backup og meta

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ
    လေဒီလေး တော်တော်များများ မေ့နေတတ်တဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ လေဒီလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှ ယုံကြည်မှုပြည့်ဝပြီး တက်ကြွထက်မြက်တဲ့ လေဒီလေးတွေအဖြစ် လူအများအလယ်မှာ ရပ်တည်နိုင်မှာပါ။ ဒီတော့ ထက်မြက်တဲ့ လေဒီလေးတွေ ဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ အကြောင်း နည်းနည်းလောက် ဝေမျှပေးချင်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ

    ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ ကတော့

    • အခြားသူတွေနဲ့ နှိုင်းယှဉ်တာကို ရပ်လိုက်ပါ
    လေဒီလေးတွေကို စိတ်ပင်ပန်းစေပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေတဲ့ အရာက အခြားသူတွေနဲ့ နှိုင်းယှဉ်တာပါ။ ဒါက တော်တော်လေး အန္တရာယ်များပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အချိန်တွေကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေရင်း ကုန်ဆုံးသွားတာမျိုး မလုပ်ပါနဲ့။ ကိုယ့်အတွက် တိုးတက်စေမယ့်အရာတွေကိုပဲ အာရုံစိုက်ထားပါ။
    • အခြားသူတွေရဲ့ အတွေးတွေကို မေ့ထားလိုက်ပါ
    • အမှားမရှိတဲ့သူ မရှိပါဘူး
    လူတိုင်းက မပြည့်စုံနိုင်ပါဘူး။ လူတိုင်းလိုလို အမှားရှိတတ်ကြပါတယ်။ ဒါကြောင့် ငါမှ မှားလေရခြင်းဆိုပြီး အပြစ်တင်နေတာမျိုးကို ရှောင်ပါ။ ဒါကြောင့် အမှားလုပ်မိရင် အမှားကနေ သင်ခန်းစာယူပါ။ မှားမိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာတွေ မလုပ်ပါနဲ့။
    • ကိုယ့်ရဲ့ အသွင်အပြင်ကို ယုံကြည်မှု ရှိပါ
    ဝနေတဲ့သူမှာလည်း အလှရှိသလို ပိန်နေသူမှာလည်း အလှရှိပါတယ်။ ပြောချင်တာကတော့ မိန်းကလေးတိုင်းက တစ်ယောက်တစ်မျိုးစီ လှကြတာပါပဲ။ ပိုလီနေတယ်လို့ ထင်ရတဲ့အကြောင်းအရင်းက သူတို့တွေဟာ သူတို့ရဲ့ အသွင်အပြင်ကို ယုံကြည်မှု ရှိကြသူတွေ ဆိုတာကို သတိရပါ။
    • အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့

    တစ်ခါတလေမှာ ကိုယ့်အပေါ် မကောင်းမှန်း သိပေမယ့် မပစ်ရက်တဲ့နေရာမှာ ထိပ်ဆုံးက ရပ်တည်နေသူတွေက လေဒီလေးတွေပါ။ ဒီလိုလူတွေကို မပစ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် မချစ်ရာရောက်တယ်ဆိုတာကို သတိထားမိရဲ့လား။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် အဆိပ်အတောက် ဖြစ်စေတဲ့သူတွေကြောင့် ကိုယ်ရောစိတ်ပါ ဆင်းရဲမှုကို မခံပါနဲ့။

    • ကိုယ့်ဆုံးဖြတ်ချက်ကို ယုံကြည်ပါ

    တစ်ခုခုကို ဆုံးဖြတ်တဲ့အခါ ပင်ကိုယ်အသိကိုလည်း မေ့မထားပါနဲ့။ ဒါကြောင့် တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အခြားသူတွေ ပြောတာထက် ကိုယ့်ဆုံးဖြတ်ချက်ကို ယုံကြည်ပါလို့ ပြောပါရစေ။

    • ကိုယ့်ကိုယ်ကိုယ် ဦးစားပေးပါ

    လေဒီလေးတွေက မွေးရာပါ အနစ်နာခံတတ်ကြသူတွေပါ။ အခြားသူတွေကို အရင် ကိုယ့်ကိုယ်ကိုယ်က နောက်ဆိုတာက လေဒီလေးတွေပေါ့။ ဒီတော့ အမြဲတမ်း သူများကို ဦးစားပေးတတ်သူလေးတွေ အနေနဲ့ တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် အရင် ဦးစားပေးဖို့ မမေ့ပါနဲ့။

    • ပျော်ရွှင်ခွင့်ပေးလိုက်ပါ

    အခြားသူတွေကို ပျော်ရွှင်အောင် လုပ်ပေးရင်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ခွင့် ပေးဖို့ မေ့နေပြီလား! ဒါဆိုရင်တော့ အခုကစပြီး ကိုယ်တိုင် ဝါသနာပါရာလေးတွေ လုပ်ဆောင်ခွင့်ပေးရင်း ပျော်ရွှင်အောင် ကိုယ့်ကိုယ်ကိုယ် လုပ်ဆောင်ပေးလိုက်နော်။

    • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ

    နေ့စဉ်မှာ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် ပုံမှန်လေး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။

    • ကျန်းမာရေး ဂရုစိုက်ပါ

    ကိုယ်တိုင်ကျန်းမာရေးအတွက် ကျန်းမာရေးကို ပုံမှန်စစ်ဆေးတာ ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။ ဒါကြောင့် ကျန်းမာရေးကို ပုံမှန်လေး ဂရုစိုက်ပေးပါ။

    ကဲ …. ဒီအလေ့အထလေးတွေကို မွေးမြူပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့ လေဒီလေးတွေအဖြစ် နေ့ရက်တိုင်းကို ရှေ့ဆက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement