backup og meta

မျှဝေပါ။

သင့်ကလေးများက သင့်ကို လှည့်ပတ်နေကျ နည်းလမ်းများ

ကလေးတွေဟာ ဆက်ဆံကိုင်တွယ်ရတာ ခက်ခဲပါတယ်။ အထူးသဖြင့် ဒီနေ့လို တိုးတက်မှုမြန်တဲ့ ခေတ်မှာ အမီမလိုက်နိုင်ပါဘူး။ သင့်ကလေးတွေဟာ ဒီအချက်ကို အခွင့်ကောင်းယူလာနိုင်ပါတယ်။ သင်နဲ့ သင့်ကလေးကြားက ဒီပြသနာကို ဟန်ချက်ညီစေဖို့ သင့်ကလေးက သင့်ကို လှည့်ပတ်နေတဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ဂျီတိုက်ခြင်း

ဆယ်ကျော်သက်ကလေးတွေ အများဆုံးလုပ်နေကြက ဂျီတိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ကို အလျှော့ပေးလိုက်လျောလာအောင် ထပ်တလဲလဲ တောင်းဆိုတာတွေ ပြုလုပ်နိုင်ပါတယ်။

စတေဆီကိုင်ဆာ ဆိုတဲ့ စာရေးဆရာဟာ မိဘတွေ အနေနဲ့လည်း တူညီတဲ့ တုံ့ပြန်ပုံမျိုး ရှိသင့်တယ်လို့ ဆိုပါတယ်။ မိဘတွေပြောသလို လုပ်နိုင်မှ သူတို့ လိုချင်တာကိုပေးနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တူညီတဲ့ အဖြေကို ထပ်တလဲလဲ ပေးခြင်းဟာ သူတို့ ဂျီတိုက်ခြင်းကို အားပျော့သွားစေနိုင်ပါတယ်။

လိမ်ညာခြင်း

ကလေးတွေဟာ တချို့အကြောင်းအရာတွေကို မိဘတွေသိရင် သဘောမတူမှာ စိုးပါတယ်။ ဒါကြောင့် ကလေးတွေဟာ တချို့အရာတွေကို လျှိုထားပြီး လိမ်ညာပြောဆိုတဲ့အကျင့် ရလာစေပါတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့အခါ လိမ်ညာတဲ့အကျင့်ဟာ ပိုဆိုးပြီး ပိုလည်းရှုပ်ထွေးလာပါတယ်။ သင့်ကလေးတွေ တခုခုကို သေချာစီစဉ်ပြီး အသေးစိတ်ပြောလာရင် သေချာစွာ စုံစမ်းဖို့ သတိပြုပါ။ သူတို့လိမ်ညာနေသလား စူးစမ်းပြီး လိမ်ညာတဲ့အကျင့်ဟာ လက်ခံနိုင်ဖွယ် မရှိကြောင်း အခိုင်အမာပြောပါ။

အရွဲ့တိုက်ခြင်း

ကလေးများဟာ မိဘများကို တမင်စကားခွန်းတုံ့ပြန်ပြီး စကားနားနားမထောင်ဘဲ အရွဲ့တိုက်တတ်ကြပါတယ်။ ဒါဟာ သူတို့လုပ်ချင်တာ မလုပ်ရရင် တုံ့ပြန်နေကြပုံစံ ဖြစ်ပါတယ်။ ဒီအပြုအမူဟာ လက်ခံနိုင်စရာ မရှိကြောင်း ဒီအတွက် အလျှော့ပေးစရာ မရှိကြောင်း ပြောပြပါ။ သူတို့ရဲ့ ဖုန်း၊ တီဗီ အသုံးပြုခြင်း၊ သူငယ်ချင်းများနဲ့ တွေ့ဆုံခြင်း စတာတွေကို စတင်ကန့်သတ်ပါ။

စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်ခြင်း

မိဘတွေဟာ သူတို့ကလေးတွေ နာကျင်ခံစားရမှာကို မမြင်လိုကြပါဘူး။ ဒီပျော့ကွက်ကို ကလေးတွေဟာ အခွင့်ကောင်းယူတတ်ကြပါတယ်။ စိတ်ကောက်ခြင်း၊ ဆောင့်အောင့်ခြင်း၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သယောင်ဟန်ဆောင်ပြီး မိဘတွေဟာ သနားလာအောင် လုပ်ယူတတ်ကြပါတယ်။

သံသယများဖန်တီးခြင်း

မိဘတချို့ဟာ သူတို့ကလေးတွေကို ထိန်းကျောင်းရာမှာ စိတ်မချရဘဲဘဲ စိတ်ပူနေတာကြောင့် အလုပ်ကို ကောင်းစွာ မလုပ်နိုင်ကြပါဘူး။ ဒါကိုသိတဲ့ ကလေးတွေဟာ သူတို့လိုချင်တာ မပေးရင်၊ လုပ်ချင်တာ ခွင့်မပြုရင် ဘယ်လိုမှားယွင်းကြောင်း ဆင်ခြေတွေ အများကြီး ပေးလာပါလိမ့်မယ်။ ကလေးများနဲ့ သေချာပြောဆိုပြီး သူတို့အကြောင်းပြချက်တွေကို ပြောပြခိုင်းပါ။ အလွယ်တကူ လိုက်လျောတာတော့ မလုပ်ပါနဲ့။

မိဘတွေမတည့်အောင်ကြံခြင်း

ကလေးတွေဟာ သူတို့မိဘအချင်းချင်းပါ ရန်တိုက်ပေးပြီး မိဘတွေ တယောက်နဲ့ တယောက် မတည့်ခြင်းကနေ အခွင့်ကောင်းယူတတ်ကြပါတယ်။ တယောက်ဆီကနေ ခွင့်ပြုချက်ယူပြီး တခြားတယောက်ကို ဘာမှမပြောတာ လုပ်တတ်ပါတယ်။ ဒါဟာ မိဘတွေကြားမှာ ပဋိပက္ခ ဖြစ်စေတတ်ပါတယ်။ ဒီကိစ္စမျိုးအတွက် သင်နဲ့ သင့်အိမ်ထောင်ဖက်ကြား ကြိုတင်ဆွေးနွေး ထားရပါမယ်။ သူတို့ တခုခုလိုလာရင် မိဘတွေ အချင်းချင်း ပြောဆိုတိုင်ပင်ပြိးချိန်အထိ စောင့်ဆိုင်းခိုင်းပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

– 6 Ways Your Teen Is Playing You. http://www.webmd.com/parenting/guide/6-ways-your-teen-manipulates-you#4 Accessed April 6, 2017
– 6 ways you are being one-upped by your kid. https://familyshare.com/22984/WebSafety-6-ways-you-are-being-one-upped-by-your-kid/ Accessed April 6, 2017

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement