အဓိပ္ပါယ်ဖွင့်ဆိုချက်
Bleeding disorder (သွေးမတိတ်ရောဂါ) ကဘာလဲ။
သင့်ခန္ဓါကိုယ်ကသွေးတွေ ပုံမှန်အတိုင်း ခဲမသွားနိုင်တဲ့ အခြေအနေမျိုးကို သွေးမတိတ်ရောဂါလို့ ခေါ်ပြီး သွေးခဲခြင်းဆိုတာကတော့ သွေးရည်ဘဝကနေ သွေးခဲအဖြစ်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ကိုဆိုလိုပါတယ်။ သင်ထိခိုက်ဒါဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ထဲကနေ သွေးပမာ အမြောက်အများ ဆုံးရှုံးခြင်းကို ကာကွယ်ဖို့အတွက် သင့်သွေးတွေဟာ စတင်ပြီး ခဲပေးရပါတယ်။ ဒါပေမယ့် အကြောင်းတစုံတရာကြောင့် ပုံမှန်အတိုင်း သွေးမခဲနိုင်တဲ့အခါ ပမာဏများပြားစွာ သွေးထွက်လွန်ခြင်း၊ကြာရှည်စွာ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်လာပါတော့တယ်။ သွေးမတိတ်နိုင်ခြင်းဟာ ခန္ဓါကိုယ်ရဲ့ အပြင်ဖက်မှာရော၊အတွင်းဖက်မှာပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အချို့သော သွေးမတိတ်ရောဂါတွေကြောင့် သင့်ခန္ဓါကိုယ်ထဲက သွေးအများအပြား ဆုံးရှုံးရနိုင်ပါတယ်။ သွေးမတိတ်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်တတ်သလို ဦးနှောက်ကဲ့သို့သော အဓိကအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။