backup og meta

ခရီးသွားခြင်းနှင့် ခေါင်းမူးဝေခြင်း

အချို့သောသူတွေဟာ Vertigo တစ်နည်းအားဖြင့် ကားမူးခြင်း လို့ခေါ်တဲ့ မူးဝေခြင်းတွေကြောင့် ခရီးသွားဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ မူးဝေခြင်းဟာ ခရီးထွက်ခြင်းရဲ့အရသာကို အပြည့်အဝခံစားရခြင်းရဲ့ အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။ ဒါကြောင့် ယခုဖော်ပြပါ စာတမ်းဟာ မူးဝေခြင်းနှင့်ပတ်သက်တဲ့ အကြောင်း အရာအချက်အလက် အပြည့်အစုံနှင့် သာယာဖြောင့်ဖြူးတဲ့ခရီးလမ်းကို သွားနိုင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်သင့် ကြောင်း တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။

Vertigo (မူးဝေခြင်း) ဆိုတာဘာလဲ။

Vertigo ဆိုတဲ့အသုံးအနှုန်းဟာ လက်တင်ဘာသာစကားကနေ ဆင်းသက်လာပြီး ‘to turn'(လည်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ မူးဝေခြင်းကိုခံစားရပြီဆိုရင် လူတွေဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေတယ်လို့ ပြောတတ်ကြပါတယ်။ ဒီဝေဒနာဟာ နားအတွင်းပိုင်း ပြသာနာကြောင့် ဖြစ်ရတာပါ။

မူးဝေခြင်း (Vertigo) အမျိုးအစားများ

• Diziness – ဒီအမျိုးအစားဟာ တုန်ရီခြင်း၊ နောက်ကျိကျိဖြစ်ခြင်း၊ ဟန်ချက်မညီခြင်းတို့က ိုခံစားရတတ်ပါတယ်။ ချာချာလည်နေတာကိုလုံးဝမခံစားရပါ။

• Beign Paroxysmal Positional Vertigo (BPPV) – ဒီအမျိုးအစားမှာ ခံစားရတဲ့သူ ကိုယ်တိုင်ချာချာလည်ခြင်း (သို့) ဦးခေါင်းအတွင်းပိုင်း ချာချာလည် နေခြင်းကို ခံစားရပါတယ်။

• Meniere’s disease – ဒီအမျိုးအစားကတော့ နားအတွင်းပိုင်းရောဂါဖြစ်ပြီး ခံစားရတဲ့သူကိုယ်တိုင် ချာချာလည်အောင ်မူးခြင်းကို ခံစားရပါတယ်။

မူးဝေခြင်း (Vertigo) မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ

ခရီးစဉ်ကိုပြင်ဆင်နေသော အချိန်

• သင့်ရဲ့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ ခရီးမထွက်ခင်ကတည်းက မိမိခရီးစဉ်ကို လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ဖို့အတွက် သင့်ရဲ့ ဆရာဝန်သာလျှင်တိကျမှန်ကန်ပြီးလိုအပ်တဲ့ အကြံဉာဏ်နှင့် ကုသမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

• အဖော်တစ်ယောက်နှင့် အတူသွားပါ။ မူးဝေခြင်းကြောင့် အရေးပေါ်အခြေအနေဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲဘေးမှာအဖော်တစ်ယောက် ရှိနေခြင်းဟာ သင့်အတွက်အကောင်းဆုံးပါ။

• မိမိသွားမည့်နေရာမှာ လိုအပ်တဲ့ထောက်ပံ့မှုပစ္စည်းတွေ ရှိမရှိစစ်ဆေးပါ။ ဖြစ်နိုင်ရင် မိမိသွားမယ့်နေရာများ ကျန်းမာရေးဆေးပေးခန်း (သို့) ဆေးရုံဆေးခန်း (သို့) ဆေးဆိုင်အစ ရှိတဲ့ ကျန်းမာရေး အထောက်အပံ့ပေးနိုင်တဲ့ နေရာ ရှိမရှိစစ်ဆေးပါ။ ဒီလိုမှသာ အရေးပေါ်တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဘယ်လို နေရာတွေကို သွားရမယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

• ဟန်ချက်မညီသော လှုပ်ရှားမှုတွေကို ရှောင်ရှားပါ။ သွားလိုတဲ့ခရီးကို ရောက်သွားတဲ့အခါမှာ သင်ကိုမူးဝေစေတတ်တဲ့ (သို့) ဟန်ချက်မညီဖြစ်စေတဲ့ အရာဝတ္တု ပစ္စည်းတွေကို သတိထားပါ။ သင့်ရဲ့ အခန်းထဲမှာ အတားအဆီးမရှိဘဲ နေနိုင်တာ အကောင်းဆုံးပါ။ (လိုအပ်ရင် အခန်းထဲရှိ မူးဝေစေနိုင်တဲ့ ပစ္စည်းများကိုဖယ်ပေးဖို့ (သို့) နေရာရွေ့ ပေးဖို့တောင်းဆိုပါ။) ဒါ့အပြင် ဓါတ်လှေကားစီးခြင်းဟာလည်း သင့်ကိုမူးေ၀ စေနိုင်တဲ့အတွက် သတိထားပါ။

ခရီးသွားရန် အထုပ်အပိုး ပြင်ဆင်ချိန်

• လိုအပ်သောဆေးဝါးများကို ယူဆောင်သွားပါ။ ခရီးသွားနေစဉ် အကြောင်းအရင်းမရှိဘဲ သင့်ဆရာဝန်နှင့် တွေ့ဖြစ်မှာမဟုတ်ပါ။ ဒါကြောင့် ခရီးသွားနေစဉ် သင့်အတွက် လိုအပ်တဲ့ ဆေးဝါးများကို အမြဲယူဆောင်သွားပါ။

• သင့်ဆရာဝန်၏ ဆေးစာမှတ်တမ်းကို ယူဆောင်သွားပါ။ သင့်ရဲ့ရောဂါအခြေအနေကို ဖော်ပြရာမှာ သင်ရဲ့ ဆရာဝန်ရဲ့ ဆေးစာမှတ်တမ်းကို သက်ဆိုင်ရာတာဝန်ရှိ သူနှင့် ဝန်ထမ်းတွေကို ပြသတာဟာ အကောင်းဆုံးပါ။

• နေကာမျက်မှန်တပ်ဆင်ပါ။ အတားအဆီးတစ်ခုခုနှင့် ကြုံလာရင် နေကာမျက်မှန်တပ်ခြင်းဟာ မူးဝေခြင်းနှင့် မသက်မသာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

• ဖိနပ်ရွေးချယ်ခြင်းနှင့်လမ်းလျှောက်ရန် လိုအပ်သော အသုံးအဆောင်များ

ခရီးသွားစဉ် ဒေါက်မြင့် ဖိနပ်စီးမယ့်အစား အားကစားဖိနပ်စီးတာဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့အပြင် လမ်းအကြာကြီး လျှောက်ရမယ် (သို့) ကြာရှည်စွာ မတ်တပ်ရပ်ရမယ်ဆိုရင် လမ်းလျှောက်တုတ်ကို အသုံးပြုခြင်းဟာ သင့်အတွက် အထောက်အကူဖြစ်စေပါတယ်။

• ခရီးသွား အာမခံ စာရွက်စာတမ်းများ

နဂိုကတည်းက ခရီးသွားစဉ် Vertigo ခံစားဖူးသူများအတွက် အာမခံစာရွက်စာတမ်းများကို ကိုယ်နှင့် မကွာယူဆောင်ဖို့ အရေးကြီးပါတယ်။

ခရီးသွားနေစဉ်

Vertigo ဖြစ်စေမည့်လှုပ်ရှားသွားလာမှုများ ဥပမာ – ရေငုပ်ခြင်း (သို့) တောင်တက်ခြင်း ကိုရှောင်ကြဉ်ပါ။ ကားမူးခြင်း အတွက်ဆိုရင် သင့်ရထား ဘူတာရုံမှာ ခဏတာရပ်နားနေချိန်မှာ ရထားပေါ်မှ ခဏဆင်းပြီး မြေကြီးပေါ်မှာ ရပ်နိုင်အောင်ကြိုးစားပါ။ ရေလမ်းခရီးသွားစဉ် မူးဝေရင် မိုးကုပ်စက်ဝိုင်း ကိုစူးစိုက်ကြည့်နေခြင်းဟာသင့်ကိုအထောက် အကူဖြစ်စေပါတယ်။ အစားအသောက်များပြည့်အင့်စွာ စားသောက်ခြင်းကို ရှောင်ရှားပါ။ မိမိကိုယ်ကို ရေဓါတ်ပြည့်ဝအောင်နေပြီး ခရင်မ် ပါသော အစားအသောက်များနှင့် ချောကလက်ဖျော်ရည် (အပူအအေး) တို့ကို ရှောင်ကြဉ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Travelling with Vertigo.https://www.talktotim.co.uk/blog/medical/2015/03/30/travelling-vertigo/ Accessed April 15, 2017

ear, nose, & throat associates. http://www.entassociates.com/dizziness.htm/ Accessed April 15, 2017

Benign paroxysmal positional vertigo BPPV . http://www.mayoclinic.org/diseases-conditions/vertigo/basics/definition/con-20028216/ Accessed April 15, 2017

Meniere’s disease. http://www.mayoclinic.org/diseases-conditions/menieres-disease/basics/definition/con-20028251/ Accessed April 15, 2017

ယခုပုံစံ

22/08/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား

လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement