backup og meta

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ကဘာလဲ။

သွေးကြောပြင်ပတွင် သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ သည် ကိုယ့်ဆဲလ်ကို ဖျက်ဆီးသော

ခုခံအား စနစ် autoimmune ကြောင့် ဖြစ်သည်။ ကောင်းသော သွေးနီဥများကို ဘေလုံး (spleen) မှ ဖျက်ဆီး သောကြောင့် သွေးအားနည်း လာရခြင်းဖြစ်သည်။

အခြား သွေးနီဥ ပေါက်ကွဲစေသည့် အကြောင်းများမှာ –

ကူးစက်ရောဂါ

အကျိတ်များ

ကိုယ့်ဆဲလ်ကို ဖျက်ဆီးသော ခုခံအား စနစ် (autoimmune)

ဆေး ဘေးထွက် ဆိုးကျိုး

သွေးကင်ဆာ

အကျိတ်ကင်ဆာ

သွေးကြောထဲတွင် ပေါက်ကွဲသော သွေးအားနည်းရောဂါမှာ သင့်ခန္တာကိုယ်မှ ပုံစံ ချို့ယွင်းနေသော သွေးနီဥ ထုတ်လုပ်သော ကြောင့် ဖြစ်သည်။ မျိုးရိုးလိုက် တတ်သည်။ sickle cell anemia နှင့် Thalassaemia တို့ဖြစ်သည်။

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

သွေးနီဥဖျက်ဆီးခံရသည့် သွေးအားနည်းရောဂါသည် အာဖရိကန် အမေရိကန် လူမျိုးများတွင် ပိုဖြစ်သည်။ sickle cell anemia သည် အာဖရိကန် အမေရိကန် များတွင် အဖြစ်ပိုများသောကြောင့်ဖြစ်သည်။ အသက်အရွယ် မရွေး ဖြစ်နိုင်သည်။ ဖြစ်စေသောအကြောင်းများကို လျော့ချပြီးရောဂါ ကို စီမံနိုင်သည်။

လက္ခဏာများ

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်စေသော အကြောင်းကို မူတည် ပြီး ရောဂါ လက္ခဏာများလည်း မတူကြပါ။ သို့သော်လည်း တူညီသော လက္ခဏာ အချို့ရှိသည်။

တခြားသောသွေးအားနည်းရောဂါ နှင့် အချို့လက္ခဏာများ ဆင်တူသည်။

ဆင်တူသော လက္ခဏာများမှာ

အသားအရောင် ဖြူဖျော့လာခြင်း

ပင်ပန်းလွယ်ခြင်း

ဖျားခြင်း

စိတ်ရှုပ်ထွေးခြင်း

ခေါင်းကိုက်ခြင်း

မူးဝေခြင်း

လှုပ်လှုပ် ရှားရှား မလုပ် နိုင်ခြင်း

သွေးနီဥ ဖျက်ဆီးခံရသည့် သွေးအားနည်း ရောဂါတွင် တွေ့ရသော အခြား လက္ခဏာများမှာ

ဆီးရောင် ရင့်ခြင်း

အသားအရောင်ဝါလာခြင်း ၊ မျက်လုံးများဝါလာခြင်း (အသည်းရောင် အသားဝါ)

နှလုံးတွင် အသံများ ကြားရခြင်း

နှလုံးခုန် နှုန်းမြန်ခြင်း

ဘေလုံးကြီးခြင်း

အသည်းကြီးခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

အောက်ဖော်ပြပါများမှာ သွေးကြောပြင်ပ သွေးနီဥပေါက်ကွဲစေသည့် အကြောင်းများ ဖြစ်သည်။

ဘေလုံးကြီးခြင်း

အသည်းရောင် အသားဝါ

Epstaion barr virus (အသည်းရောင် အသားဝါ ပိုးတစ်မျိုး)

အူရောင်ငန်းဖျား

Escherichia coli (အူလမ်းကြောင်းတွင်ရှိသော ပိုး)

Streptococcus

သွေးကင်ဆာ

အကျိတ်ကင်ဆာ

အကျိတ်များ

အရေပြားလေးဖက်နာ

Wiskott-Aldrich ရောဂါ(ကိုယ့်ဆဲလ်ကို

ဖျက်ဆီးသော ခုခံအား စနစ်

Autoimmune)

HELLP ရောဂါ( သွေးနီဥပေါက်ကွဲခြင်း ၊ အသည်း အင်ဇိုင်း များခြင်း ၊ )

အချို့သော ဆေးသောက်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ဆေးကြောင့်ဖြစ်သော သွေးနီဥပေါက်ကွဲသည့် သွေးအားနည်းရောဂါဟုခေါ်သည်။

ထိုသို့ဖြစ်စေသော ဆေးများမှာ

အကိုက်အခဲပျောက်ဆေး (acetaminophen ,ibuprofen)

ပိုးသတ်ဆေး ( penicillin, ampicillin, methicillin)

အတက်ပျောက်ဆေး (chlorpromazine)

Interferon alfa

ငှက်ဖျားဆေး (ကွီနင်း)

တီဘီဆေး ( rifampicin)

သွေးမှားသွင်းခြင်းက အပြင်းအထန်ဆုံး သွေးနီဥပေါက်သော သွေးအားနည်းရောဂါ ကိုဖြစ်စေသည်။ လူတိုင်းမှာ သွေးအုပ်စု အေ ၊ဘီ ၊ အေဘီ သို့မဟုတ် အို ဆိုပြီးရှိတယ် ။ သင် က သွေးမှားသွင်းမိပြီ ဆိုရင် သင့်ရဲ့ခန္တာကိုယ်ထဲကသွေးက အန်တီဘော်ဒီ (antibody) လို့ခေါ်တဲ့ ခုခံတဲ့ဆဲလ် တွေကို ထုတ်ပြီး အပြင်ကမှားသွင်းမိတဲ့သွေးတွေကိုတိုက်ခိုက်တယ်။ ရလဒ် အနေနဲ့ကတော့ သွေးနီဥ တွေအလွန်လျင်မြန် စွာဖျက်ဆီးခံရတယ်။ ထို့ကြောင့် ကျန်းမာရေး အစောင့်အရှောက် ပေးတဲ့သူတွေက သွေးမသွင်းမီ သွေးအုပ်စုသေချာ စစ်ဆေးဖို့ အရေးကြီးတယ်။

အချို့သောဖြစ်စေသည့် အကြောင်းများမှာ ယာယီသာဖြစ်သည်။ ဖြစ်နေသော အကြောင်းကိုရှာဖွေပြီး ကုသနိုင်ပါက ထိုရောဂါသည်ပျောက်ကင်းနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်၏ ဆေးကုသမှုမှတ်တမ်းများ ၊ ရောဂါလက္ခဏာများ ကို ကြည့်ပြီး ရောဂါရှာဖွေခြင်းကိုစတင်သည်။ စမ်းသပ်စစ်ဆေးမှုများပြုလုပ်သောအခါ ဆရာဝန်က သင့်၏အရေပြား အရောင် (ဖြူဖျော့ ၊ ဝါ ) ကို ကြည့်မည်။ အသည်း နှင့် ဘေလုံး ကြီးနေလားဟုသိရှိရန် ဝမ်းဗိုက် အား အသာအယာဖိကြည့်ပြီးနာကျင်မှုရှိ မရှိကြည့်မည်။

သွေးအားနည်းရောဂါ ဟု သံသယရှိလျှင် တိကျသေချာအောင် သွေးစစ်ဆေးမှုများပြုလုပ် မည်။

အောက်ပါသွေးစစ်ဆေးမှုများသည် သွေးနီဥ ပေါက်သည့် သွေးအားနည်းရောဂါ ဟု အတည်ပြုနိုင်သည်။

ဘလီရူဘင် (bilirubin) အသည်းမှဖျက်ဆီးလိုက်သော သွေးနီဥ ပမာဏ

ဟေမိုဂလိုဘင် (haemoglobin)သွေးနီဥပမာဏ

အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

Reticulocyte count ခန္တာကိုယ်မှထုတ်လုပ်သော သွေးနီဥ ပမာဏ

အကယ်လို့သင်၏ ရောဂါအခြေအနေ က သွေးကြောအတွင်း သွေးနီဥပေါက်ကွဲခြင်းလို့ သံသယရှိလျှင် သွေး၏ပုံစံ ၊အရွယ်အစား ကို အဏုကြည့်မှန်ပြောင်း နှင့်ကြည့်သည်။

အခြားစစ်ဆေးမှုတွေက ဆီးအတွင်း သွေးနီဥ ရှာဖွေခြင်းဖြစ်သည်။ အချို့သော အခြေအနေများတွင် ဆရာဝန်က ရိုးတွင်းခြင်ဆီ ဖောက်ပြီး သွေးနီဥထုတ်လုပ်နေသော ပမာဏနှင့် ပုံစံကိုစစ်ဆေးစေသည်။

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ကို ဘယ်လိုကုသပါသလဲ

သွေးသွင်းခြင်း

Immunoglobulin ပဋိဇီဝဆေးထိုးခြင်း

စတီးရိုက် ဖြင့်ကုသခြင်း

ခွဲစိတ်ကုသခြင်း

သွေးသွင်းခြင်း

သွေးသွင်းခြင်းဖြင့် သွေးနီဥပမာဏလျင်မြန်စွာများလာသည်။ ပေါက်ကွဲသွားသော သွေးနီဥများကိုလည်း အသစ်များနှင့်အစားထိုးသည်။

Immunoglobulin

ပဋိဇီဝဆေးထိုးခြင်း

သွေးပမာဏလျော့နည်းလာခြင်းက သင်၏ ခုခံအားစနစ်ကို ကျဆင်းစေသည်။ Immunoglobulin ထိုးခြင်းဖြင့် သင်၏ခုခံအားစနစ်ကိုတိုးတက်ကောင်းမွန်လာစေသည်။

စတီးရိုက်ထိုးခြင်း

သင်၏ထိုရောဂါသည် ကိုယ့်ဆဲလ်ကို

ဖျက်ဆီးသော ခုခံအား

စနစ်

Autoimmune ကြောင့်ဖြစ်လျှင် စတီးရိုက် ပေးရမည်။ ခုခံအားစနစ်မှ သွေးနီဥများ ကိုဖျက်ဆီးသော antiboby ထုတ်ခြင်းကို တားဆီးလိမ့်မည်။

ခွဲစိတ်မှု

အချို့အခြေအနေများတွင် ဘေလုံးခွဲထုတ်ရန်လိုအပ်သည်။ ဘေလုံးခွဲထုတ်ခြင်းဖြင့် သွေးနီဥများကို လျင်မြန်စွာ ဖျက်ဆီးခြင်းကိုလျော့စေသည်။ အခြားကုသမှုများကို အသုံးပြုပြီးမှသာ ပြုလုပ်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အချို့သူများတွင် လက္ခဏာများသည် မပြင်းထန်သောကြောင့် ကုသစရာမလိုဘဲပျောက်ကင်းသွားသည်။

အချို့ကတော့ ကုသမှုများကို တစ်သက်လုံး လိုအပ်သည်။ သွေးအားနည်းရောဂါ လက္ခဏာများပေါ်လာသည်နှင့် ဆရာဝန် နှင့် ပြသခြင်းဖြင့် ရေရှည်ကုသမှုတွင် ကောင်းမွန်စေသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hemolytic anemia. https://www.healthline.com/health/hemolytic-anemia. Accessed October 13, 2017
Hemolytic anemia. https://medlineplus.gov/ency/article/000571.htm. Accessed October 13, 2017

ယခုပုံစံ

04/12/2019

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement