backup og meta

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ

မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာလှပနေစေဖို့ ဂရုစိုက်ရတဲ့ အချက်တွေက တော်တော်လေးတော့ များသားနော်။ အသားအရေ၊ ဆံသား ကနေစလို့ ခန္ဓာကိုယ် အနံ့အသက် အပြင် လစဉ် ရာသီသွေး ပုံမှန် ဆင်းဖို့ကိုရော အစစအရာရာကို ဂရုစိုက် ရပါတယ်။ ကိုယ်တိုင် ဂရုစိုက်မှလည်း ဖြစ်မှာကိုး။ ဒီလို ဂရုစိုက်ရတဲ့ အထဲမှာ အဖြူဆင်းတာလည်း ပါပါတယ်။ အဖြူဆင်းတာက ပုံမှန်လည်း ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ က ဘာတွေလဲ ဆိုတာကို ပြောပြပေးပါရစေနော်။

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ ကတော့

ပဲနံ့သာစေ့ – အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ ရေနွေး ပူပူထဲကို ရေစင်စင် ဆေးထားတဲ့ ပဲနံ့သာစေ့ ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးပါ။ ပြီးရင် အအေးခံပြီး သောက်လိုက်ပါ။

ရုံးပတီသီး – အဖြူဆင်းတာကို သက်သာစေတဲ့ အသီးအနှံ တစ်မျိုးပေါ့။ ရေနွေး ဆူဆူထဲမှာ ရုံးပတီသီးကို ထည့်ပြုတ်ပြီး တို့စားလို့ ရသလို အချဉ်ရည်နဲ့ တို့စားလို့လည်း ရပါတယ်။

ဒိန်ချဉ် – ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေ  ပေါက်ဖွားစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့် အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။

နံနံစေ့ – နံနံစေ့က အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေတစ်ခွက်ထဲမှာ တစ်ည စိမ်ထားပြီး နောက်နေ့ မနက် စောစော ဘာမှ မစားရသေးခင်မှာ သောက်ချလိုက်ပါ။

ဇီးဖြူသီး – အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဇီးဖြူသီးကို ခပ်သေးသေးလေးတွေ လှီးပြီး နေရောင်အောက်မှာ အခြောက်ခံပေးပါ။ ခြောက်သွားပြီဆိုရင် အမှုန့်လေးတွေ ဖြစ်အောင် ကြိတ်လိုက်ပါ။ ဇီးဖြူသီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ပျားရည်နဲ့ ဆတူ ရောပြီး ရေနဲ့ ရောစပ် ဖျော်သောက်ပေးလို့ ရပါတယ်။

သလဲသီး – သလဲသီးက အရသာ ရှိသလို ကျန်းမာရေး အကျိုးကျေးဇူးလည်း များပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဖြူဆင်းတာကို သက်သာစေဖို့ သလဲသီးကို စားသုံးပေးလို့ ရပါတယ်။ သလဲသီးကို အစေ့ကိုပါ စားပေးလို့ ရပါတယ်။

ပင်စိမ်း -ဆေးဖက်ဝင်တဲ့ အပင်အဖြစ် လက်ခံထားကြတာပါ။ ပင်စိမ်းရွက်ကို ရေနွေးထဲ ထည့်သောက်တာဖြစ်ဖြစ် ပျားရည်နဲ့ ရောကြိတ်ပြီးသောက်တာ ဖြစ်ဖြစ် သောက်လို့ ရပါတယ်။ အဖြူဆင်းတာကို သက်သာစေမှာပါ။

မာလကာရွက် – မာလကာရွက် ကလည်း အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေး တစ်မျိုး ဖြစ်ပါတယ်။

ချင်း – ချင်းလေးတွေကို ပါးပါးလှီးပြီး ရေနွေးဆူဆူထဲ နာရီဝက်လောက် ထည့်စိမ်ပြီး သောက်ပေးမယ်ဆိုရင် အဖြူဆင်းတာကို သက်သာစေမှာပါ။

ငှက်ပျောသီး – ငှက်ပျောသီးမှာ သတ္တုဓါတ်တွေ များစွာပါဝင်သလို ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။နေ့တိုင်း ငှက်ပျောသီးမှည့် တစ်လုံး ဒါမှမဟုတ် ၂ လုံး စားပေးပါ။

သဖန်းသီး – အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေး တစ်မျိုးပေါ့။ သဖန်းသီးခြောက် ၂ လုံး ၃ လုံးလောက်ကို ရေထဲမှာ တစ်ညစိမ်ထားပြီး သောက်ပေးပါ။

ဒီအစားအစာတွေက အဖြူဆင်းတာကို သက်သာစေနိုင်တယ်ဆိုပေမဲ့ ပိုပြီး တိကျတဲ့ လေ့လာချက်တွေတော့ လိုပါသေးတယ်။ ဒါကြောင့် အဖြူဆင်းတာက ရောဂါတစ်ခုခုကြောင့် ဖြစ်မယ်ဆိုရင် အစားအစာကိုပဲ အားမကိုးဘဲ နီးစပ်ရာဆေးခန်းမှာ ပြသပါ။

ရောဂါကြောင့် အဖြူဆင်းတဲ့အခါ

  • အရောင်ပါတဲ့ အဖြူတွေဆင်းတာ
  • သွေးစလေးတွေ ပါလာတာ
  • အနံ့ဆိုးတာ
  • မိန်းမကိုယ်ယားယံတာတွေ ဖြစ်တတ်ပါတယ်။

ဒါဆိုရင်တော့ မြန်မြန်လေး ကုသရပါမယ်။ မဟုတ်ရင် မိန်းမကိုယ်အတွင်းပိုင်းထိ ပိုးတွေ ပြန့်သွားနိုင်လို့ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Best Food, Natural Treatment to Stop Excessive Vaginal White Dischargehttps://www.slideshare.net/jacksonkiney/best-food-natural-treatment-to-stop-excessive-vaginal-white-discharge Accessed Date 14 January 2019

How to Cure White Discharge in Women?https://www.lybrate.com/topic/how-to-cure-white-discharge-in-women/172b22a2150ac5e7c5adf5f8ce581702 Accessed Date 14 January 2019

ယခုပုံစံ

31/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးများ နဲ့ ဗီတာမင် D

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 31/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement