backup og meta

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ

အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါတွေဟာ စနစ်တကျ အလုပ်လုပ်ရပါတယ်။ မျိုးအောင်ခြင်းကနေ စတင်ပြီး ကိုယ်ဝန်ဆောင်ကလေးမွေးခြင်းမှာ အဆုံးသတ်ပါတယ်။

သားဥအိမ် – ဟော်မုန်းနဲ့ မမျိုးဥထုတ်ပေးခြင်း

သားဥအိမ်မှာ အဓိကလုပ်ငန်းဆောင်တာ(၂)ခု ရှိပါတယ်။ ပရိုဂျက်စတင်နဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်ပေးဖို့နဲ့ မမျိုးဥတွေ ထုတ်ပေးဖို့ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် သူ့ဆီမှာ မမျိုးဥတွေမြောက်များစွာ ပါလာပါတယ်။ သူ အပျိုဖြစ်ပြီဆိုတာနဲ့ အဲဒီ မမျိုးဥတွေ တစ်လကိုတစ်ခု စပြီး ထွက်လာပါတယ်။ ဦးနှောက်ကထွက်တဲ့ ဟော်မုန်းတွေက သားဥအိမ်ကနေ ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးပြီး မမျိုးဥများ ပုံမှန်ထုတ်အောင် လုပ်ပေးပါတယ်။ လတိုင်း မမျိုးဥတစ်လုံး သို့မဟုတ် နှစ်လုံးဟာ သားဥအိမ်ကနေ ထွက်လာပြီး သားဥပြွန်ထဲကို ရောက်သွားပါတယ်။

သားဥပြွန် – မျိုးအောင်သည့်နေရာ

သားဥပြွန်ဟာ အမျိုးသားဆီက ဝင်လာတဲ့ သုက်ကောင်နဲ့ မမျိုးဥနဲ့ ပေါင်းပြီး မျိုးအောင်သွားတဲ့နေရာ ဖြစ်ပါတယ်။ သားဥပြွန်က သားဥအိမ်နဲ့ သားအိမ်ကို ဆက်ထားပေးပြီး သားဥအိမ်က ထွက်လာတဲ့ မမျိုးဥကို သားဥပြွန်လက်တံကနေ ဆွဲယူပြီး ပြွန်ထဲကို ပို့ဆောင်ပေးပါတယ်။ လိင်ဆက်ဆံပြီးရင် သားအိမ်ခေါင်းကို ဖြတ်ပြီး ဝင်လာတဲ့ သုက်ကောင်တွေက သားဥပြွန်ထဲမှာ ရှိနေတဲ့ မမျိုးဥနဲ့ ပေါင်းသွားရင် သန္ဓေအောင်သွားပါပြီ။ အဲဒီလို သန္ဓေအောင်နိုင်ဖို့အတွက်လည်း သားဥပြွန်က ပံ့ပိုးကူညီပေးပါတယ်။ အမျိုးသမီးရဲ့ မျိုးပွားလမ်းကြောင်းမှာ သုက်ကောင်တွေဟာ ရက်အတန်ကြာနေနိုင်ပြီး မမျိုးဥကို စောင့်ဆိုင်းနေပါတယ်။ ၂၄နာရီကြာသွားရင်တော့ သူဟာ မျိုးအောင်နိုင်စွမ်း နည်းသွားပါမယ်။ မျိုးအောင်သွားပြီဆိုတာနဲ့ ဖြစ်လာတဲ့ သန္ဓေသားလောင်းလေးဟာ သားဥပြွန်တစ်လျှောက်မှာ အဆင့်ဆင့်ဖွံ့ဖြိုးပြီး သန္ဓေတည်နိုင်တဲ့အဆင့်ထိ ဖြစ်သွားပါတယ်။ ပြီးရင် သားဥပြွန်ကတစ်ဆင့် သားအိမ်ဆီ ဆင်းသွားပြီး သားအိမ်ထဲမှာ သန္ဓေတည်မှာဖြစ်ပါတယ်။

သားအိမ် – သန္ဓေတည်ခြင်းနဲ့ သန္ဓေသား ဖွံ့ဖြိုးခြင်း

ကလေးလေးဖြစ်လာဖို့အတွက် သန္ဓေသားမှာ လိုအပ်တဲ့ ဆဲလ်တွေ ပွားလာပါတယ်။ နောက်ပြီး သန္ဓေသားကို အာဟာရပေးမယ့် အချင်းလည်း ဖြစ်ပေါ်လာပါတယ်။ သန္ဓေသားတွယ်ကပ်တဲ့ သားအိမ်နံရံဟာ ပုံမှန်အားဖြင့် ကိုယ်ဝန်သာ ရမသွားဘူးဆိုရင် တစ်လတစ်ခါ ကွာကျပြီး ရာသီသွေးအဖြစ် ဆင်းတာပါ။ ကိုယ်ဝန်ရသွားရင်တော့ ဂိုနာဒိုထရိုဖင် ဆိုတဲ့ ဟော်မုန်းထွက်လာပြီး အဲဒီဟော်မုန်းက သားအိမ်နံရံကို မကွာကျစေတော့ဘဲ သန္ဓေသားလေး တည်နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒီအခါ ရာသီလည်း ထိန်သွားပါတယ်။ အဲဒီလိုဖွံ့ဖြိုးလာတဲ့ သားအိမ်နံရံမှာ သန္ဓေသားက တွယ်လိုက်ပြီး မိခင်ရဲ့ သွေးလည်ပတ်မှုကတစ်ဆင့် အာဟာရတွေ ရယူပါတယ်။ ဒါကြောင့် စတင်သန္ဓေတည်ချိန်ကနေ မွေးဖွားချိန်အထိ သားအိမ်နေရာဟာ သန္ဓေသားကို အာဟာရဖြည့်ဆည်းပေးပြီး ကြီးထွားစေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http: //www.livestrong.com/article/114969-diseases- human-female- reproductive-system/
Seen: 14/11/2016

 

ယခုပုံစံ

28/01/2022

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement