backup og meta

ဆံပင် ဆေးဆိုးတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင် ဆေးဆိုးတော့မယ်ဆိုရင်

    ဆံပင်ဆိုးဆေးတွေမှာ ပါဝင်နေတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ ဓာတုပစ္စည်းတွေ

    ဆံပင်ဆိုးဆေးတွေထဲမှာ PPD (သို့)para-phenylenediamine တို့လိုမျိုး အရေပြားမှာ ပူစပ်ပူလောင်ဖြစ်စေတဲ့ ဓာတ်မတည့်မှုတွေနဲ့ ခေါင်းကိုက်တာတွေကိုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေသလို ကာစီနိုဂျင်တွေလည်းပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးတော်တော်များများက ဓာတ်မတည့်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးအများစုမှာ ဥရောပနိုင်ငံတွေမှာ အသုံးပြုခွင့်တားမြစ်ထားတဲ့ ခဲဓာတ်တွေ ပါဝင်နေတယ်လို့လည်းဆိုပါတယ်။ အဆိုပါ ခဲဓာတ်ကပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးကို တာရှည်ခံအောင် လုပ်ဆောင်ထားတဲ့ DMDM hydantoin က ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အမိုးနီးယားပါဝင်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ resorcinol ဓာတ်လည်း ဆံပင်ဆိုးဆေးတွေမှာပါဝင်နေပါတယ်။

    ဆံပင်ဆိုးဆေးဆိုးတာက ကြည့်လို့လှတယ်ဆိုပေမယ့် ဆံပင်ဆိုးဆေးတွေထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို စာဖတ်သူတွေသိရှိစေနိုင်ဖို့အတွက် လက်လှမ်းမီသလောက်မျှဝေပေးလိုက်ပါတယ်။

    Allergy (ဓာတ်မတည့်ခြင်း)

    ဆံပင်ဖြူတွေကို ဖုံးကွယ်ဖို့ဖြစ်ဖြစ် (သို့) ဆံပင်အရောင်ပြောင်းချင်တာကြောင့်ဖြစ်ဖြစ် ဆံပင်ဆိုးတဲ့အခါ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေဖြစ်ပေါ်မှုကိုခံစားရနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းခံတစ်ခုက paraphenylenediamine (သို့) PPD လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကြောင့်ဖြစ်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေက ဦးရေပြားယားယံတာ၊ အနီရောင်အကွက်တွေဖြစ်ပေါ်တာ၊ ဦးရေပြားရောင်ရမ်းတာ၊ ဗောက်ခပ်ပါးပါးထတာ၊ မျက်လုံးနဲ့ မျက်ခွံတွေ ရောင်ကိုင်းလာတာ၊ မျက်လုံး၊နှာခေါင်းနဲ့ မျက်နှာတစ်ဝိုက်ကအရေပြားတွေ ကွာကျတာမျိုး ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ဆံသားပျက်စီးလွယ်ခြင်း

    ဆံပင်ကိုမကြာခဏဆိုသလို အရောင်ဆိုးနေမယ်ဆိုရင် ဆံပင်ဆိုးဆေးထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ဆံပင်ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက ဆံသားရဲ့ အစိုဓာတ်ကို စုပ်ယူလိုက်တဲ့အခါ ဆံသားကခြောက်သွေ့ ပျက်စီးတာမျိုးတွေဖြစ်ပေါ်လာပါတယ်။ ဆံသားတောက်ပြောင်မှုလည်း ကင်းမဲ့သွားစေပါတယ်။ ဆံပင်ဆိုးဆေးကြောင့်ပျက်စီးသွားတဲ့ ဆံသားတွေက ပြန်လည်ကောင်းမွန်လာဖို့မဖြစ်နိုင်ပါဘူး။ အခန့်မသင့်ရင် ဆံပင်တောင်ညှပ်ပစ်ရနိုင်ပါတယ်။

    အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ခြင်း

    ဆံပင်ဆိုးဆေးတွေက အရေပြားဓာတ်မတည့်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို၊ အရေပြားမှာ အနီကွက်တွေ ဖြစ်ပေါ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အရေပြားအဖက်တွေကွာကျသလို ယားယံတာတွေလည်းဖြစ်စေနိုင်ပါတယ်။ ဆံပင်အရောက်မဆိုးခင် နားနောက်နားမှာ ဆိုးဆေးကို တို့ပြီး၄၈ နာရီကြိုတင် စမ်းသပ်တာမျိုးလုပ်ဆောင်သင့်ပါတယ်။ အရေပြားပေါ်မှာ သုံးကြည့်လို့ ဓာတ်မတည့်မှုဖြစ်တယ်ဆိုရင် အဆိုပါဆံပင်ဆိုးဆေးကို မသုံးသင့်ပါဘူး။

    ကင်ဆာ

    ဓာတ်ခွဲခန်းတွေမှာ လုပ်ဆောင်ခဲ့တဲ့ လေ့လာစမ်းသပ်မှုတွေအရ ဆံပင်ဆိုးဆေးမှာပါတဲ့ PPD ကဒီအင်န်အေလ်ဆဲလ်တွေကို ပျက်စီးစေနိုင်သလို ကင်ဆာရောဂါလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ PPD ပါဝင်မှုနည်းတဲ့ ဆံပင်ဆိုးဆေးတွေကတောင် အဆိုပါထိခိုက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာတွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ Resorcinol ကလည်း ကိုယ်တွင်းဟော်မုန်းတွေကို ဟန်ချက်မညီဖြစ်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။

    အရေပြားမှာ အဖုအပိမ့်တွေထွက်စေနိုင်ခြင်း

    ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်သူတွေမှာ ဦးရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆံပင်ဆိုးဆေး နဲ့ ထိတွေ့မိတဲ့နေရာတိုင်းမှာ အဖုအပိမ့်တွေဖြစ်ပေါ်နိုင်ပါတယ်။ ထိုကဲ့သို့ ဓာတ်မတည့်မှုတွေခံစားရမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါတယ်။

    ပန်းနာရင်ကျပ်ရောဂါ

    လေ့လာမှုတွအရ ဆံပင်ဆိုးဆေးတွေနဲ့ အထိတွေ့အများဆုံးဖြစ်တဲ့ ဆံပင်အလှပြုပြင်သူတွေမှာ အရေပြားဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ခံစားရနိုင်ခြေနဲ့ ပန်းနာရင်ကျပ်ဝေဒနာခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ ဆံပင်ဆိုးဆေးမှာပါတဲ့ PPD ကပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကိုတိုးစေနိုင်သလို ဆံပင်အရောင်ချွတ်ရာမှာ အသုံးပြုတဲ့ persulfates ကလည်း ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အဆိုပါpersulfates ကိုရှုရှိုက်မိတဲ့အခါ အသက်ရှုရခက်စေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement