brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကဘာလဲ။

အတွေ့ရများဆုံးသွေးဆဲလ်အမျိုးအစားဖြစ်တဲ့ သွေးနီဥဆဲလ်တွေဟာ သွေးစီးကြောင်းကနေ တစ်ဆင့် တစ်ရှူးတွေဆီကိုလိုအပ်တဲ့ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ အိုမင်းသွားတဲ့ သွေးနီဥဆဲလ်တွေနေရာမှာ အသစ်တွေအစားထိုးဖို့ ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ်က အဓိက လုပ်ဆောင်ပေးပါတယ်။ သွေးနီဥဆဲလ်လောင်းလေးတွေ ရင့်ကျက်တဲ့ သွေးနီဥဆဲလ်အဖြစ် ပြောင်းလဲလာဖို့ လိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်။ ဒီအာဟာရတွေချို့တဲ့သွားချိန်မှာတော့ သွေးနီဥဆဲလ်လောင်း ဘဝနဲ့တင်ပျက်စီးသွားပါတယ်။ ရင့်ကျက်သော သွေးနီဥဆဲလ်ဖြစ်ပွားမှုနည်းသွားပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။

အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။

လက္ခဏာများ

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အတွေ့ရများတဲ့လကဏာတွေကတော့

  • မောပန်းနွမ်းနယ်ခြင်း
  • အသက်ရှူမဝခြင်း
  • မူးဝေခြင်း
  • ဖြူဖျော့ဖြစ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ခြေလက်တွေထုံကျဉ်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • ကိုယ့်ကိုယ်ကိုမထိန်းနိုင်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊မေ့လျော့ခြင်း
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ။

    ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ် လုံလုံလောက်လောက် မရရှိခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်

    • ခုခံအားစနစ်ကမောက်ကမဖြစ်ပြီး

    ကိုယ့်ဆဲလ်ကိုယ်ပြန်တိုက်ခြင်းကြောင့် အစာအိမ်က ဗီတာမင်ဘီစုပ်ယူမှု နည်းသွားစေပါတယ်။ ထို့ကြောင့်ဖြစ်တဲ့ pernicious anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါရှိနေခြင်း

    • အစာအိမ်အစိတ်အပိုင်းအချို့နဲ့ အူသိမ်နောက်ဆုံးအပိုင်း ဖြတ်ထုတ်လိုက်ရခြင်း
    • အူသိမ်တွင် ဘက်တီးရီးယား၊ ကပ်ပါးပိုးများကူးစက်နေခြင်း၊ အူသိမ်မှဂလူတန်ဓါတ်ကိုလက်မခံဓါတ်မတည့်သော celiac disease ရောဂါ၊ အစာအိမ်အူလမ်းကြောင်းနံရံရောင်ရမ်းသော Crohn ရောဂါ အစရှိသည့် အစာအိမ်နှင့် အူလမ်းကြောင်း အာဟာရစုပ်ယူမှုဆိုင်ရာ ပြဿနာများရှိခြင်း

    ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့်အကြောင်းရင်းများ

    Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

    ဖောလစ်အက်ဆစ်ဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ

    အကယ်၍ သင့်မှာအောက်ပါ အချက်များရှိနေလျှင် သင်သည်ဖောလစ်အက်ဆစ်ဓါတ်ချို့တဲ့နိုင်ချေ များပါတယ်။

    • ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ခါတိုင်းထက် ပိုမိုလိုအပ်ပါတယ် (လိုအပ်လောက် မမှီဝဲနိုင်ရင် သွေးအားနည်းနိုင်ပါတယ်။)
    • အုူလမ်းကြောင်းဆိုင်ရာပြဿနာကြောင့် ဖောလစ်အက်ဆစ်စုပ်ယူမှု အားနည်းခဲ့မယ်ဆိုရင်
    • အရက်က ဖောလစ်အက်ဆစ်စုပ်ယူမှုကို ဟန့်တားနိုင်တဲ့အတွက်ကြောင့် အရက်သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
    • ဖောလစ်အက်ဆစ်စုပ်ယူမှုကို ဟန့်တားတဲ့ အတက်ကျဆေးကဲ့သို့သော ဆေးများ မှီဝဲနေရခြင်း
    • ကင်ဆာကုသမှုခံယူနေရသူတွေ အချို့သောကင်ဆာဆေးတွေ ဖောလစ်အက်ဆစ်စုပ်ယူမှုကိုဟန့်တားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
    • အသီးအနှံ၊ ဟင်းသီးဟင်းရွက် အစားနည်းသူတွေမှာပိုဖြစ်နိုင်ပါတယ်။

    ဗီတာမင်ဘီချို့တဲ့ သွေးအားနည်းရောဂါ

    အောက်ပါအချက်များရှိလျှင် ဗီတာမင်ဘီဓါတ် ချို့တဲ့နိုင်ချေများပါတယ်။

    • ဗီတာမင်ဘီပြည့်ဝစွာပါဝင်တဲ့ အသားတွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ မစားသောက်ဘူးဆိုရင် (သတ်သတ်လွတ်စားတဲ့သူတွေမှာ တွေ့ရနိုင်ပါတယ်။)
    • အစာအိမ် ဖြတ်ထုတ်ထားတဲ့သူတွေ၊ အစာအိမ် အူလမ်းကြောင်းတစ်လျှောက် ပုံမှန်မဟုတ်ဘဲ ဘက်တီးရီးယားတွေ ပေါက်ဖွားနေခဲ့မယ်ဆိုရင်
    • ဗီတာမင်ဘီစုပ်ယူဖို့အတွက် အစာအိမ်ကထုတ်ပေးတဲ့ပရိုတိန်း ချို့တဲ့ခြင်း (ခုခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ကိုယ်ခန္ဓါကဆဲလ်တွေပြန်တိုက်မှုကြောင့် (သို့) မွေးရာပါချို့တဲ့ခြင်း)
    • Antacids၊ proton pump inhibitors (ဥပမာ – omeprazole၊ အစာအိမ်အက်ဆစ်ဓါတ်ကို ထိန်းပေးတဲ့ဆေး) နှင့် ဆီးချိုအမျိုးအစား ၂ အတွက် ဆေးသောက်နေရလျှင်
    • ဟော်မုန်းနဲ့ဆိုင်တဲ့ ကိုယ်ခံအားစနစ် ကေမောက်မဖြစ်သောရောဂါများ ။ ဥပမာဆီးချိုနဲ့ သိုင်းရွိုက်ရောဂါကဲ့သို့သော ရောဂါရှိနေသူတွေမှာ ဖြစ်နိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ။

    ရောဂါလက္ခဏာ၊ ရောဂါရာဇဝင်တွေနဲ့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေကနေ တစ်ဆင့်ရောဂါအမည်တပ်နိုင်ပါတယ်။

    ဒီလိုရောဂါမျိုးအတွက်ဆိုရင် သွေးဖောက်စစ်ဆေးခြင်းက ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကို ဘယ်လိုကုသပါသလဲ။

    ယေဘုယျအားဖြင့်တော့ ဖြည့်စွက်ဆေးတွေက်ု ထိုးဆေးအနေနဲ့ရော သောက်ဆေးပုံစံနဲ့ပါ ပေးနိုင်ပါတယ်။ ဗီတာမင်ဘီ၁၂ဖြည့်စွက်ဆေးက်ုတော့ ထိုးဆေးပုံစံနဲ့ ပထမဆုံးပေးပါတယ်။ ချို့တဲ့မှုအဆင့် အခြေအနေပေါ်မူတည်ပြီး ကုသမှုပုံစံတွေလည်း ကွဲနိင်ပါတယ်။ ဗီတာမင်ဘီ၁၂ဖြည့်စွက်ဆေးပြားကို အစာတစ်ခုနဲ့ တစ်ခုကြားသောက်ခြင်း၊ ပုံမှန်ဆေးထိုးခြင်းနဲ့ အာဟာရပြည့်ဝစွာစားဖို့ လိုပါတယ်။ ဖောလစ်ပမာဏကိုထိန်းထားနိုင်ဖို့အတွက်ေ ဖာလစ်အက်ဆစ်ဖြည့်စွက်ဆေးပြားတွေလည်း သောက်ရပါမယ်။ ကုသမှုက လေးလလောက် ကြာလေ့ရှိပါတယ်။

    လူနေမှုပုံစံပြောင်းခြင်းနှင့်အိမ်သုံးကုထုံး

    လူနေမှုပုံစံပြောင်းခြင်းနှင့်အိမ်သုံးကုထုံးတွေက ဗီတာမင်ဘီ၁၂နှင့် ဖောလစ်ဓါတ် ချို့တဲ့သွေးအားနည်းရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပေးလဲ။

    အောက်ဖော်ပြပါလူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေက သင့်အနေနှင့် ဗီတာမင်ဘီ၁၂နှင့်ဖောလစ်ဓါတ်ချို့တဲ့သွေးအားနည်းရောဂါကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့ အစာအုပ်စုစုံစုံလင်လင်စားခြင်း

    ဖောလစ်အက်ဆစ်ပြည့်ဝသောအစာများ

    • အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

    • အစေ့အဆံများ

    • ပေါင်မုန့် ၊ကွေကာ၊ ခေါက်ဆွဲဆန်ကဲ့သို့သော ကောက်ပဲသီးနှံများ

    • အသီးနှင့်အသီးဖျော်ရည်များ

    ဗီတာမင်ဘီ၁၂ ဓါတ် ပြည့်ဝသောအစာများ

    • ဥအမျိုးမျိုး

    • ကောက်နှံကဲ့သို့သော အင်အားကိုဖြစ်စေတဲ့အစာတွေ

    • နို့ထောပတ်၊ဒိန်ချဉ်

    • အနီရောင်အသား၊အခွံမာရှိ သောရေသတ္တဝါများ

    အကယ်၍သင့်မှာမေးခွန်းတွေရှိရင်သင့်အတွက်သင့်တော်တဲ့အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Dr. K Zin Thwe
    Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Hello Sayarwon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/08/2017 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။