backup og meta

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း)

ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။

လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာတဲ့ ဦးနှောက်အကျိတ်နဲ့ ဆိုးရွားလာတဲ့ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထိခိုက်တယ်ဆိုတာရယ်၊ ဘယ်အရာတွေက ထိခိုက်စေတယ်ဆိုတာအပေါ် မူတည်ပါတယ်။

အကြောင်းအရင်းကို သိပြီးချိန်မှာ အဓိကကုသမှုကတော့ စကားနဲ့ ဘာသာရပ်ကုထုံးပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ထားသူဟာ ဘာသာစကားစွမ်းရည်နဲ့ တဦးကိုတဦး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြန်လည်သင်ယူရပါတယ်။

ဒီဖြစ်စဉ်မှာ မိသားစုဝင်တွေကပါ ပါဝင်ကူညီရပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ကဘာလဲ။

ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။

လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာတဲ့ ဦးနှောက်အကျိတ်နဲ့ ဆိုးရွားလာတဲ့ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထိခိုက်တယ်ဆိုတာရယ်၊ ဘယ်အရာတွေက ထိခိုက်စေတယ်ဆိုတာအပေါ် မူတည်ပါတယ်။

အကြောင်းအရင်းကို သိပြီးချိန်မှာ အဓိကကုသမှုကတော့ စကားနဲ့ ဘာသာရပ်ကုထုံးပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ထားသူဟာ ဘာသာစကားစွမ်းရည်နဲ့ တဦးကိုတဦး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြန်လည်သင်ယူရပါတယ်။

ဒီဖြစ်စဉ်မှာ မိသားစုဝင်တွေကပါ ပါဝင်ကူညီရပါတယ်။

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်နိုင်ငံမှာ ဒီရောဂါခံစားနေရသူ တသန်းခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့-

  • စကားပြောခက်ခြင်း
  • သင့်တော်သော အသုံးအနှုန်းကို ရှာတွေ့ရန် ကြိုးစားရုန်းကန်ရခြင်း
  • စကားပြောရာတွင် ထူးဆန်းသော၊ မသင့်တော်သော အသုံးအနှုန်းများ သုံးစွဲခြင်း စတာတွေ ဖြစ်ပါတယ်။

တချို့ကတော့ သူတပါးပြောတာကို နားမလည်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ပင်ပန်းနေချိန်မှာ၊ လူအုပ်ထဲရောက်ချိန်၊ ဆူညံတဲ့ဝန်းကျင်ကို ရောက်နေချိန်မှာ ဖြစ်တတ်ပါတယ်။

ဒီရောဂါဟာ အတွေးအခေါ် စွမ်းရည်ကိုတော့ မထိခိုက်ပါဘူး။ ဒါပေမယ့် စာဖတ်ရာမှာ၊ စာရေးရာမှာ အခက်အခဲ ကြုံရပါတယ်။ တချို့ကတော့ နံပါတ်များ သုံးစွဲရာမှာ၊ ရိုးရှင်းလှတဲ့ တွက်ချက်မှုတွေ ပြုလုပ်ရာမှာ ခက်ခဲနေတတတ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • စကားပြောခက်ခြင်း
  • စကားနားလည်ရန်ခက်ခြင်း
  • စကားလုံးများ စဉ်းစားရာမှာ ခက်ခြင်း
  • စာရေးစာဖတ်ခက်ခြင်း

အကြောင်းရင်းများ

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အတွေ့ရအများဆုံးအကြောင်းအရင်းကတော့ လေဖြတ်လို့ ဥိးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပါတယ်။ ဦးနှောက်ထဲက သွေးကြောများ ပိတ်ဆို့ခြင်း၊ ပေါက်ပြဲခြင်းတို့ကြောင့် လေဖြတ်တတ်ပါတယ်။ ဦးနှောက်ကို သွေးရောက်ရှိမှု ပြတ်တောက်သွားရင် ဦးနှောက်ဆဲလ်များသေဆုံးပြီး ဘာသာစကားနဲ့ ပတ်သက်တဲ့နေရာတွေ ပျက်စီးသွားတတ်ပါတယ်။

ပြင်းထန်သော ဦးခေါင်းဒဏ်ရာရခြင်း၊ ဦးနှောက်အကျိတ်၊ ရောဂါပိုးဝင်ခြင်း၊ ဆုတ်ယုတ်ပျက်စီးလာခြင်း စတာတွေကြောင့် ဦးနှောက်ထိခိုက်ရင်လည်း ဒီပြသနာဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ တခြားသိမှတ်မှုဆိုင်ရာပြသနာတွေဖြစ်တဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြသနာများ၊ စိတ်ရှုပ်ထွေးမှု စတာတွေနဲ့အတူ ဖြစ်ပေါ်တတ်ပါတယ်။ မူလစကားပြောရခက်ခဲခြင်းဟာ တဖြည်းဖြည်းဆိုးလာတဲ့ ဘာသာစကားဆိုင်ရာ အခက်အခဲဖြစ်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာလို့ ဖြစ်ပါတယ်။ တခါတရံမှာ ပိုပြီးဆိုးတဲ့ အတိတ်မေ့ခြင်း ဖြစ်သွားနိုင်ပါတယ်။

တခါတရံမှာ ယာယီစကားပြောခက်ခြင်း ဖြစ်တတ်ပါတယ်။ ဒါဟာ ခေါင်းတခြမ်းကိုက်ခြင်း၊ တက်ခြင်း၊ ယာယီသွေးကြောပြတ်တောက်မှုဖြစ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ယာယီသွေးကြောပြတ်တောက်မှုဟာ နောင်မှာ လေဖြတ်မှုကို ဖြစ်နိုင်ခြေ များစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ လေဖြတ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ ဦးနှောက်အကျိတ် စတာတွေကို ကုသနေရာကနေစကားပြောခက်ခြင်းကိုလည်း ရောဂါရှာဖွေအတည်ပြုပါလိမ့်မယ်။ အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်မှုတွေပြုလုပ်ရင်း မေးခွန်းတွေ မေးပါလိမ့်မယ်။ ခိုင်းစေခြင်းတချို့ကို ပြုလုပ်ပါလိမ့်မယ်။ အရာဝတ္တုတွေရဲ့ နာမည်တွေကို မေးပါလိမ့်မယ်။ ဒီရောဂါရဲ့ ပြင်းထန်မှုကို သိနိုင်ဖို့ အထောက်အကူပြုပါတယ်။

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဦးနှောက်ထိခိုက်မှုဟာ သိပ်မပြင်းထန်ရင် ကုသမှုမလိုဘဲ ဘာသာစကားစွမ်းရည်ဟာ ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ ဘာသာစကားကိစ္စမှာ ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီး ကုသမှု ခံယူရပါတယ်။ ယခုအခါမှာ သုတေသီတွေဟာ စကားပြောကုထုံးနဲ့ တွဲဖက်ပေးဖို့ (သို့) သီးခြားကုသဖို့ ဆေးဝါးတွေကို စူးစမ်းလေ့လာနေကြပါတယ်။

ဘာသာစကား ပြန်လည်လေ့ကျင့်ယူခြင်း။

ဘာသာစကားစွမ်းရည်ပြန်လည်ကောင်းမွန်ဖို့ဟာ နှေးကွေးတတ်ပါတယ်။ လူအများစုမှာ သိသာတဲ့တိုးတက်မှုတွေ ရှိပြီး လူအနည်းငယ်ကတော့ ထိခိုက်ဒဏ်ရာမရခင် အနေအထားကို ပြန်လည်ရရှိကြပါတယ်။

ဘာသာစကားကုထုံးဟာ လူတယောက်ရဲ့ ဘာသာစကားကို တတ်နိုင်သလောက် ပြန်လည်ကောင်းမွန်စေပြီး ဆက်သွယ်ပြောဆိုနိုင်စွမ်းကို မြင့်မားလာစေပါတယ်။ ပျောက်ဆုံးသွားတဲ့ ဘာသာစကားစွမ်းရည်တွေကို ပြန်လည်ရရှိနိုင်အောင် သင်ကြားပြိး တခြားဆက်သွယ်မှု နည်းလမ်းတွေကိုပါ ပြသပေးပါတယ်။

ကုထုံး။

စောစီးစွာ စတင်ပါ။ သုတေသနအချို့အရ ဦးနှောက်ထိခိုက်မှုအပြီး သိပ်မကြာခင်မှာ စတင်တဲ့ ကုသမှုဟာ အထိရောက်ဆုံးလို့ ဆိုပါတယ်။

အုပ်စုလိုက်လုပ်ဆောင်ပါ။ အုပ်စုဖွဲ့လုပ်ဆောင်ရင်း ဒီရောဂါရှိသူများဟာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဆက်ဆံမှုစွမ်းရည်တွေ လေ့ကျင့်နိုင်ပါတယ်။

စကားပြောခြင်း၊ ဘာတွေ နားမလည်လဲ ဖော်ထုတ်ခြင်း၊ မပြောတတ်တဲ့အပိုင်းကို ပြင်ဆင်ခြင်း စတာတွေကို လေ့ကျင့်နိုင်ပါတယ်။

ကွန်ပျူတာအသုံးပြုခြင်းတွေလည်း ပါဝင်ပါတယ်။ ကွန်ပျူတာ အကူအညီနဲ့ ကုသခြင်းဟာ စကားလုံးတွေ ကြိယာတွေကို ပြန်လည်လေ့လာရာမှာ အထောက်အကူ ပေးပါတယ်။

ဆေးဝါးကုသခြင်း။

တချို့ဆေးဝါးတွေကို စကားပြောခက်ခြင်း ကုသရာမှာသုံးဖို့ လေ့လာနေကြပါတယ်။ ဦးနှောက်ကို သွေးစီးဆင်းမှုကောင်းစေတဲ့ ဆေးဝါးတွေ၊ ပျက်စီးသွားတဲ့ အာရုံကြောလျှပ်ကူးပစ္စည်းတွေကို ပြန်လည်အစားထိုးနိုင်စေမယ့် ဆေးဝါးတွေ ပါဝင်ပါတယ်။ memantine (Nemanda) နဲ့ Piracetam စတဲ့ ဆေးဝါးတွေ ပါဝင်ပါတယ်။ ပိုမိုစမ်းသပ်ဖို့ လိုအပ်ပါသေးတယ်။

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေက အထောက်အကူပြုပါတယ်။

  • ရုပ်ပုံကားချပ်တွေနဲ့ ဆိုလိုတာကို ဖော်ပြပါ။
  • ဆက်သါယ်ရာမှာ စကားလုံးတွေ၊ ရုပ်ပုံတွေကို ရေးဆွဲပြပါ။
  • စကားပြောရာမှာ ဖြေးဖြေးမှန်မှန်ပြောပါ။ လူစိမ်းတွေကို သင့်မှာ ဒီပြသနာရှိကြောင်းပြောပြဖို့ ကတ်တခုဆောင်ထားပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
An Overview of Aphasia.http://www.asha.org/public/speech/disorders/Aphasia/

http://www.webmd.com/brain/aphasia-causes-symptoms-types-treatments#2-4. Accessed August 10, 2017.

Aphasia.

http://www.mayoclinic.org/diseases-conditions/aphasia/basics/definition/con-20027061. Accessed August 10, 2017.

ယခုပုံစံ

09/01/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. Thant Zin မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement