brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ……. အမျိုးသမီးတွေရဲ့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းဟာ မှားယွင်းတဲ့ ဘရာ အရွယ်အစားတွေ ဝတ်ဆင်နေကြပါတယ်။ ပိန်ခြင်း ဝခြင်း ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ခုချိန်မှာ မှန်ကန်တဲ့ အရွယ်အစားကို ဝတ်နေရင်တောင် နောင်မှာ ပြောင်းဖို့ လိုကောင်းလိုလာပါလိမ့်မယ်။

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ

ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ဆိုတာ အတူတူ လေ့လာလိုက်ရအောင်နော်။

  • တိုင်းတာသင့်ပါသလား
  • သင့်ရဲ့ ဘရာအရွယ်အစားကို တိုင်းဖို့ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းညွှန်ချက် အတိုင်း လုပ်ကြည့်မယ် ဆိုရင် ကိုယ်နဲ့ တော်၊ မတော် တိုင်းတာလို့ရမှာပါ။

    အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရင်သားအရွယ်အစားက မတူပါဘူး။ ဒါကြောင့်မို့ တပြေးညီ ချုပ်ထားတဲ့ ဘရာတွေက လူတိုင်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအတွက် အရင်ဆုံး ကိုယ့်ရဲ့ ကိုယ်တိုင်းကို သိဖို့ လိုပါတယ်။

    အဆင့် (၂) ဆင့် ရှိပါတယ်။

    ဘရာ ဝယ်တော့မယ်ဆိုရင် အရင်ဆုံး ပထမ အဆင့်အနေနဲ့ ဘရာအပတ် အရွယ်အစားကို တိုင်းရပါမယ်။ ပြီးမှ ဘရာခွက်ကို တိုင်းတာရမှာပါ။ ဘယ်လိုတွေ တိုင်းတာရမလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ခုချိန်မှာ မှန်ကန်တဲ့အရွယ်အစားကို ဝတ်နေရင်တောင် နောင်မှာ ပြောင်းဖို့ လိုကောင်းလိုလာပါလိမ့်မယ်။

    • ဘရာအပတ် အရွယ်အစားကို တိုင်းတာခြင်း

    ဘရာအပတ်ရဲ့ အောက်နားကို ဆိုလိုတာပါ။ ဘရာအပတ် အရွယ်အစားကို တိုင်းဖို့ဆိုရင် ရင်သားတွေရဲ့အောက်ကနေ နံရိုးတွေကို ဖြတ်ပြီး သင့်ရဲ့အနောက်ကနေ အရှေ့ကို ပတ်ပြီး တိုင်းလိုက်ပါ။ အနီးဆုံး စုံကိန်းပြည့်ကို ယူပါ။

    • ဘရာခွက်ကို တိုင်းတာခြင်း

    ၁။ ရင်သားရဲ့ အဖွံ့ဖြိုးဆုံး နေရာနားမှာ ခပ်လျော့လျော့လေး အနောက်ကနေ အရှေ့ကို ပတ်ပြီး တိုင်းပါ။ အဲဒါက ဘရာခွက်ရဲ့ အရွယ်အစားပါ။ များသောအားဖြင့်တော့ နို့သီးခေါင်းနဲ့ တတန်းတည်းထားပြီး တိုင်းကြလေ့ ရှိပါတယ်။

    ၂။ ပြီးရင် ပထမအဆင့်မှာ တိုင်းလို့ ရလာတဲ့ ဘရာအပတ် အရွယ်အစားကို နှုတ်လိုက်ပါ။ ခြားနားချက်က သင်နဲ့ တော်တဲ့ ဘရာ အရွယ်အစားပါပဲ။ (ဥပမာ ခုတိုင်းလို့ရတာက ၃၆၊ ဘရာအပတ်က ၃၄ ဆိုရင် ခြားနားချက် ၂ ဖြစ်တာမို့ သင်နဲ့ သင့်တော်တဲ့ ဘရာ အရွယ်အစားက B ဖြစ်ပါလိမ့်မယ်။) ဒီခြားနားချက်ကို လိုက်ပြီး ဘရာခွက် အရွယ်အစားကို တိုင်းတာရတာပါ။

    နှုတ်လိုက်လို့ ၀ဆိုရင် AA၊ ၁လက်မဆိုရင် A၊ ၂လက်မဆိုရင် B၊ ၃လက်မဆိုရင် C စသဖြင့် သတ်မှတ်ပါတယ်။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို ကြည့်လို့ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ဘရာအရွယ်အစားကို ရွေးချယ်လိုက်ပါ။ ဘရာအရွယ်အစားကို မှန်ကန်စွာ ဝတ်ဆင်တာက ရင်သား လှပမှုကိုရော ကျန်းမာရေးကိုပါ ဂရုစိုက်ရာ ရောက်ပါတယ်။

    ကဲ ….. ရင်သားအတွက် ကောင်းမွန်ပြီး အရွယ်အစား မှန်ကန်တဲ့ ဘရာစီယာကို ရွေးချယ်ဖို့ အသင့်ပဲလား ……… လေဒီလေးတို့ရေ

    Dr. Phio Thiha
    Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung) · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/10/2022 ဖြစ်ပါသည်။