backup og meta

အဆီပြန်တဲ့မိန်းကလေးတွေအတွက် မိတ်ကပ်လိမ်းခြယ်နည်း

အဆီပြန်တာကြောင့် ဘယ်လိုမိတ်ကပ်ပဲလိမ်းလိမ်း ကွက်ပြီး ပျက်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ တနေကုန် မိတ်ကပ်ခံမယ့် မိတ်ကပ် လိမ်းခြယ်နည်းတွေ ရှိပါတယ်။ အဆီပြန်တဲ့ မိန်းကလေးတွေမှာ အဓိက ပြဿနာတွေကတော့ ချွေးပေါက်ကျယ်ခြင်း၊ အမဲစက်ရှိခြင်းတွေပါပဲ။

အဆီပြန်တဲ့မိန်းကလေးတွေအတွက် မိတ်ကပ်လိမ်းခြယ်နည်း

အဆီပြန်တဲ့ မိန်းကလေးတွေအနေနဲ့ အဆီပြန်တာကို ထိန်းချုပ်ဖို့ဆိုရင် အဆီပြန်တာကို သက်သာစေတဲ့ Mask တွေ သုံးပေးဖို့ လိုတဲ့အပြင် အဆီပြန်တာကို သက်သာစေနိုင်တဲ့ အောက်ခံ မိတ်ကပ်လည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါမှ မိတ်ကပ်လိမ်းတဲ့အခါမှာ သိပ်သိပ်ညက်ညက်လေး ဖြစ်နေစေပြီး ကွက်ပြီးပျက်တာတွေ မဖြစ်မှာပါ။

Primer

အဆီပြန်တတ်တဲ့ မိန်းကလေးတွေ အနေနဲ့ အောက်ခံမိတ်ကပ်စပြီး မလိမ်းခင်မှာ Primer လိမ်းပေးသင့်ပါတယ်။ ဒါက အဆီပြန်ခြင်းတွေကို သက်သာစေမှာဖြစ်ပြီး မိတ်ကပ်ကြာကြာခံဖို့လည်း အထောက်အကူပြုပါတယ်။

အောက်ခံမိတ်ကပ်

အောက်ခံမိတ်ကပ်ကို အဆီပြန်တာတွေ သက်သာစေနိုင်တဲ့ အရည်ပုံစံ ရွေးချယ်ပြီး သုံးရင် အကောင်းဆုံးပါ။ ဖြစ်နိုင်ရင်တော့ ခပ်ပါးပါးလေးသာ လိမ်းပါ။ လိမ်းတဲ့အခါမှာလည်း ကွက်တာတွေ မဖြစ်စေဖို့အတွက် အဆီအများဆုံး ပြန်တတ်တဲ့ နှာခေါင်းတဝိုက်နဲ့ နဖူးတဝိုက်ကို ခပ်များများလေး လိမ်းလိုက်ပါ။ ဒါဆိုရင် တနေရာတည်း ကွက်ပြီး အဆီပြန်တာမျိုး မဖြစ်စေတော့ပါဘူး။

Concealer

Concealer ကတော့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အမဲစက်နဲ့ မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးထားဖို့ အတွက်ပါ။ T zone နေရာလေးတွေကို ပိုပြီးတော့ လိမ်းပေးပါ။ Concealer သုံးတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အမျိုးအစားကိုသာ သုံးပါ။

ပေါင်ဒါမှုန့်

ပေါင်ဒါမှုန့် သုံးတဲ့အခါမှာ loose power သုံးလို့ ရသလို ပုံမှန် ပေါင်ဒါမှုန့် သုံးလည်း ရပါတယ်။ အဓိကကတော့ အဆီပြန်တာကို ထိန်းချုပ်ပြီး ခပ်ပါးပါး ခပ်ပျော့ပျော့ အမျိုးအစား ဖြစ်ဖို့ လိုပါတယ်။

ပါးနီ

နောက်တစ်ဆင့်ကတော့ ပါးနီပါ။ ဒါကတော့ ပါးနီလိမ်းတဲ့အခါမှာ ကိုယ်နှစ်သက်တဲ့အရောင် ရွေးချယ်သုံးနိုင်ပါတယ်။ ပါးနီလိမ်းမယ်ဆိုရင်တော့ အရင်ပြုံးပြီး ပါးမို့လေးပေါ်လာတဲ့နေရာကနေ နားထင်ဘက်ကို ဆွဲပြီး လိမ်းရမှာပါ။

Eye liner

အဆီပြန်တတ်တဲ့သူတွေအဖို့တော့ eye liner ရွေးချယ်တဲ့အခါမှာ ရေစိုခံ၊ ချွေးစိုခံတဲ့ ပစ္စည်းဖြစ်ရင် ပိုပြီးတော့ ကောင်းပါတယ်။ ဒါမှ အဆီဘယ်လောက် ပြန်ပြန် မိတ်ကပ်ကွက်ပြီး ပျက်တာမျိုး မဖြစ်စေနိုင်တော့မှာပါ။

ခုဆိုရင်တော့ အဆီပြန်တဲ့မိန်းကလေးတွေအတွက် မိတ်ကပ်လိမ်းဆင့် အဆင့်ဆင့်ကို ပြောပြခဲ့ပြီး ဖြစ်တာကြောင့် အသားအရေ ထိန်းသိမ်းရင်းနဲ့ မျက်နှာမှာကွက်ပြီး အဆီပြန်တာတွေ မဖြစ်ဖို့ တစ်ဆင့်ချင်းလိမ်းဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.wikihow.com/Apply-Makeup-on-Oily-Skin

http://www.stylecraze.com/articles/7-makeup-basics-for-oily-skin/#gref

https://www.webmd.com/beauty/features/oily-skin-how-to-make-makeup-last#1

ယခုပုံစံ

12/05/2020

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ

ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ