backup og meta

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကဘာလဲ။

  • Myelodysplastic syndromes များသည် ကောင်းကောင်းဖြစ်မလာသော သို့မဟုတ် အလုပ်ကောင်းကောင်းမလုပ်နိုင်သော သွေးဆဲလ်များကြောင့် ဖြစ်ရသည့် ရောဂါအုပ်စုကြီးဖြစ်ပါသည်။ Myelodysplastic syndrome များသည် ရိုးတွင်းချဉ်ဆီတွင် ပြဿနာရှိသည့်အခါတွင် ဖြစ်ရပါသည်။ (ချဉ်ဆီသည် အရိုးအတွင်းမှ ပွယောင်းသည့်ပစ္စည်းများဖြစ်ပြီး သွေးဆဲလ်များကို ထုတ်လုပ်ပေးသည်။)
  • ထိုရောဂါသည် အပျော့စားမှ အပြင်းစားထိ ဖြစ်နိုင်ပါသည်။ ကိုယ့်၌ဖြစ်နေသည့် အမျိုးအစားပေါ်မူတည်ကာ တစ်ဦးနှင့်တစ်ဦးလည်း မတူညီပါ။ MDS အစောပိုင်းအဆင့်များတွင် လက္ခဏာလည်း လုံးဝမပြတတ်ပါ။ အတော်ကြာကာမှ မောပန်းသလို အသက်ရှုမဝသလို စခံစားရမည်ဖြစ်သည်။
  • ပင်မဆဲလ်အစားထိုးကုသခြင်းအပြင် တခြားပျောက်ကင်းနိုင်သည့် ကုထုံး မရှိပါ။ သို့သော် လက္ခဏာများအား ထိန်းချုပ်ရန်၊ နောက်ဆက်တွဲများအား ကာကွယ်ရန်၊ သက်တမ်းစေ့နေနိုင်ရန်နှင့် ဘဝအရည်အသွေးကောင်းမွန်ရန်တို့အတွက် ရွေးချယ်နိုင်မည့် ကုထုံးများစွာတော့ ရှိပါသည်။

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်ရှားပါဒ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ၆၅ နှစ်နှင့် အထက်တွင် ပိုအဖြစ်များပါသည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Myelodysplastic syndrome သည် အစောပိုင်းအဆင့်များတွင် လက္ခဏာများကို သိပ်ပြီးမပြတတ်ပါ။ Myelodysplastic syndrome ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • မောပန်းလွယ်ခြင်း
  • အသက်ရှုမဝခြင်း
  • သွေးအားနည်းခြင်းကြောင့် ဖြူဖျော့ခြင်း
  • သွေးထွက်လွယ်ခြင်း အညိုအမည်းစွဲလွယ်ခြင်း
  • ပင်အပ်ထိပ်အရွယ် အနီရောက်အစက်များ အရေပြားအောက်၌ ပေါ်လာခြင်း (petechiae)
  • မကြာခဏ ပိုးခဏခဏဝင်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့်ဆက်သွယ်သင့်သည်။

  • အသက်ရှုမဝခြင်း
  • အားနည်းခြင်း သို့မဟုတ် မောပန်းလွယ်ခြင်း
  • ပုံမှန်ထက် အသားအရေဖြူဖျော့နေခြင်း
  • သွေးထွက်လွယ် အညိုအမည်းစွဲလွယ်ခြင်း
  • Petechiae (ပင်အပ်အရွယ် အနီစက်များ အရေပြားအောက်တွင် ပေါ်ခြင်း)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကိုဘာတွေကဖြစ်စေသလဲ

  • Myelodysplastic syndrome သည် သွေးဆဲလ်များ ထုတ်လုပ်ခြင်းကို နှောက်ယှက်ခံရသည့်အခါ သို့မဟုတ် အထိန်းမဲ့သည့်အခါတွင် ဖြစ်ပွားလာပါသည်။
  • Myelodysplastic syndrome ရှိသော လူနာများတွင် ပုံမှန်ကြီးထွားရမည့်အစား မရင့်ကျက်ပဲ ပျက်စီးနေသည့်သွေးဆဲလ်များ ရှိနေပါသည်။ ၎င်းတို့သည် ချဉ်ဆီအတွင်းမှာပင် သေဆုံးကြသလို သွေးထဲသို့ရောက်ရောက်ချင်းမှာပင် သေဆုံးကြ၏။ အချိန်ကြာလာသည်နှင့် မရင့်ကျက် ပျက်စီးနေသည့်ဆဲလ်များသည် ကျန်းမာသည့်ဆဲလ်များထက် ပိုများလာပါမည်။ ထိုအခါ သွေးအားနည်းခြင်း၊ ပိုးဝင်ခြင်း၊ သွေးထွက်လွန်ခြင်းများ ဖြစ်လာနိုင်ပါသည်။

ဆရာဝန်များသည် ဖြစ်ပွားသည့်အကြောင်းပေါ် မူတည်ကာ Myelodysplastic syndrome အား နှစ်မျိုးခွဲကြ၏။

  • အကြောင်းရင်းမသိရသော Myelodysplastic syndrome – de novo Myelodysplastic syndrome ဟုခေါ်သည်။ ဘာကရောဂါဖြစ်နေစေကြောင်းကို ဆရာဝန်များ မသိရပါ။ De novo Myelodysplastic syndrome သည် အကြောင်းရင်းသိသောအမျိုးအစားထက် ကုသရပိုလွယ်ကူ၏။
  • ဓါတုပစ္စည်းများနှင့် ဓါတ်ရောင်ခြည်များကြောင့်ဖြစ်သော Myelodysplastic syndrome – ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည်နှင့် ကုသခြင်း သို့မဟုတ် ဓါတုပစ္စည်းများအား ထိတွေခြင်းတို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုအခြေအနေကို တစ်ဆင့်ခံ Myelodysplastic syndrome ဟုခေါ်၏။ တစ်ဆင့်ခံ Myelodysplastic syndrome သည် ကုသရ ပိုခက်ခဲပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Myelodysplastic syndromeဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက်ကြီးခြင်း – Myelodysplastic syndrome ရှိသော လူအများစုသည် အသက် ၆၀ နှင့်အထက်လူကြီးများ ဖြစ်ကြသည်။
  • ကင်ဆာဆေးသွင်းခြင်းနှင့် ဓါတ်ရောင်ခြည် ကုထုံး – Myelodysplastic syndrome သည် ထိုကုထုံးနှစ်မျိုးကြောင့် ဖြစ်လာနိုင်ပါသည်။ ၎င်းကုထုံးများသည် ကင်ဆာကုသရာတွင် အသုံးများ၏။
  • တစ်ချို့သော ဓါတုပစ္စည်းများနှင့် ထိတွေ့မိခြင်း – Myelodysplastic syndrome နှင့် ဆက်နွယ်သော ဓါတုပစ္စည်းများမှ ဆေးရွက်ကြီးဆေးလိပ်၊ အဖျက်ပိုးသတ်ဆေးနှင့် ဘန်ဇင်းတို့လို ဆေးရုံသုံး ဓါတုပစ္စည်းများ ဖြစ်ပါသည်။
  • သတ္တုလေးများဖြင့် ထိတွေ့ခြင်း – ခဲနှင့် ပြဒါးတို့ကဲ့သို့ သတ္တုလေးများသည် Myelodysplastic syndrome နှင့် ဆက်စပ်နေပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်၌ Myelodysplastic syndrome တစ်မျိုးမျိုးရှိမရှိ သိစေရန်အတွင် ဆရာဝန်နှင့် ရောဂါလက္ခဏာ ရာဇင်ဝင်ကို မေးမြန်းသည့်အပြင် အောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မည်။

  • သင့်လက္ခဏာများသည့် တခြားအကြောင်းရင်းများကြောင့်ဟုတ်မဟုတ် စမ်းသပ်ပါမည်။
  • သွေးနမူနာယူကာ အမျိုးမျိုးသောသွေးဆဲလ် အရေအတွက်ကို ရေတွက်ပါမည်။
  • ခွဲခြမ်းစိတ်ဖြာရန် ရိုးတွင်းချဉ်ဆီယူပါလိမ့်မည်။ ပညာရှင်မှ သင့်တင်ပဆုံရိုးသို့မဟုတ် ရင်ညွှတ်ရိုးထဲသို့ အပ်နှင့်ထိုးကာ နမူနာယူမည်ဖြစ်သည်။
  • ချဉ်ဆီမှ ဆဲလ်များအား ဗီဇစစ်ဆေးခြင်း ပြုလုပ်ပါလိမ့်မည်။

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကို ဘယ်လိုကုသပါသလဲ

ပြင်းထန်မှုနည်းသော ကုထုံး

  • ဓါတုဆေးဝါးများ – လူကီးမီယားအတွက်ပါ အသုံးပြုကြပါသည်။
  • ကိုယ်ခံအားဖိနှိပ်သောကုထုံး – ဒီကုထုံးသည် ရိုးတွင်းချဉ်ဆီအား ကိုယ်ခံအားမှ တိုက်နေခြင်းကို တားဆီးပေး၏။ နောက်ဆုံးတွင် သွေးဆဲလ်အရေအတွက် ပြန်များလာစေရန် ကူညီပေးပါသည်။
  • သွေးသွင်းခြင်း – စိတ်ချရသော ကုထုံးဖြစ်ပြီး သွေးဆဲလ်အရေအတွက်နည်းသည့် လူနများတွင် အထောက်အကူဖြစ်ပါသည်။
  • Iron chelation – သွေးခဏခဏသွင်းရပါက သင့်သွေးထဲတွင် သံဓါတ်များ ပုံနေပါလိမ့်မည်။ ဤကုထုံးသည် များနေသော သတ္တုဓါတ်များကို ချပေးပါသည်။
  • ကြီးထွားစေသော ပစ္စည်းများ – အဆိုပါ လူလုပ် ဟော်မုန်းများသည် ချဉ်ဆီများ သွေးဆဲလ်ထုတ်လုပ်စေရန် အားပေးပါသည်။

နောက်ဆုံးမှသာ ပြင်အားများသော ကုထုံးများကို လိုအပ်မည်ဖြစ်သည်။

  • ပင်ပဆဲလ်အစားထိုးခြင်း – Myelodysplastic syndrome ကို ကုသနိုင်သည့် တစ်ခုတည်းသော နည်းဖြစ်သည်။ ဆရာဝန်မှ ဓါတုဆေးသွင်းခြင်း သို့မဟုတ် ဓါတ်ရောင်ခြည်ပြခြင်းဖြင့် ချဉ်ဆီထဲမှ ဆဲလ်များကို ဖျက်စီးပစ်မည်ဖြစ်သည်။ ထို့နောက်တွင် အလှူရှင်ဆီမှ ပင်မဆဲလ်များကို အစားထိုးပါမည်။ ပင်မဆဲလ်များကို ချဉ်ဆီမှရသလို သွေးမှလဲ ရရှိနိုင်ပါသည်။ ထိုဆဲလ်များသည် သင့်ခန္ဓါကိုယ်အတွင်း၌ လိုအပ်သော သွေးဆဲလ်သစ်များကို စတင်ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
  • ထပ်ပေါင်းဓါတုဆေးသွင်းခြင်း – ဓါတုဆေးအမျိုးအစားများစွာ သွင်းရန် လိုအပ်သည့်အခါနှင့် ပြင်းအားများသော ကုထုံးကို စဉ်းစားရမည့်အခါတွင် အသုံးပြုရပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Myelodysplastic syndromeကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Myelodysplastic syndromeကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • လက်ဆေးပါ။ လက်ခဏခဏဆေးခြင်းဖြင့် ရောဂါပိုးကူးနိုင်ချေကို လျော့ချနိုင်ပါသည်။ ရေနွေး၊ ဆပ်ပြာတို့နှင့် ကျကျနနဆေးပါ။ အထူးသဖြင့် အစာမစားခင်နှင့် အစားအစာ မပြင်ဆင်ခင် ဆေးပါ။ ရေမရနိုင်သည့် နေရာများတွင် အရက်ပျံပါသော လက်သန့်ဆေးရည်များကို အမြဲဆောင်ထားပါ။
  • အစာများကို ဂရုစိုက်စားပါ။ အသားနှင့်ငါးများကို ကျက်အောင်ချက်ပါ။ အခွံမခွာပဲစားနိုင်သည့် သစ်သီးများ ဟင်းသီးဟင်းရွက်များကို ရှောင်ပါ။ အထူးသဖြင့် ဆလပ်ရွက်များ။ အခွံခွာရလျှင်လည်း မခွာခင် ရေနှင့်စင်အောင်ဆေးပါ။
  • နေမကောင်းသည့်သူများနား မကပ်ပါနှင့်။ Myelodysplastic syndrome သည် သင်၏ ကိုယ်ခံအားစနစ်ကို ထိခိုက်စေသောကြောင့် ဖျားနေသူ မိသားစုဝင်များ လုပ်ဖော်ကိုင်ဖက်များနှင့် ထိတွေဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Are Myelodysplastic Syndromes?http://www.webmd.com/cancer/lymphoma/myelodysplastic-syndrome-causes-symptoms-treatment#2. Accessed December 16, 2016
Myelodysplastic syndromes. http://www.mayoclinic.org/diseases-conditions/myelodysplastic-syndromes/basics/lifestyle-home-remedies/con-20027168. Accessed December 16, 2016
General Information About Myelodysplastic Syndromes.
http://www.webmd.com/cancer/tc/myelodysplastic-syndromes-treatment-patient-information-nci-pdq-general-information-about#2. Accessed December 16, 2016

ယခုပုံစံ

02/12/2019

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement