလက္ခဏာတွေနဲ့ ကုသမှုတွေကို သိရှိထားခြင်းအားဖြင့် မိမိကိုယ်တိုင်အတွက်ရော တခြားသူတွေကို ကူညီဖို့အတွက်ပါ အကျိုးရှိပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

New Guidelines to Reduce Stroke Risk in Women.

https://www.goredforwomen.org/about-heart-disease/heart_disease_research-subcategory/new-guidelines-reduce-stroke-risk-women.Assessed September 11, 2016.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement