backup og meta

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ကဘာလဲ။

Pudendal အာရုံကြော ပျက်စီးခြင်းသို့မဟုတ် ထိခိုက်ခြင်းမှအစပြုတဲ့ (နာတာရှည်) တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ရောဂါအမျိုးအစားဖြစ်ပါတယ်။

pudendal အာရုံကြောက တင်ပါးဆုံမှာ အဓိကအာရုံကြော ဖြစ်ပြီး

– တင်ပါး အောက်ပိုင်း

– တင်ပါးနဲ့လိင်အင်္ဂါအကြားဧရိယာ (perineum)

– မစင်စွန့် အင်္ဂါ (rectum)

– မအင်္ဂါ , နှုတ်ခမ်းသားနဲ့ clitoris

– အမျိုးသားများတွင်ကပ်ပယ်အိတ်နှင့်လိင်တံ

စတာတွေကို အာရုံကြော ထောက်ပံ့မှုပေးပါတယ်။

Pudendal အာရုံကြော နာကျင်တာဟာ အလွန်မသက်မသာနဲ့စိတ်ပျက်စရာဖြစ်နိုင်ပေမယ့် အကူအညီပေးနိုင်သလို ကုသမှုတွေကလည်း များစွာ ရှိပါတယ်။

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန် အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာကတော့ တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ဖြစ်ပါတယ်။ အဆိုပါ pudendal အာရုံကြောကထောက်ပံ့ထားတဲ့ ဘယ်နေရာ မဆိုထိခိုက်စေနိုင်ပါတယ်။

နာကျင်မှု တွေကတော့-

မီးလောင်သလို, ကြိတ်ခွပစ်သလို, ထိုးဆွသလို သို့မဟုတ် ဆွဲဆိတ်သလို အာရုံခံစားရခြင်း

တဖြည်းဖြည်းသို့မဟုတ်ရုတ်တရက်ဖြစ်လာခြင်း ငြိမ်တဲ့အခါ တစ်ခါတစ်လေ ဆိုးရွားလာပြီး တစ်ချို့လူတွေမှာ ပြန်ကောင်းလာခြင်း

ထိုင်တဲ့အခါပိုဆိုးလာပြီး မတ်တပ်ရပ်သို့မဟုတ်လဲလျောင်းသည့်အခါနှင့် ပြန်ကောင်းလာတာ စတာတွေဖြစ်ပါတယ်။

အခြားရောဂါလက္ခဏာများပါဝင်နိင်ပါတယ်

တင်ပါးဆုံတွင်းဧရိယာမှာ အပ် ဒါမှမဟုတ် တစ်ခါသုံးဆေးထိုးအပ်နှင့် ထိုးသလို နာခြင်း

ပိုပြီး နာကျင်နေခြင်း – သင့်အနေနဲ့ အလင်းထိရုံ သို့မဟုတ်အဝတ်ဝတ်တာနဲ့ တောင် မသက်မသာဖြစ်နေခြင်း

ရောင်ရမ်းခြင်း ဒါမှမဟုတ် တင်ပါးဆုံ တွင်းမှာ တစ်ခုခုရှိနေတယ်လို့ ခံစားနေရခြင်း – ဂေါက်သီးသို့မဟုတ်တင်းနစ်ဘောလုံးနဲ့ တူ

မကြာခဏသို့မဟုတ်ရုတ်တရက်အိမ်သာသွားဖို့လိုအပ်နေခြင်း

လိင်ဆက်ဆံရာတွင် နာကျင်ခြင်း

ပြီးမြောက်ဖို့ ခက်ခဲခြင်း

အမျိုးသားတွေမှာ ထောင်မတ်နိုင်စွံမ်း ကျဆင်းခြင်း စတာတွေဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ရှိပါကချက်ချင်းသင့်ဆရာဝန်ကိုဆက်သွယ်ပါ။ နာကျင်မှု ဖြစ်ပေါ်လျှင်အကြံဉာဏ်ရှာဖို့ နှာင့်နှေးမနေပါနဲ့။ အစတည်းကကုသမှုမရှိဘူး ဆိုရင် Pudendal အာရံကြော နာတာက ပိုဆိုးနိုင်ပါတယ်။ စောစောကုသမှုက ပိုမိုထိရောက်ပါတယ်။

နာကျင်မှုကြောင့် စိတ်ဖိစီးမှုက လည်း မကုပဲထားရင် သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်သိသိသာသာသက်ရောက်မှုရှိနိုင်ပါတယ်။။

အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။

အကြောင်းရင်းများ

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

pudendal အာရုံကြော ဖိမိတာ , ပျက်စီးတာ တွေက ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်တဲ့ အကြောင်းတရားများကတော့ –

– အနီးအနားမှာရှိတဲ့ ကြွက်သားသို့မဟုတ်တစ်သျှူးများက pudendal အာရုံကြောကို ဖိထားခြင်း – တစ်ခါတစ်ရံ pudendal nerve entrapment သို့မဟုတ် alcock canal syndrome ရောဂါဟုခေါ်ပါတယ်။

– (နှစ်တွေလတွေချီပြီး ) အချိန်ကြာမြင့်စွာထိုင်ခြင်း, စက်ဘီးစီးခြင်း, မြင်းစီးခြင်း သို့မဟုတ်ဝမ်း ချုပ် ခြင်း စတာတွေက ဒီတင်ပါးဆုံတွင်းဧရိယာမှာ အသေးစားပျက်စီးဆုံးရှုံးမှုတွေ ထပ်ခါတလဲလဲ ဖြစ်ပေါ်စေနိုင်ပါတယ်။

– တင်ပါးဆုံတွင်းဧရိယာမှာ ယခင်ခွဲစိတ်ဖူးတာ ရှိခြင်း

– အရိုးကျိုးခြင်း

– ကလေးမွေးဖွားစဉ်အတွင်း pudendal အာရုံကြောပျက်စီးမှု – လအနည်းငယ်အကြာမှာ ပြန်ကောင်းနိုင်ပါတယ်။

– pudendal အာရုံကြောပေါ် အကျိတ်ဖိမိခြင်း

အချို့ကိစ္စများတွင် ဖြစ်ပွားမှု သတ်သတ်မှတ်မှတ် မရှိပါ။

ဖြစ်နိုင်ခြေများ

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက ဖြစ်စေပါတယ်။

စက်ဘီးစီးခြင်း

အထိုင်များခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်ကသင့်ရောဂါလက္ခဏာတွေအကြောင်းကိုမေးမြန်းပါလိမ့်မယ် ။ သင့်နာကျင်မှုဖြစ်ပွားတဲ အကြောင်းရင်းကိုသိရဖို့ စစ်ဆေးမှုတွေလည်း လုပ်ဆောင်ပါလိမ့်မယ်။

pudendal neuralgia(အာရုံကြော ရောင်ရမ်းနာ ) ရှိနိုင်တယ်လို့ထင်ရင် ဒါမှမဟုတ် နာကျင်မှုဖြစ်စေတဲ့အရာကိုသေချာမသိရင် နောက်ထပ်စမ်းသပ်မှုတွေ အတွက် အထူးကုတစ်ယောက်ကို ညွှန်းပေးပါလိမ့်မယ်။

ဒီစမ်းသပ်မှုတွေကတော့ –

– အင်္ဂါဇာတ်သို့မဟုတ် စအိုအိမ် စစ်ဆေးမှုတွေမှာ ဆရာဝန်က ဖိအားအနည်းငယ်သက်ရောက်တဲ့ အခါ နာကျင်မှုဖြစ်တာ ရှိမရှိကြည့်ပါလိမ့်မယ်။

– သံလိုက်ပုံရိပ် (MRI) scan – pudendal အာရုံကြော ပြသနာများကို စစ်ဆေးဖို့ နှင့်သင့်နာကျင်မှု၏အခြားဖြစ်နိုင်သောအကြောင်းရင်းများကို လေ့လာဖို့ သုံးနိုင်ပါတယ်။

– အာရုံကြောလေ့လာမှုများ – သင့် စအိုဝထဲကို သေးငယ်တဲ့ကိရိယထည့်သွင်းပြီး လျှပ်စစ်လိုင်း လွှင့်ကာ အာရုံကြောအလုပ်လုပ်ပုံကို စစ်ဆေးနိုင်ပါတယ်။

သတင်းပို့နှင့်အတူအနီးအနားမှာအာရုံကြောကိုလှုံ့ဆော်ရန်အသုံးပြုသည်

– အာရုံကြောထိုးဆေးများ – အကိုက်အခဲပျောက်ဆေးတွေ ထိုးထည့်ပြီး နာကျင်မှုသက်သာအောင်လုပ်တာဖြစ်ပါတယ်။

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

pudendal အာရုံကြောနာတာအတွက် ကုသမှုကတော့

– စက်ဘီးစီးခြင်း, ဝမ်းချုပ်ခြင်း , အထိုင်များခြင်းတွေက နာကျင်မှုကို ပိုဆိုးစေသောအရာဖြစ်တဲ့အတွက်ရှောင်ရှားသင့်ပါတယ်။ အလယ်မှာ ကွက်လပ်လေးပါတဲ့ ကူရှင်တွေနဲ့ ထိုင်တာ ဝမ်းချုပ်တာကို ကုသတာတွေ လုပ်နိုင်ပါတယ်။

နာကျင်မှု သက်သာရန်ဆေးဝါးများ -သာမန် paracetamol လို အကိုက်အခဲပျောက်ဆေးထက် အာရုံကြောနာကျင်မှုအတွက် အထူးဆေးဝါးတွေဖြစ်ပါတယ်။

Physiotherapy – သင့်ရဲ့တင်ပါးဆုံတွင်းကြမ်းပြင်ကြွက်သား (ဆီးသွားတာကို ထိန်းပေးတဲ့ ကြွက်သား) နှင့် pudendal အာရုံကြောကို ထိခိုက်စေတဲ့ ကြွက်သားတွေကို ပျော့ပျောင်းအောင် physiotherapist ကသင်ပေးနိုင်ပါတယ်။

Painkilling ထိုးဆေးများ – ထုံဆေးနှင့် Steroid လိုဆေးတွေကို လအနည်းငယ် တစ်ကြိမ်ထိုးပေးတာနဲ့ နာကျင်မှုသက်သာစေပါတယ်။

decompression surgery – တစ်ရှူ းတွေက အာရုံကြောအပေါ်ကိုဖိနေတာဆိုရင် , အာရုံကြောကနေဝေးရာကို ပြန်ထားပေးဖို့ ခွဲစိတ်မှုတွေက သင့်နာကျင်မှုကို သက်သာစေပါလိမ့်မယ်။

အာရုံကြော နှိုးဆွခြင်း – အထူး ကိရိယာလေးကို အရေပြားအောက်ထည့်ထားပြီး လျှပ်စစ်အပျော့စားတစ်ခုထုတ်လွှတ်ကာ နာကျင်မှုပို့ပေးတဲ့ သတင်းအချက်အလက်ကို နှောင့်ယှက်ပေးပြီး အနာသက်သာစေတဲ့နည်းဖြစ်ပါတယ်။

နထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

PNE နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေက PNE နဲ့ သင့်တော်ပါတယ်။

ဆီးဝမ်းသွားမှုကို ဂရုစိုက်ခြင်း : ဆီစ ဝမ်းသွားတဲ့အခါ အောင့်မထားပါနဲ့ ။ အာရုံကြောကို ပိုဆန့်သလိုဖြစ်စေပါတယ်။ ဝမ်းနှုတ်ဆေးလည်း ရှောင်ကြဉ်ပါ။ Physiotherapy လေ့ကျင့်ခန်းတွေက ကောင်းမွန်တဲ့ အလေ့အထရအောင် ကူညီပေးနိုင်ပါတယ်။

အထိုင်ဂရုစိုက်ခြင်း : perineum ( အထိုင်ရိုး အတွင်းရှိဧရိယာ) ကို မထိုင်မိအောင် ရှောင်တာဟာ အာရုံကြောကို မဖိမိအောင် ကာကွယ်ပေးပါတယ်။special coccyx-cut-out memory foam cushions ဝယ်ပြီး perineum နေရာကို ဝိတ်နဲ့မထိုင်မိအောင် ပြုပြင်နိုင်ပါတယ်။

အထိုင်လျော့တာကလည်း ကူညီပေးနိုင်ပါတယ်။ – စားပွဲမှာမတ်တပ်ရပ်တာ , laptop ကို သေတ္တာပေါ်မှာသုံးတာ ဒါမှမဟုတ် a portable desk raiser နဲ့သုံးတာတွေက သက်သာစေပါတယ်။

အာရုံကြော ထိခိုက်စေတဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများကိုရှောင်ရှားပါ။

အကြီးမားဆုံးအန္တရာယ်ကတော့ စက်ဘီးစီးတာနဲ့ မြင်းစီးတာမှာ အချိန်ဖြုန်းနေကြတာပါပဲ။ လျော့ချရမယ့် အခြားလှုပ်ရှားမှုများ ကတော့ trampoline jumping ,bench pressing နှင့်လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာတွေ ဖြစ်ပါတယ်။

Osteopathy နှင့် physiotherapy တွေက သင်နဲ့ သက်ဆိုင်တဲ့ ခဏလျော့ချထားရမယ့် လှုပ်ရှားမှုတွေကို ပြသပြီး ကူညီပေးနိုင်ပါတယ်။

သင့်ရဲ့လိင်ဘဝကို ညှိယူပါ – တစ်ချို့သူတွေမှာ လိင်ကိစ္စက နာကျင်မှုကို ပိုဆိုးစေပါတယ်။

နာကျင်မှုမဖြစ်အောင် ရှောင်ရှားနေချိန်မှာ သင့်ရဲ့လိင်မှု ဘဝကို ထိန်းသိမ်းထားဖို့ နည်းလမ်း များစွာရှိပါတယ်။ သင့်ရဲ့ဆရာဝန်က ကူညီပေးနိုင်ပါလိမ့်မယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pudendal Neuralgia Symptoms. http://www.pudendalhope.info/node/9. Accessed 5 Jun 2017
Pudendal Neuralgia. http://www.whria.com.au/for-patients/pelvic-pain/pudendal-neuralgia/. Accessed 5 Jun 2017
Pudendal nerve entrapmentpudendal nerve entrapment syndrome. https://www.dermnetnz.org/topics/pudendal-nerve-entrapment-syndrome. Accessed 5 Jun 2017
Pudendal neuralgia. http://www.nhs.uk/conditions/pudendal-neuralgia/Pages/Introduction.aspx#symptoms. Accessed 5 Jun 2017

ယခုပုံစံ

22/08/2022

Phyo Wai Yan မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Phyo Wai Yan မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement