backup og meta

ဓါတ်မတည့်မှု ရောဂါရှာဖွေခြင်း။ အရေပြားတွင် စမ်းသပ်ခြင်း

ဓါတ်မတည့်မှု ရောဂါရှာဖွေခြင်း။ အရေပြားတွင် စမ်းသပ်ခြင်း

ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ်မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဘာတွေနဲ့ ဓါတ်မတည့်သလဲဆိုတာ သိထားဖို့ပါပဲ။ အရေပြားမှာ စမ်းသပ်ခြင်းဟာ ဓါတ်မတည့်ရတဲ့ ပစ္စည်းကို သိနိုင်ဖို့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

၁။ အရေပြားမှာ စမ်းသပ်ခြင်းဆိုတာ ဘာလဲ

အရေပြားမှာ စမ်းသပ်ခြင်းဆိုတာ ဓါတ်မတည့်မှု အဖြစ်များတတ်တဲ့ အရာတွေကို စုစည်း အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဓါတ်မတည့်တဲ့ ပစ္စည်းတွေကို သင့်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဓါတ်မတည့်မှု ခံစားဖြစ်ပေါ်ပါတယ်။ ဓါတ်မတည့်တဲ့ အရာကို ထိလိုက်တဲ့အခါ၊ စားလိုက် ရှူလိုက်တဲ့အခါ ချက်ချင်းခံစားရတတ်ပါတယ်။

ဓါတ်မတည့်စေတဲ့ ပစ္စည်းကို အရေပြားမှာ ထည့်သွင်းပြီး ဘယ်လို တုံ့ပြန်သလဲ စောင့်ကြည့်ပါတယ်။ သင့်ရဲ့အရေပြားဟာ ခြင်ကိုက်သလို နီရဲယားယံ လာပါလိမ့်မယ်။ ဒါဟာ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပါတယ်။ ဓါတ်မတည့်စေမယ့် ပစ္စည်းနဲ့ ထိတွေ့တဲ့အခါ ကိုယ်ခံအားစနစ်ဟာ ခုခံပစ္စည်းတွေကို ထုတ်လွှတ်ပြီး ခုခံတွန်းလှန်ဖို့ ဓါတ်ပြုမှုတွေ ဖြစ်စေပါတယ်။ အရေပြားအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ဟာ သင်ဓါတ်မတည့်တဲ့ပစ္စည်းဟာ ဘာဖြစ်တယ်ဆိုတာ စစ်ဆေးပါလိမ့်မယ်။

၂။ အရေပြားစမ်းသပ်မှု အမျိုးအစားများ

အမျိုးအစားပေါင်းများစွာ ရှိပါတယ်။

(က) ကုတ်ခြစ်စစ်ဆေးခြင်း

ထိုးဆွစစ်ဆေးခြင်းလို့လည်း ခေါ်ပြီး အသုံးအများဆုံး စမ်းသပ်ချက်ဖြစ်ပါတယ်။ လက်ဖျံ၊ ကျောကုန်း စတာတွေမှာ ပြုလုပ်ပြီး အယ်ကိုဟောနဲ့ ဆေးကြောပါတယ်။ ပြီးရင် ဆရာဝန်ဟာ အရေပြားပေါ်ကို ဘောလ်ပင်နဲ့ အမှတ်အသား လုပ်ပါတယ်။ အဲဒီနောက်မှာ အမှတ်အသားတွေအပေါ် ဓါတ်မတည့်စေမယ့် ပစ္စည်းကိုတင်ပြီး ကုတ်စေပါတယ်။ ထိုးဖောက်မှုမပြုတာကြောင့် သွေးတော့မထွက်ပါဘူး။

(ခ) အရေပြားအတွင်းစစ်ဆေးခြင်း

အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းနဲ့ ဆင်တူပါတယ်။ ဒီနည်းမှာ ဓါတ်မတည့်စေမယ့် ပစ္စည်းကို အရေပြား အပေါ်ဆုံးလွှာထဲ ထည့်သွင်းစစ်ဆေးတာပဲ ကွာခြားပါတယ်။

(ဂ) အပြားကပ်စမ်းသပ်ခြင်း

ဒီနည်းလမ်းမှာ ဓါတ်မတည့်စေမယ့် ပစ္စည်းများကို အပြားအစ တခုခုမှာ ထည့်သွင်းပြီး အရေပြားမှာ သွားကပ်ခြင်း ဖြစ်ပါတယ်။

ဒီနည်းဟာ မိနစ်၃၀ခန့်ကြာပြီး အရေပြားရဲ့ တုံ့ပြန်ချက်ကို သိရဖို့ စောင့်ဆိုင်းရပါတယ်။ အပြားလိုက်ကပ်ပြီး စမ်းသပ်ခြင်းဟာ အချိန်ပိုမို လိုအပ်ပြီး အများအားဖြင့် ဆရာဝန်၂ယောက် ကြည့်ရှုပေးဖို့ လိုအပ်ပါတယ်။ အပြားကို အနည်းဆုံး ၄၈နာရီလောက် ကပ်ထားပေးရတာကြောင့် ဖြစ်ပါတယ်။ ဒါမှသာ နှောင့်နှေးနေတဲ့ ဓါတ်မတည့်မှုတွေ နောက်မှ ထွက်ပေါ်လာတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

၃။ အန္တရာယ်ရှိသလား

အရေပြားစမ်းသပ်ခြင်းဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။ အရေပြားမှာ ယားယံခြင်းရှိပေမယ့် ဓါတ်မတည့်ပစ္စည်းထိတွေ့မှုဟာ နည်းပါးပါတယ်။ အရေပြားစမ်းသပ်စဉ်မှာ တကိုယ်လုံး ဓါတ်တုံ့ပြန်မှု မရှိပါဘူး။ ဒါပေမယ့် သင့်မှာ ဖျားနာခြင်း၊ မူးဝေခြင်း၊ အသက်ရှူခက်ခြင်း၊ အပိန့်များထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အစာမျိုရခက်ခြင်း စတဲ့ပြသနာတွေရှိရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

စမ်းသပ်မှုပြီးတဲ့အခါ အရေပြားကနေ ဓါတ်မတည့်ပစ္စည်းတွေကို သန့်စင်ပေးပါတယ်။ ယားယံခြင်း ဆက်လက်ဖြစ်ပေါ်နေရင် သက်သာအောင် လိမ်းဆေးပေးပါလိမ့်မယ်။ ရလာဒ်အပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုနည်းလမ်းတွေ ဆောင်ရွက်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

If You Get Skin Testing for Allergies http://www.webmd.com/allergies/guide/skin-test?page=1#1 Assessed October 24, 2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement