brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အာရုံကြောထိခိုက်နာကျင်ခြင်း

သင့်အာရုံကြောစနစ်ဟာ အသက်ရှူတာကို ထိန်းချုပ်ခြင်းကစလို့ ကြွက်သားတွေကို ထိန်းချုပ်ပေးပြီး အပူအအေး အာရုံခံစားမှုအထိ ကိုယ်ခန္ဓါက ပြုလုပ်သမျှ အရာအားလုံးပါဝင်ပါတယ်။ ကိုယ်ခန္ဓါမှာ အာရုံကြော သုံးမျိုးပါဝင်ဖွဲ့စည်းထားပါတယ်။

အာရုံကြောထိခိုက်နာကျင်ခြင်း

၁။ Autonomic nerves – ဒီအာရုံကြောတွေဟာ ကိုယ်ခန္ဓါက ထိန်းချုပ်လို့မရတဲ့ (သို့) တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်လို့ရတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အစာခြေခြင်းနဲ့ အပူချိန် ထိန်းညှိပေးခြင်းတို့ ပါဝင်ပါတယ်။

၂။ Motor nerves – ဒီအာရုံကြောတွေကတော့ ဦးနှောက်နဲ့ ကျောရိုးမက သတင်းအချက်အလက်တွေကို ကြွက်သားတွေဆီကို သယ်ပို့ပေးပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။

၃။ Sensory nerves – ဒီအာရုံကြောအမျိုးအစားဟာ အရေပြားနဲ့ ကြွက်သားတွေက သတင်းအချက်အလက်တွေကို ဦးနှောက်နဲ့ ကျောရိုးမကို သက်ပို့ပေးပါတယ်။ ဒီသတင်းအချက်အလက်တွေက တစ်ဆင့် နာကျင်မှုနဲ့ အခြားခံစားမှုတွေကို ခံစားရစေပါတယ်။

အာရုံကြော နာကျင်မှု နဲ့ ပျက်စီးမှုတွေဟာ မပြင်းထန်တတ်ပါဘူး။ ဒါပေမယ့် အာရုံကြောတွေဟာ သင်လုပ်မျှအရာတွေအတွက် အရေးပါတာကြောင့် သူတို့ ပျက်စီးမှုဟာ သင့်ဘဝအရည်အသွေးကို ထိခိုက်နိုင်ပါတယ်။

အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုရဲ့ လက္ခဏာတွေက အမျိုးမျိုး ရှိတတ်ပါတယ်။ ထိခိုက်သွားတဲ့ အာရုံကြောရဲ့ တည်နေရာနဲ့ အမျိုးအစားပေါ်မူတည်ပါတယ်။ ဦးနှောက်နဲ့ ကျောရိုးမအတွင်းပိုင်းက အာရုံကြောတွေဟာလည်း ပျက်စီးတတ်ပါတယ်။ အပြင်ဘက်က ကိုယ်ခန္ဓါအစိတ်အပိုင်းတွေဆီကို သွားတဲ့ အာရုံကြောတွေဟာလည်း ပျက်စီးတတ်ပါတယ်။

Autonomic nerve ပျက်စီးမှုဟာ အောက်ပါတို့ကို ဖြစ်စေပါတယ်။

• ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးရပ်ခြင်းကြောင့် ဖြစ်တဲ့ နာကျင်မှုကို မခံစားနိုင်ခြင်း

• ချွေးအထွက် လွန်ခြင်း (သို့) ချွေးမထွက်ခြင်း

• ခေါင်းရီဝေဝေ ဖြစ်ခြင်း

• မျက်လုံး (သို့) ပါးစပ် ခြောက်ခြင်း

• ဝမ်းချုပ်ခြင်း

• ဆီးအိမ် ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း

• လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်း

Motor nerve ထိခိုက်မှုကတော့ အောက်ဖေါ်ပြပါ အချက်တွေကို ဖြစ်စေပါတယ်။

• အားနည်းခြင်း

• ကြွက်သား မလှုပ်နိုင်ခြင်း

• ကြွက်သား ဆတ်ခနဲ တုန်ခြင်း

• အကြောသေခြင်း

Sensory nerve ပျက်စီးမှုကတော့

• နာကျင်ခြင်း

• အာရုံခံစားမှု

• ထုံခြင်း

• ကျဉ်ခြင်း

• ပူလောင်ခြင်း

• Positonal awareness နဲ့ ပတ်သက်တဲ့ ပြဿနာများ ကို ဖြစ်စေပါတယ်။

အချို့အခြေအနေတွေမှာ အာရုံကြော ထိခိုက်မိခြင်းဟာ အာရုံကြော နှစ်မျိုး (သို့) သုံးမျိုးကို ထိခိုက်မိတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဥပမာ အားနည်းပြီး ပူလောင်တဲ့ ခံစားချက်မျိုး ခြေထောက်မှာ တစ်ပြိုင်နက် ပြနိုင်ပါတယ်။

အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုကို ဘာတွေက ဖြစ်စေတာလဲ။

အာရုံကြော ပျက်စီးမှုပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ရောဂါလက္ခဏာလည်း အမျိုးမျိုး ရှိပြီး သူတို့တွေဟာ ကုသမှု ပုံစံ အမျိုးမျိုးကို လိုအပ်တတ်ပါတယ်။

အမေရိကန် သန်း၂၀ လောက်ဟာ peripheral အာရုံကြော ပျက်စီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုပျက်စီးမှုမျိုးဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုအတွေ့များလာပါတယ်။ Peripheral nerve damage ဖြစ်သူ သုံးယောက်မှာ တစ်ယောက်ဟာ ဆီးချိုရောဂါကြောင့် ဖြစ်ပါတယ်။ အခြား သုံးပုံတစ်ပုံကတော့ ဘာကြောင့် ဖြစ်မှန်း မသိရှိပါဘူး။

အောက်ဖေါ်ပြပါတွေကတော့ အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုကိုဖြစ်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။

• Autoimmune disease – Autoimmune disease

အတော်များများဟာ အာရုံကြော ပျက်စီးမှုဖြစ်စေပါတယ်။

multiple sclerosis, Guillain-Barré syndrome, myasthenia gravis, lupus, and inflammatory bowel disease တို့ ပါဝင်ပါတယ်။

• ကင်ဆာ – ကင်ဆာဟာ အာရုံကြော ပျက်စီးခြင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြစ်စေပါတယ်။ အချို့ကိစ္စတွေမှာ ကင်ဆာအစုအပုံဟာ အာရုံကြောတွေကို တွန်းပစ်ပြီး ဖိခြေလိုက်ပါတယ်။ တခါတလေမှာတော့ အာရုံကြော ထိခိုက်မှုကို ဖြစ်စေတဲ့ အာဟာရပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်စေပါတယ်။ ဒါ့ပြင် ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသမှုတွေဟာ အာရုံကြောပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

• ဖိမိခြင်း၊ ထိခိုက်မိခြင်း – အာရုံကြောတွေကို ဖိမိခြင်း၊ ထိခိုက်မိခြင်းဟာ သူတို့ကို ပျက်စီးစေပါတယ်။ pinched nerves in the neck, crush injuries, and carpal tunnel syndrome တို့ ပါဝင်ပါတယ်။

• ဆီးချို – ဆီးချိုရှိတဲ့သူတွေရဲ့ တစ်ဝက်လောက်ဟာ အာရုံကြော ပျက်စီးတတ်ပြီးတော့ ရောဂါ ဆက်တိုးသွားရင် ပိုဆိုးလာတတ်ပါတယ်။ ဆီးချိုကြောင့် အာရုံကြော ပျက်စီးမှုဟာ ပြင်းထန်ပြီးတော့ အာရုံကြော သုံးမျိုးလုံးကို ထိခိုက်ပါတယ်။ Sensory nerve တွေကိုတော့ အထိခိုက်ဆုံးဖြစ်ပြီး ထုံကျဉ်ခြင်း၊ ပူလောင်ခြင်းတွေကို ဖြစ်တတ်ပါတယ်။ ဆီးချိုရှိပြီး အာရုံကြော ပျက်စီးခြင်း လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

• ဆေးဘေးထွက်ဆိုးကျိုးတွေနဲ့ အဆိပ်အတောက်များ – ကိုယ်ခန္ဓါထဲကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရှိပဲဖြစ်စေ ရောက်လာတဲ့ အရာတွေအကုန်လုံးက အာရုံကြော ပျက်စီးစေပါတယ်။ ဆေး (ကင်ဆာဆေး၊ HIVဆေး) တွေလဲ ပါဝင်ပါတယ်။ ခဲ၊ အာဆင်းနစ်၊ မာကျူရီ အစရှိတဲ့ အဆိတ်အတောက်ဖြစ်စေတဲ့ သတ္တုတွေဟာလည်း အာရုံကြော ပျက်စီးစေပါတယ်။

• Motor neuron ရောဂါများ – Motor neuron တွေဟာ ဦးနှောက်နဲ့ ကျောရိုးမထဲက အာရုံကြောတွေ ဖြစ်ပြီး ကိုယ်ခန္ဓါက ကြွက်သားတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီအာရုံကြောတွေကို ထိခိုက်မိခြင်းဟာ amyotrophic lateral sclerosis လို့ခေါ်တဲ့ ရောဂါကို ဖြစ်စေပြီးတော့ အာရုံကြော ပျက်စီးမှုကို ပိုမိုဆိုးရွားစေပါတယ်။

• အာဟာရမလုံလောက်မှုများ – ဗီတာမင် ဘီ 6 နဲ့ 12 မလုံလောက်မှုဟာ အာရုံကြော ပျက်စီးတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ အရက် အလွန်အကျွံသောက်ခြင်း၊ အစာအိမ် ခွဲစိတ်ပြီးခြင်းတွေမှာလည်း အာဟာရ မလုံလောက်မှုဖြစ်စေပြီး အာရုံကြော ထိခိုက်စေပါတယ်။

• ကူးစက်ရောဂါများ – အချို့ကူးစက်ရောဂါတွေဟာ အာရုံကြော ထိခိုက်နိုင်ပါတယ်။ Lyme disease, the herpes viruses, HIV, and hepatitis C တို့ ပါဝင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။