backup og meta

ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ

    ခေါင်းကိုက်တာ သက်သက်က အရေးပေါ်ကျန်းမာရေး ပြဿနာ တစ်ခု မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာဆိုပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ကောင်းကောင်း အာရုံမစိုက်နိုင်လောက်အောင် အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပါ။

    ဒီလို ခေါင်းကိုက်တဲ့အခါ အာရုံ စုစည်းဖို့ ခက်သလို လုပ်နေကျ ကိစ္စတွေကိုတောင် လုပ်ဆောင်ဖို့ ခက်ခဲတာတော့ အမှန်ပါ။ ခေါင်းကိုက်လာတဲ့အခါ ဆေးလည်း မသောက်ချင်ဘူး။ ဒါပေမယ့်လည်း ခေါင်းကိုက်တာကို မြန်မြန်လေးတော့ သက်သာသွားစေချင်တယ် ဆိုတဲ့သူလေးတွေ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ဒီဆောင်းပါးလေးထဲမှာ ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    ခေါင်းကိုက်တယ် ဆိုတာ

    ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲ၊ ကဖင်း နဲ့ အယ်လ်ကိုဟောများသွားတာ၊ ရေဓာတ်နည်းတာ၊ အစားအစာတွေ၊ အိပ်ချိန်မပြည့်ဝတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။

    ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ

    ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ

    ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ ဆိုတော့ ဒါလေးတွေ စားပေးလို့ ရပါတယ်။

    ငှက်ပျောသီး စားပါ

    ခေါင်းအရမ်းကိုက်နေပြီဆိုရင် ခေါင်းကိုက် သက်သာစေဖို့ ငှက်ပျောသီး စားပေးလို့ ရပါတယ်။ ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။

    နောက်တစ်ချက်က ငှက်ပျောသီးမှာ ရေဓာတ် ၇၄ ရာခိုင်နှုန်း ပါဝင်နေတာပါပဲ။

    ရေသောက်ပါ

    ခန္ဓာကိုယ်မှာ ရေဓာတ် လိုအပ်နေရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာရင် အမြန်ဆုံး ရေတစ်ခွက်လောက် သောက်ပေးပါ။ ရေအေးအေးလေး သောက်လိုက်တာက ကိုယ်တွင်းမှာ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးရာရောက်သလို ခေါင်းကိုက်တာကိုလည်း သက်သာစေမှာပါ။

    ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ရေဝဝ သောက်လိုက်ပါ။

    ဖရဲသီး

    ဖရဲသီးက ရေဓာတ် ကြွယ်ဝတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။ ဖရဲသီးက ရေဓာတ် ဘယ်လောက်ထိ ကြွယ်ဝလဲဆိုရင် ဖရဲသီးမှာ ရေဓာတ်က ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

    ခေါင်းကိုက်နေချိန်မှာ ဖရဲသီး စားပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ခေါင်းကိုက်တာ ကို ထိထိရောက်ရောက် သက်သာစေမှာပါ။

    အစေ့အဆန်နဲ့ အခွံမာသီး

    အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်လာပြီဆိုရင် ဖရုံစေ့၊ နေကြာစေ့တို့ကို စားပေးလို့ ရသလို အယ်လ်မွန်စေ့၊ သစ်ကြားသီးတို့ကို စားပေးလို့လည်း ရပါတယ်။

    မဂ္ဂနီဆီယမ် ကြွယ်ဝမှုက ခေါင်းကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ကော်ဖီ

    ခေါင်းအရမ်း ကိုက်လာပြီဆိုရင် ကော်ဖီ တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။ ကော်ဖီ ပူပူလေး တစ်ခွက်က စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်သလို ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

    ကော်ဖီမှာပါတဲ့ ကဖင်းက ခေါင်းကိုက် သက်သာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးမှာပါ။

    ချောကလက်

    ခေါင်းကိုက်တာ ကို သက်သာစေမယ့် နောက်ထပ် စားစရာ တစ်ခုကတော့ ချောကလက်ပါ။ ချောကလက်က စိတ်ခံစားမှုကို ကောင်းစေသလို ခေါင်းကိုက်တာ  သက်သာစေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

    ဘယ်ရီသီးတွေ

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဘယ်ရီသီးတွေ ဖြစ်ကြတဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေ ခေါင်းကိုက် သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဒိန်ချဉ်

    ဒိန်ချဉ်က ရေဓာတ် ပါဝင်သလို ကယ်လ်ဆီယမ် နဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်သလို ခေါင်းကိုက်တာ ကိုလည်း သက်သာစေနိုင်ပါတယ်။

    ကဲ ….. ခေါင်းကိုက်နေပြီဆိုရင် အခုပြောပြခဲ့တာလေးတွေကို စားပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement