နံနံစေ့ – နံနံစေ့က အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေတစ်ခွက်ထဲမှာ တစ်ည စိမ်ထားပြီး နောက်နေ့ မနက် စောစော ဘာမှ မစားရသေးခင်မှာ သောက်ချလိုက်ပါ။
ဇီးဖြူသီး – အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဇီးဖြူသီးကို ခပ်သေးသေးလေးတွေ လှီးပြီး နေရောင်အောက်မှာ အခြောက်ခံပေးပါ။ ခြောက်သွားပြီဆိုရင် အမှုန့်လေးတွေ ဖြစ်အောင် ကြိတ်လိုက်ပါ။ ဇီးဖြူသီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ပျားရည်နဲ့ ဆတူ ရောပြီး ရေနဲ့ ရောစပ် ဖျော်သောက်ပေးလို့ ရပါတယ်။
သလဲသီး – သလဲသီးက အရသာ ရှိသလို ကျန်းမာရေး အကျိုးကျေးဇူးလည်း များပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဖြူဆင်းတာကို သက်သာစေဖို့ သလဲသီးကို စားသုံးပေးလို့ ရပါတယ်။ သလဲသီးကို အစေ့ကိုပါ စားပေးလို့ ရပါတယ်။
ပင်စိမ်း -ဆေးဖက်ဝင်တဲ့ အပင်အဖြစ် လက်ခံထားကြတာပါ။ ပင်စိမ်းရွက်ကို ရေနွေးထဲ ထည့်သောက်တာဖြစ်ဖြစ် ပျားရည်နဲ့ ရောကြိတ်ပြီးသောက်တာ ဖြစ်ဖြစ် သောက်လို့ ရပါတယ်။ အဖြူဆင်းတာကို သက်သာစေမှာပါ။
မာလကာရွက် – မာလကာရွက် ကလည်း အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေး တစ်မျိုး ဖြစ်ပါတယ်။
ချင်း – ချင်းလေးတွေကို ပါးပါးလှီးပြီး ရေနွေးဆူဆူထဲ နာရီဝက်လောက် ထည့်စိမ်ပြီး သောက်ပေးမယ်ဆိုရင် အဖြူဆင်းတာကို သက်သာစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။