အဓိပ္ပါယ်ဖွင့်ဆိုချက်
ဆီးကျောက်များသည် သေးငယ်မာကျောသော သတ္ထုနှင့်ဆားအမှုန်အခဲများဖြစ်ပြီး
ကျောက်ကပ်ထဲတွင်တည်ရှိသည်။ ကျောက်ကပ်မှသည်ဆီးအိမ်အထိဆီးလမ်းကြောင်း၏ မည်သည့်နေရာတွင် မဆိုဆီးကျောက်ဖြစ်ပေါ်နိုင်သည်။ အချိန်ကြာလာသည့်အခါ ပြင်းထန်သောနာကျင်ခြင်းနှင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ ဆီးကျောက်၏ အရွယ်အစားပေါ်မူတည်၍ ဆရာဝန်ဆီမှ အကြံဉာဏ်နှင့်ကုသမှုကို ခံယူရပါသည်။ ယုံကြည်စိတ်ချရသောအခြားကုထုံးများကဲ့သို့ပင် ဆီးကျောက်ရောဂါကို ကုသရန်သုတေသီများက အခြားနည်လမ်းတစ်ခုကို လေ့လာစူးစမ်းလျက်ရှိသည်။ ဤသို့ဖြင့် ရိုလာကိုစတာစီးခြင်းသည် နည်လမ်းတစ်ခုအဖြစ်ဖြစ်လာဖွယ်ရှိပါသည်။
နည်းလမ်းသစ်အပေါ်သုတေသန ပြုလုပ်ခြင်း
အမေရိကန်အရိုးရောဂါအဖွဲ့မှထုတ်ဝေသောဂျာနယ်တွင် ရိုလာကိုစတာစီးခြင်းကဆီးကျောက်ရောဂါအတွက်အံ့သြဖွယ်ကုထုံးတစ်ခုဖြစ်လာနိုင်သည့် လေ့လာချက်ကိုဖော်ပြထားသည်။ ထိုလေ့လာချက်ကဖြစ်ရပ်မှန်အချို့ကိုအခြေခံထားပါသည်။
ဆီးကျောက်ရောဂါခံစားရသူအမျိုးသားတစ်ဦးကရိုလာကိုစတာစီးပြီးသောအခါ သူ၏ဆီးကျောက်များ ကျသွားကြောင်းအခိုင်အမာဆိုခဲ့သည်။ ထိုဇာတ်လမ်းသည် ဆေးပညာရှင်များကိုလေ့လာမှုပြုလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။
လေ့လာမှုဖြစ်စဉ်
သုတေသီများသည် လူနာ၏ကျောက်ကပ်နှင့်တူသောသုံးဖက်မြင်ပုံစံတစ်ခပြုလုပ်ခဲ့ကြသည်။ ထိုကျောက်ကပ်ထဲတွင် ဆီးများဖြည့်ပြီးသောအခါ ဆီးကျောက်အစစ်များကိုဆီးလမ်းကြောင်း၏ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ထည့်သွင်းခဲ့ကြသည်။ လေ့လာချက်ကိုBig Thunder Mountain ဟုခေါ်သောနေရာတွင် ပြုလုပ်ခဲ့ပြီးသုတေသီများကရိုလာကိုစတာအပတ်ရေ ၂၀ ခန့်ဆက်တိုက်စီးနင်း စေခဲ့သည်။
တွေ့ရှိချက်များ
ရိုလာကိုစတာစီးမှုပြီးဆုံးလျှင်လေ့လာမှုပြုသောအခါအံ့အားသင့်စရာပင် ဆီးလမ်းကြေင်းအပေါ်ပိုင်းရှိ ကျောက်များသည် အောက်သို့ကျလာသည်ကိုတွေ့ရသည်။ သို့သော် ဆီးလမ်းကြောင်း၏ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိကျောက်များမှာမူထူးခြားမှု မရှိသည်ကိုတွေ့ရသည်။ ထို့ပြင် ပို၍ စိတ်ဝင်စားဖွယ် အချက်မှာရိုလာကိုစတာ၏ နောက်ဘက်တွင် စီးနင်းသောလူနာများ၏ ကျောက်များကရှေ့ဘက်တွင် စီးနင်းသောလူနာများ၏ ကျောက်များထက် ပိုမို၍ အောက်သို့ကျလာသည်ကိုတွေ့ရသည်။ ထိုလေ့လာမှုမှတစ်ဆင့် သုတေသီများကလူနာများသည် ရိုလာကိုစတာစီးရင်းကုသမှုတစ်စုံတစ်ရာမလိုဘဲသေးငယ်သောဆီးကျောက်များကို ကျဆင်းစေနိုင်ကြောင်း အတည်ပြုခဲ့ကြသည်။ ထိုမှတစ်ဆင့် ပိုမိုကြီးမားသော ဆီးကျောက်များတည်ခြင်းကိုလည်းကာကွယ်နိုင်လေသည်။
မကြာသောအနာဂတ်တွင် ရိုလာကိုစတာစီးခြင်းသည်ဆီးကျောက်ရောဂါ၏ အထူးဆန်းဆုံး ကုထုံးတစ်ခု ဖြစ်လာနိုင်ပါသည်။
ဆရာဝန်များက သင့်ကို Disney World ကစားကွင်းသို့ သွားရန် ကုသမှုညွှန်ကြားချက်အဖြစ် စေလွှတ်ပေလိမ့်မည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]