အတက်ရောဂါ အဖြစ်များတဲ့နေရာက သင့်ရဲ့အိမ်ဖြစ်ပါတယ်။ အိမ်မှာ ရေချိုးနေချိန်နှင့် ထမင်းဟင်းချက်ပြုတ်နေချိန် တက်တာဟာ အလွန်အန္တရာယ်များပါတယ်။ အတက်ရောဂါရှိတဲ့လူကို ဝိုင်းဝန်းစောင့်ရှောက်ဖို့ပြီး အိမ်ကအန္တရာယ်ရှိတဲ့ပစ္စည်းတွေ၊ နေရာတွေကိုဖယ်ဖို့က တစ်မိသားစုလုံးအတွက် အရေးကြီးပါတယ်။
သင့်အိမ်ကလူရဲ့ အတက်ရောဂါနဲ့ ရင်းနှီးဖို့ ဘေးကင်းစေဖို့ အတွက် လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။
၁. ယေဘူယျနည်းများ
- မှန်နဲ့လုပ်ထားတဲ့ စားပွဲတွေက တက်တဲ့အချိန်မှာ အန္တရယ်ရှိတဲ့အတွက် မသုံးသင့်ပါဘူး။ အဲ့ဒီအစား အစွန်းတွေက ကွေးညွတ်နေတဲ့ သစ်သားစားပွဲ သုံးသင့်ပါတယ်။
- အိမ်မှာ ကောဇောကို ပိုသုံးသင့်ပါတယ်။ ကောဇောတွေက ကျောက်ပြားတွေ တခြားမာကြောတဲ့ ကြမ်းခင်းတွေထက် ပိုပြီးစိတ်ချရပါတယ်။ နားနေခန်းနှင့် အိပ်ခန်းမှာ ကောဇောခင်းဖို့ လုပ်သင့်ပါတယ်။
- သင်ဟာ ပိုက်ခေါင်းလက်ကိုင်တွေ၊ ချွန်ထက်တဲ့ပစ္စည်းတွေ၊ ချွန်ထက်တဲ့ အစွန်းတွေကို တခုခုနဲ့ အုပ်ထားသင့်ပါတယ်။ သင်တက်တဲ့အချိန်မှာ ဒဏ်ရာရတာကို လျှော့ချပေးနိုင်ပါတယ်။
- မှန်တွေအစား မကျိုးပဲ့နိုင်တဲ့အရာတွေနဲ့ အစားထိုးပါ။
- ဘီးလှည့်ကုလားထိုင်တွေက ပြုတ်ကျနိုင်လို့ မသုံးသင့်ပါဘူး
- လျှပ်စစ်နဲ့ အိမ်သုံးပစ္စည်းတွေကို အလိုအလျောက်ပိတ်ပေးနိုင်တဲ့ ပစ္စည်းတွေကို သုံးပါ။
- တီဗွီ၊ ကွန်ပျူတာ သို့မဟုတ် တခြားပစ္စည်းတွေကို ပြုတ်မကျအောင် သေချာထားပါ။
- အတက်ရောဂါရှိတဲ့ ကလေးတွေရှိလျှင် သူတို့ကို လှေကားကနေ ပြုတ်မကျအောင် သေချာထားဖို့လိုပါတယ်။
- အပူပေးစက်ရှိလျှင် မမှောက်အောင်လုပ်ပေးပါ။
- သင်ဟာ မီးဖိုသုံးလျှင် မီးဖိုအကာ ကာထားပါ။
- အိမ်မှာအခန်းတွေစုနေလျှင် ပြုတ်မကျစေရန် ဂရုပြုပါ။
- အိမ်မှာ အလန်းတပ်ထားပြီး သင်တက်တဲ့အခါ အလန်းကို နှိပ်ပါ။ ဒါမှမဟုတ် အကူအညီတောင်းဖို့ လွယ်အောင်စီစဉ်ထားပါ။
၂. ရေချိုးခန်းတွေမှာ ဘေးကင်းရန်
- ရေချိုးခန်းတံခါးကို အပြင်ကို ပွင့်အောင် လုပ်ထားပါ။ အတွင်းကနေ မပိတ်ထားပါနဲ့။ သင်ပြုတ်ကျရင် တံခါးပွင့်အောင်လုပ်ထားပါ။
- လျှပ်စစ်ပစ္စည်းများ။ (ဥပမာ- လေမှုတ်စက်)တွေကို ရေတွေအနားမှာ (ဥပမာ- ရေပိုက်ခေါင်း၊ ဘေစင်နဲ့ ရေချိုးဇလုံ)မထားပါနဲ့။
- သင့်ရေချိုးကန်နှင့် ရေပန်းတွေကို မချောတဲ့ပစ္စည်းတွေကို သုံးပါ။
- ရေပန်းတွေ၊ ရေချိုးကန်တွေမှာ ရေတွေမခိုအောင်းဘဲ စီးနေအောင် သေချာဂရုစိုက်ပါ။
- ရေအပူပေးစက်ကို မီးမလောင်အောင်ချိန်ထားပါ
- သင်အဆင်ပြေနေကြောင်းသိဖို့ ရေချိုးနေစဉ် သီချင်းဆိုခြင်း၊ စကားပြောခြင်းပြုလုပ်ပါ။
- ရေချိုးကန်အစား ရေပန်းသုံးတာက ပိုကောင်းပါတယ်။
၃.မီးဖိုခန်းအတွင်း ဘေးကင်းဖို့
- သင့်အသုံးအဆောင်တွေကို ပလတ်စတစ်ပစ္စည်းတွေနဲ့ အစားထိုးပါ
- မီးဖိုထက်စာရင် မိုက်ခရိုဝေ့ဗ်ကို သုံးတာသင့်တော်ပါတယ်။ အစားထိုးစရာမရှိလျှင် နောက်ဘက်ကနေမီးကာကို သုံးပါ။
- ခွက်တွေကို မဖိတ်စေရန် အဖုံးဖုံးပါ။
- ဓါးကို မသုံးပဲ အသင့်ပြင်ဆင်ထားတဲ့ အစားအသောက်တွေ ၊ အသင့်လှီးထားနဲ့ အသားတွေကို သုံးပါ။
- ပူတဲ့ပစ္စည်းတွေကို သုံးရင် သယ်ယူတဲ့အစား အပူခံပစ္စည်းတွေ၊ တစ်ခန်းကနေ တစ်ခန်းကိုရွှေ့ဖို့အတွက် တွန်းလှည်းတွေကိုသုံးပါ။
ပန်းကန်ဆေးလျှင် ရာဘာလက်အိပ်ဝတ်ပါ။
Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ပေးပါ။
[embed-health-tool-bmi]