Myaesthenia gravis ဆိုတာ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်တဲ့ အာရုံကြောကြွက်သား ရောဂါတစ်ခုပဲဖြစ်တယ်။ မျက်လုံး၊ မျက်နှာ၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တွေရဲ့ ကြွက်သားတွေကို အားယုတ်လျော့သွားစေတယ်။ ရောဂါစဖြစ်တဲ့ ပထမ ၃ နှစ်အတွင်းမှာ ကြွက်သားအားလျော့မှု အများဆုံးဖြစ်ပြီးတော့ အဲဒီနောက်ပိုင်းမှာတော့ ဆိုးဝါးမှုဟာ တဖြည်းဖြည်း နှေးကွေးလာပါတယ်။
လူတိုင်း ဒီရောဂါဖြစ်နိုင်ပါတယ်။ သို့သော်ငြားလည်း အမျိုးသမီးတွေမှာ အသက် ၄၀ မတိုင်ခင် အဖြစ်များပြီး အမျိုးသားတွေမှာ အသက် ၅၀ နောက်ပိုင်းမှာ အဖြစ်များတယ်။ ဖြစ်ပွားနိုင်ချေများကို လျော့ချခြင်းဖြင့်စီမံနိုင်တယ်။ အချက်လက်များကို ထပ်မံသိရှိ ဖို့ အတွက် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်တယ်။
ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ဥပမာ –
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အသက်ရှုကြပ်လာလျှင် (သို့) လက္ခဏာများ ပိုပြီး ဆိုးလာလျှင် ဆရာဝန်နှင့် ပြသ သင့်ပါသည်။ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်စေတဲ့ အကြောင်းရင်း တိတိကျကျမရှိသော်လည်း ခုခံအားစနစ်ပြန်တိုက်တဲ့ ရောဂါ လည်ပင်းနားရှိ သိုင်းမတ် အကျိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သုတေသနပြုသူတွေက ယူဆကြပါတယ်။ မျိုးရိုးဗီဇ ကြောင့်လည်း Myasethenia gravis ဖြစ်နိုင်ပါတယ်။
Myasthenia gravis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ Myaesthenia gravis မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်တွေက လက်တွေ့စမ်းသပ်မှုများ အဆုတ်၊ အာရုံကြောနဲ့ ကြွက်သားအားနည်းမှုတွေကို စစ်ဆေးခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။ ဒါ့အပြင် electromyography၊ ကြွက်သားခွန်အားစမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်းများလည်း ထပ်လုပ်နိုင်ပါတယ်။
ကုသခြင်းကြောင့် သင့်ရောဂါလက္ခဏာများကို မခံစားရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆေးညွန်းတွေမှာ Neostigmine pyridostigmine, prednisolone, azathioprine, cyclosporine or mycophenolate mofetil တို့ပါဝင်ပါတယ်။ Myaesthenia gravis ကြောင့် အသက်ရှုရခက်ခဲလာလျှင် ဆေးရုံမှာ အသက်ရှုစက်အကူအညီနဲ့ နေသင့်ပါတယ်။ တခြားကုထုံးတွေအနေနဲ့ သွေးရည်ကြည်လဲလည်ခြင်းနှင့် ရောဂါကို ခုခံတိုက်ဖျက်ပေးသည့် ဓါတ် (immunoglobulin) ဆေးသွင်းခြင်းတို့ လုပ်လို့ရပါသေးတယ်။ သွေးရည်ကြည် လဲခြင်းဆိုသည်မှာ လူ့သွေးထဲက Myesthenia ပဋ္ဋိပစ္စည်း ပါတဲ့ အရည်ကို myasthenia ပဋ္ဋိပစ္စည်း ကင်းစင်တဲ့ သွေးရည်ကြည်နဲ့ လဲလှယ်ခြင်းဖြစ်ပါတယ်။
ရောဂါကို ခုခံတိုက်ဖျက်ပေးသည့်ဓါတ် (Immunoglobulin) ဆေးသွင်းခြင်းဆိုသည်မှာသွေးကြောထဲကို အသုံးဝင်တဲ့ ခုခံတိုက်ခိုက်ပေးတဲ့ဓါတ်ပစ္စည်း(antibodies) တွေကို တိုက်ရိုက်သွင်းပေးခြင်းဖြစ်ပါတယ်။
အကယ်လို့ Myasthenia gravis ကိုဖြစ်စေတဲ့ သိုင်းမတ်အကျိတ် ရှိနေခဲ့မယ်ဆိုရင် ဆရာဝန်က thymectomy လို့ခေါ်တဲ သိုင်းမတ်ဂလင်း ကို ခွဲစိတ်ခြင်းလုပ်နိုင်ပါတယ်။ အကယ်လို့ သင့်မှာ အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြသနာတစ်ခုခုရှိနေလျှင် ဆရာဝန်က သင့်ကို မျက်မှန်တပ်ဖို့ အကြံပြုပါလိမ့်မယ်။ မျက်လုံးကြွက်သားတွေကို လဲ ခွဲစိတ်ကုသနိုင်ပါတယ်။ ထို့အပြင် လေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့်လဲ သင့်ရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါဟာ သင့်ရဲ့အသက်ရှူခြင်းဆိုင်ရာကြွက်သားတွေမှာ ပိုပြီး အထောက်အကူပြုပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Myaesthenia gravis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Myaesthenia gravis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။