မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးခြင်း ဆိုတာဟာ အသက် ၄၀ မပြည့်ခင်ကတည်းက သားဥအိမ်ရဲ့ ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ပျက်စီးသွားတာ၊ မလုပ်ဆောင်နိုင်တော့တာ ကိုဆိုလိုပါတယ်။ သားဥအိမ်တွေပျက်စီးသွားတဲ့အခါ ပုံမှန်အတိုင်း အီစထရိုဂျင် ဟော်မုန်း မထုတ်နိုင်တော့တဲ့ အပြင် သားဥလေးတွေကို လည်း ပုံမှန်မထုတ်ပေးနိုင်တော့ ပါဘူး။ အဲဒီအတွက်ကြောင့် မျိုးမအောင်ခြင်း ဆိုတာ ဖြစ်လာရပါတယ်။
ဒီလို ဖြစ်တဲ့ အခြေအနေက ရှားပါးပါတယ်။ အသက် ၄၀အောက် အမျိုးသမီး အယောက် ၁၀၀ မှာ ၁ယောက်လောက်သာ ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါ ကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် အချက်အလက်တွေ အတွက် ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေး နိုင်ပါတယ်။
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးခြင်းရဲ့ အဖြစ်များတဲ့ရောဂါ လက္ခဏာတွေကတော့
အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။
တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။
ဒီအခြေအနေကို ဘာတွေက ဖြစ်စေနိုင်သလဲ ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် တစ်ချို့သော အမျိုးသမီးတွေမှာ မျိုးရိုးဗီဇ (သို့) ခန္ဓါကိုယ်အတွင်းရှိ ခုခံအားစနစ် နဲ့ပတ်သတ်တဲ့ ပြသနာတွေက ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ခုခံအားစနစ် ချို့ယွင်းနေတာကြောင့်ဆိုရင်တော့ ခန္ဓါကိုယ်က သားဥအိမ်ကဲ့သို့သော မိမိကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်နေတာကြောင့်ဖြစ်လာရတာပါ။
အချိန်မတိုင်ခင်မှာ သားဥအိမ်ကို ပျက်စီးစေနိုင်ဖို့ အားပေးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။
မိသားစု နောက်ခံ။ မိသားစုထဲမှာ အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးတဲ့ရောဂါ ရှိဖူးတယ်ဆိုရင် သင့်အတွက်လည်း ဒီလို ဖြစ်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်က သင့် ခန္ဓါကိုယ်ကို စစ်ဆေးချက်တွေလုပ်ဆောင်ပေးပြီး သင့်ကျန်းမာရေး၊ ရာသီလာ၊သွေးဆင်းတဲ့ အချိန်၊ နဲ့ သင့်သားဥအိမ် နဲ့ သားဥလေးတွေကို တိုက်ရိုက်ထိခိုက်ပျက်စီးစေနိုင်မယ့် ကင်ဆာကုထုံး၊ဓါတ်ရောင်ခြည်ကုထုံး စတဲ့ အဆိပ်အတောင့် ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မှု ရှိ၊မရှိ စတဲ့အချက်တွေနဲ့ ပတ်သတ်ပြီးမေးမြန်းနိုင်ပါတယ်။ ဆရာဝန်က သင့်ကို ကိုယ်ဝန်စစ်ဆေးချက်၊ FSH စစ်ဆေးချက်၊ estradiol စစ်ဆေးချက်၊ prolactin စစ်ဆေးချက်၊ karyotype နဲ့ FMR1 ဗီဇ စစ်ဆေးချက်တွေကို လည်းလုပ်ဆောင်ဖို့ အကြံပေးနိုင်ပါတယ်။
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးသွားခြင်းကို ကုသတဲ့အခါမှာ အီစထရိုဂျင် ဟော်မုန်းလျော့နည်းသွားလို့ဖြစ်တဲ့ ပြသနာတွေအပေါ်မှာ အာရုံစိုက်ကုသလေ့ရှိပါတယ်။ ဆရာဝန်က အောက်ပါကုသနည်းတွေ လုပ်ဆောင်နိုင်ပါတယ်။
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးသွားခြင်း ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးသွားခြင်း ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေကို ဆက်လက်ဖော်ပြပါမယ်။
(သို့) မွေးစားခြင်း စတဲ့ ကလေးရနိုင်မယ့်နည်းလမ်းတွေကို ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းနိုင်ပါတယ်။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။