brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Vertigo (ချာချာလည်မူးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vertigo (ချာချာလည်မူးခြင်း) ကဘာလဲ။

တစ်ကိုယ်လုံးချာချာလည်နေခြင်း ဒါမှမဟုတ် ဘေး ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေသလိုမျိုး ခံစားရခြင်းဖြစ်ပါတယ်။ သင့်ဘေးပတ်လည်မှာရှိတဲ့အရာတွေအားလုံး လည်နေတယ်လို့ခံစားရခြင်းဖြစ်ပါတယ်။ အမျိုးမျိုးသော နေမကောင်းခြင်းတွေနှင့် အခြားကျန်းမာရေးပြဿနာတွေရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

Vertigo (ချာချာလည်မူးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

အရမ်းအဖြစ်များပါတယ်။ ယင်းကိုဖြစ်စေတဲ့ နေမကောင်းခြင်းတွေကို ကုသခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။ ဆက်လက်သိရှိလိုတဲ့အချက်တွေအတွက်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Vertigo (ချာချာလည်မူးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့

  • ချာချာလည်နေခြင်း
  • တိမ်းခြင်းစောင်းခြင်း
  • ယိမ်းထိုးလှုပ်ရမ်းခြင်း
  • ဟန်ချက်မထိနိးနိုင်ခြင်း
  • တစ်ဖက်ဖက်ကိုစောင်းသွားခြင်း
  • မအီမသာဖြစ်ခြင်း
  • မျက်ဆံအထက်ဘယ်ညာ အထိန်းအကွပ်မဲ့ မြန်မြန်ယိမ်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ချွေးထွက်ခြင်း
  • နားအူခြင်း (သို့) အကြားအာရုံဆုံးရှုံးခြင်း
  • ဒီလက္ခဏာတွေဟာ မိနစ်ပိုင်းကနေ နာရီပိုင်းအထိကြာနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Vertigo (ချာချာလည်မူးခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

    နားအလယ်ပိုင်းကိုသက်ရောက်မှုရှိတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် အဓိက ဖြစ်နိုင်ပါတယ်။

    • အနေအထားပြောင်း အမူးရောဂါ (ခေါင်းအနေအထား ပြောင်းလိုက်ခြင်းကြောင့် ချာချာလည်အောင်မူးသွားခြင်း ဖြစ်ပါတယ်။ ပုံဆောင်ခဲလေးတွေ အလယ်နားရဲ့လမ်းကြောင်းတွေမှာပိတ်ဆို့သွားပြီး အာရုံကြောတွေကိုဖိမိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်၊)
    • နားအတွင်းပိုင်းမှာရှိတဲ့ ဝင်္ကပါပုံစံလမ်းကြောင်း ယာယီရောင်ခြင်း (ဗိုင်းရပ်စ်ပိုးကြောင့် နားအတွင်းပိုင်းမှာရှိတဲ့ ဟန်ချက်ကို ထိန်းပေးတဲ့ ပစ္စည်းရောင်ခြင်း)
    • Ménière’s disease (နားအတွင်းပိုင်းအရည်ပမာဏပြောင်းလဲခြင်းကြောင့်ဖြစ်ပါတယ်။)

    အခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • ဦးခေါင်း၊လည်ပင်းထိခိုက်မိခြင်း
    • လေဖြတ်ခြင်းအကျိတ်ကဲ့သို့သော ဦးနှောက်ဆိုင်ရာပြဿနာများ
    • နားကိုထိခိုက်စေတဲ့ဆေးဝါးများ
    • ခေါင်းတစ်ခြမ်းကိုက်ခြင်း

    ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့်အကြောင်းရင်းများ

    Vertigo (ချာချာလည်မူးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    • အသက်အရွယ်(အသက်ကြီးတဲ့လူတွေ မှာပိုတွေ့ရတတ်ပါတယ်။)
    • နှလုံးအောင့်ခြင်း၊ လေဖြတ်ခင်းကဲ့သို့နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာပြဿနာများ
    • ဆီးချိုရောဂါ၊လှုပ်ရှားမှုပုံမမှန်ခြင်းရောဂါ
    • နားလုပ်ဆောင်ရည်ချို့ယွင်းခြင်း
    • အချို့ဆေးဝါးများမှီဝဲနေရခြင်း
    • နားခွဲစိတ်ဖူးခြင်း
    • စိုးရိမ်ပူပန်မှုစိတ်ဓါတ်ကျခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Vertigo (ချာချာလည်မူးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    • ဘာတွေခံစားရတယ်ဆိုတာကို ပြောပြခြင်း
    • မျက်ဆံအထက်ဘယ်ညာ အထိန်းအကွပ်မဲ့ မြန်မြန် ယိမ်းနေခြင်းရှိမရှိ စမ်းသပ်ခြင်း
    • ဗဟိုအာရုံကြောစနစ်ကြောင့်ဖြစ်သော ချာချာလည်မူးခြင်း လို့ စိုးရိမ်စရာမရှိဘူးဆိုရင် နောက်ထပ်စစ်ဆေးခြင်းတွေ လုပ်ရလေ့မရှိပါဘူး။

    ဗဟိုအာရုံကြောစနစ်ကြောင့်ဖြစ်သော ချာချာလည်မူးခြင်း ရှိနေပြီဆိုရင်တော့ ကွန်ပျူတာဓါတ်မှန် နဲ့ သံလိုက်ဓါတ်မှန်ရိုက်ဖို့လိုပါလိမ့်မယ်။

    Vertigo (ချာချာလည်မူးခြင်း) ကို ဘယ်လိုကုသပါသလဲ

    ခန္ဓါကိုယ်၏ လိုက်လျောညီထွေ ပြောင်းလဲပေးနိုင်သော စနစ်ကြောင့် အချို့လူနာတွေမှာ သိပ်မကြာခင် ပြန်သက်သာသွားတတ်ပါတယ်။ လိုအပ်မယ်ဆိုရင် ကုသခြင်းက ဘာကြောင့်ဖြစ်ရတာလဲဆိုတာအပေါ်မှာလဲ မူတည်ပါတယ်။

    • အတွင်းနားအဖွဲ့အစည်းဆိုင်ရာ ကြံ့ခိုင်အောင် ပြန်လညထူထောင်ခြင်း
    • ခန္ဓါကိုယ်လှုပ်ရှားမှုနည်းများ။ ဒီနည်းမှာ အနေအထားပြောင်းအမူးရောဂါဖြစ်နေသူတွေကို ကိုယ်ခန္ဓါလှုပ်ရှားမှုတွေ အတွက် နည်းနာတွေ သင်ပေးခြင်းဖြစ်ပါတယ်။
    • ဆေးဝါးများ (အမူးရောဂါနဲ့ဆက်နွှယ်နေတဲ့ မူးဝေခြင်း၊ ရွေ့လျားမှုကြောင့် မူးခြင်းစတာတွေကို သက်သာစေရန် ဆေးများ)
    • ပဋိဇီဝဆေးများ သို့ စတီးရွိုက်ဆေးများ (အမုူးရောဂါက ကူးစက်ပိုးတွေ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်ခဲ့မယ်ဆိုရင်)
    • ဆီးဆေး (meniere’s disease လို့ခေါ်တဲ့ အတွင်းနား အရည်စုခြင်းကြောင့်ဖြစ်တဲ့ အမူးရောဂါမှာ သုံးနိုင်ပါတယ်။)
    • ခွဲစိတ်ကုသခြင်း (ဦးနှောက်သို့လည်ပင်းကို အကျိတ်ဖြစ်ခြင်း ထိခိုက်မိခြင်းစတဲ့ ပြင်းထန်တဲ့ပြဿနာတွေကြောင့် ဖြစ်တဲ့အမူးရောဂါမှာသုံးပါတယ်။)

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ချာချာလည်မူးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ချာချာလည်မူးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ဗီတာမင်ဒီ ပုံမှန် မှီဝဲခြင်း ( အနေအထားပြောင်း အမူးရောဂါအတွက် အကူအညီပေးပါတယ်။)
    • ဂျင်းအမြစ်၊ ပဲကောသီး နဲ့ ရှမ်းနံနံစတာတွေကို အသုံးပြုခြင်း (အချို့လူတွေမှာ အမူးရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။)
    • ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ကုထုံးများ
    • အပ်စိုက်ကုထုံး( အချို့သော အမူးရောဂါအမျိုးအစားတွေ သက်သာစေနိုင်ပါတယ်။)
    • သွေးလည်ပတ်မှုကိုသက်ရောက်စေတဲ့ အရာများကိုရှောင်ခြင်း( ကဖင်း၊ ဆေးရွက်ကြီး၊ အရက်စတာတွေ)
    • အရည်များများသောက်ခြင်း
    • မရှိမဖြစ်လိုအပ်တဲ့အဆီများ( ပူစီနံ၊ ဂျင်း၊ လာဗင်ဒါ နဲ့ လော်ဗန် စတာတွေပါဝင်တဲ့အဆီများက အမူးရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။)

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Dr. K Zin Thwe
    Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Hello Sayarwon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/08/2017 ဖြစ်ပါသည်။