backup og meta

ကလေးများနှင့် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 23/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများနှင့် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် ကလေး များတွင် တစ်ခါတစ်ရံ ဖြစ်ပွားနိုင်သည်။ ကလေးသည် ည အလယ်တွင် သူတို့၏ လှုပ်ရှားမှုများကို စိတ်ဖြင့်ထိန်းချုပ်ခြင်း မရှိဘဲ ထပြီးလမ်းလျှောက်သည်။ ၎င်းကို အသက် ၄နှစ်မှ ၈နှစ် အရွယ်ကလေးများတွင် တွေ့ရတတ်သည်။ ကလေးအများစု တွင် ကြီးလာသောအခါ မတွေ့ရတော့ပါ။ အပြုအမူများသည် များသောအားဖြင့် အန္တရာယ်မဖြစ်စေပါ။ သို့သော်လည်း ကလေးများသည် လမ်းထလျှောက်နေစဉ် သူတို့ကို သူတို့ မထိန်းသိမ်းနိုင်ဖြစ်ပြီး ဒဏ်ရာများ ရနိုင်သောကြောင့် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် အန္တရာယ်ရှိပါ သည်။

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို ဘာတွေက ဖြစ်စေ သလဲ။

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို အဓိကဖြစ်စေသော အကြောင်းရင်းများမှာ

    • အိပ်ရေးပျက်ခြင်း
    • အိပ်စက်မှု ပုံမှန်မရှိခြင်း
    • စိတ်ဖိစီးမှု
    • မရင်းနှီးသော ပတ်ဝန်းကျင်တွင် အိပ်စက်ခြင်း
    • ဖျားနာခြင်း
    • စိတ်ငြိမ်ဆေးများ၊ အားတိုးဆေးများ နှင့် antihistamines စသော အချို့ဆေးဝါးများ
    • မျိုးဗီဇ အချက်များ

    အန္တရာယ် မဖြစ်စေနိုင်သော်လည်း အိပ်ပျော်နေစဉ် လမ်းထ လျှောက်ခြင်းသည် အောက်ဖော်ပြပါ ရောဂါများ၏ သတိပေး သော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။

    • အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း
    • နှစ်ခြိုက်စွာ အိပ်ပျော်စဉ်တွင် သိသာထင်ရှားသော အိပ်မက်ဆိုးများ မက်ခြင်း
    • ဦးခေါင်း ဒဏ်ရာများ
    • ခေါင်းတစ်ခြမ်းကိုက်ခြင်း
    • Restless leg syndrome (RLS)

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း၏ လက္ခဏာများ

    စိတ်ဖြင့်မသိဘဲ လမ်းလျှောက်ခြင်းသည် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း၏ အဖြစ်အများဆုံး လက္ခဏာဖြစ်သည်။ သို့သော်လည်း အခြားဆက်စပ်သော လက္ခဏာများရှိသည်။ ၎င်းတို့မှာ

    • အိပ်ယာပေါ်တွင် ထိုင်ခြင်း၊ ထပ်ခါထပ်ခါ လှုပ်ရှားခြင်း
    • အိပ်ပျော်နေစဉ် မပီမသ ညည်းခြင်း၊ စကားပြောခြင်း
    • အပြင်လောကကို တုံ့ပြန်မှု မရှိခြင်း
    • အိမ်တွင် ရိုးရှင်းသော အလုပ်များလုပ်ခြင်း ဥပမာ- စားပွဲကို ရှင်းလင်းခြင်း၊ အင်္ကျီဝတ်ခြင်း
    • ကိုးရိုးကားယား လှုပ်ရှားမှုများ
    • မသင့်လျော်သောနေရာများတွင် ဆီးသွားခြင်း

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း ဟုတ်မဟုတ် ဘယ်လို အဖြေရှာအတည်ပြုမလဲ။

    များသောအားဖြင့် ဆရာဝန်များက အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို ကလေး၏ အပြုအမူများအား မိသားစုဝင်များမှ ဖော်ပြခြင်း အပေါ်မူတည်ပြီး အတည်ပြု နိုင်သည်။ အများစုမှာ ကုသခြင်း မလိုအပ်ပါ။ သို့သော်လည်း သူတို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် အခြား စစ်ဆေးမှုများ ဆောင်ရွက်သင့်သည်။

    ကလေး၏ လမ်းထလျှောက်ခြင်းသည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း သို့မဟုတ် ကြောက်လန့်ပြီး အိပ်မပျော်ခြင်း စသော အခြေအနေများကြောင့် ဖြစ်ပါက အိပ်စက်မှုလေ့လာ ခြင်းကို စီစဉ်နိုင်သည်။ ကလေးသည် အိပ်စက်မှု ဓါတ်ခွဲခန်း တွင် တစ်ညအိပ်ရမည်။ သူတို့၏ နှလုံးခုန်နှုန်း၊ ဦးနှောက်လှိုင်း များ၊ အသက်ရှူနှုန်း၊ ကြွက်သား တင်းမာခြင်း၊ မျက်လုံးနှင့် ခြေထောက် လှုပ်ရှားမှု၊ သွေးတွင်း အောက်စီဂျင် ပမာဏတို့ကို တိုင်းတာရန် လျှပ်ခေါင်းအမျိုးမျိုးကို ခန္ဓါကိုယ် နေရာအနှံ့တွင် တပ်ဆင်သည်။ ကလေးအိပ်စက်ခြင်းကို ရိုက်ကူးရန် ကင်မရာ တစ်လုံး ရှိသည်။

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် ပြဿနာ များ ဖြစ်စေပါက ဆရာဝန်သည် အချိန်စီစဉ်ပြီး နှိုးခြင်းဟု ခေါ်သော နည်းလမ်းတစ်ခုကို ဆောင်ရွက်လိမ့်မည်။ လမ်းထ လျှောက်ခြင်း ဖြစ်လေ့ရှိသော အချိန်ကို သိရန် ကလေးကို ညအနည်းငယ်တွင် စောင့်ကြည့်သည်။ ထို့နောက် ဆရာဝန် သည် ၁၅မိနစ် မတိုင်မီတွင် ကလေးကို နှိုးပြီး ကလေး၏ အိပ်စက်မှု စက်ဝန်းကို ပြန်စစေသည်။ ထိုနည်းဖြင့် လမ်းထ လျှောက်ခြင်း အပြုအမူကို ထိန်းချုပ်သည်။

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် ကလေးအား အန္တရာယ်ဖြစ်စေပါက သို့မဟုတ် အလွန်အမင်း မောပန်း နွမ်းနယ်ခြင်းကို ဖြစ်စေပါက benzodiazepines သို့မဟုတ် စိတ်ကျပျောက်ဆေး စသောဆေးများ ပေးနိုင်သည်။

    အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းအတွက် အကောင်းဆုံး ကုသမှုက ဘာလဲ။

    သင့်ကလေး လမ်းထလျှောက်နေစဉ်တွင် ရုတ်တရက် မနှိုးပါနှင့်။ ၎င်းသည် အခြေအနေကို ပိုဆိုးစေသည်။ ကလေး ကို အိပ်ယာပေါ်သို့ ညင်သာစွာ ပြန်လိုက်ပို့ပါ။ ကလေး ဘေးကင်းစေရန် မိဘများမှ အိမ်တွင် လုပ်ဆောင်သင့်သော အရာများမှာ-

  • ညဘက်တွင် တံခါးနှင့် ပြတင်းပေါက် အားလုံးကို ပိတ်ပြီး သော့ပိတ်ထားပါ။
  • ချွန်ထက်သော အရာများကို ဖယ်ရှားပါ။
  • ကလေးကို ကွပ်ပြစ်ခုတင်ပေါ်တွင် မအိပ်ခိုင်းပါနှင့်။
  • တံခါးနှင့် ပြတင်းပေါက်များတွင် အချက်ပြ ခေါင်းလောင်း တင်ဆင်ပါ။ သော့ ခလုတ်ကို သင့် ကလေး မမှီသောနေရာတွင် တပ်ဆင်ပါ။
  • လှေကားနှင့် တံခါးပေါက်ဝ ရှေ့တွင် အကာအကွယ် တံခါး တပ်ဆင်ပါ။
  • ရေနွေး အပူပေးစက်တွင် အပူချိန်ချထားပါ။
  • သော့ကို ကလေးမမှီသော နေရာတွင်ထားပါ။
  • Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 23/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement