backup og meta

Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)

Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ဘာတွေက Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဖြစ်ပွားစေသလဲ။

Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဆိုတာဘာလဲ။

Nocturia ကို nocturnal polyuria လို့ ခေါ်ပြီး ညအချိန်ဆီးအလွန်အမင်းသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အိပ်ချိန်မှာ သင့်ကိုယ်ခန္ဓါဟာ ပိုပြီး ပျစ်တဲ့ ဆီးကို အနည်းငယ်သာ ထုတ်လုပ်ပါတယ်။ လူအများစုဟာ ဒါကြောင့် ဆီးသွားဖို့အတွက် ညတစ်ရေးနိုးခြင်း မရှိပဲ ခြောက်နာရီမှ ရှစ်နာရီအထိ အနှောင့်အယှက်မရှိပဲ အိပ်နိုင်ကြပါတယ်။

ညအချိန်မှာ ဆီးသွားဖို့ အကြိမ်ကြိမ်အခါခါ နိုးနေပြီဆိုရင် သင်ဟာ ညအချိန်ဆီးအသွားလွန်ခြင်းကို ခံစားနေရပြီ ဖြစ်ပါတယ်။ အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်ရုံသာမက Nocturia ဟာ ကျန်းမာရေး အခြေအနေတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Nocturia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ပုံမှန်ဆိုရင် သင်ဟာ ညတစ်ကြိမ်ထဆီးသွားရန်မလိုအပ်ပဲ ခြောက်နာရီကနေ ရှစ်နာရီအထိ အိပ်နိုင်ပါတယ်။ Nocturia ရှိသူတွေဟာ ဆီးသွားဖို့ တစ်ကြိမ်ထက်ပိုပြီး နိုးထနိုင်ပါတယ်။ ဒါဟာ အိပ်ရေးပျက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဘာတွေက Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဖြစ်ပွားစေသလဲ။

ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေက လူမှုနေထိုင်မှု ရွေးချယ်ပုံတွေကနေ ကျန်းမာရေး အခြေအနေ တွေအထိ ပါဝင်ပါတယ်။ Nocturia ဟာ အသက်ကြီးသူတွေကြားမှာ အဖြစ်များပြီး အသက်မရွယ်မရွေး ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးအခြေအနေ အတော်များများဟာ Nocthttps://hellosayarwon.com/wp-admin/post.php?post=23997&action=edit#uria ကို ဖြစ်စေနိုင်ပါတယ်။ Nocturia ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (သို့) ဆီးအိမ် ရောဂါပိုးဝင်ခြင်း တွေပဲဖြစ်ပါတယ်။ ဒီရောဂါပိုးဝင်ခြင်းတွေဟာ မကြာခဏ ပူလောင်တဲ့ ခံစားမှုတွေနဲ့ နေ့ရောညပါ ချက်ချင်း ဆီးသွားလိုစိတ်တွေကိြု ဖစ်ပေါ်လာစေနိုင်ပါတယ်။ Nocturia ဖြစ်စေတဲ့ အခြားကျန်းမာရေး အခြေအနေတွေကတော့

  • ဆီးကျိတ်ကြီးခြင်း (သို့) ရောဂါပိုးဝင်ခြင်း
  • ဆီးအိမ် လျော့လျဲခြင်း
  • OAB syndrome
  • ဆီးအိမ်၊ ဆီးကျိတ်၊ တင်ပါးဆုံနေရာတွေမှာ အကျိတ်ပေါ်ခြင်း
  • ဆီးချို
  • စိတ်ပူခြင်း
  • ကျောက်ကပ် ရောဂါပိုးဝင်ခြင်း
  • အာရုံကြော ရောဂါတွေဖြစ်တဲ့ multiple sclerosis (MS), Parkinson’s disease, သို့ spinal cord compression

Nocturia ဟာ အင်္ဂါပျက်စီးတဲ့ သူတွေမှာအဖြစ်များပြီး အထူးသဖြင့် နှလုံး၊ အသည်းပျက်စီးသူတွေ၊ ဆီးချိုရောဂါခံစားနေရသူတွေမှာ အဖြစ်များပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း – Nocturia ဟာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ စောစီးတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန်အစမှာ ဖြစ်နိုင်ပြီး နောက်ပိုင်းမှာလည်း ကိုယ်ဝန်က ဆီးအိမ်ကို ဖိမိချိန်တွေမှာဖြစ်နိုင်ပါတယ်။

အိပ်မပျော်ခြင်း – Nocturia ဟာ ပိတ်ဆို့မှုကြောင့် မဖြစ်နိုင်ခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဆီးအိမ်မပြည့်ရင်တောင်မှ ဖြစ်နိုင်ပါတယ်။ Sleep apnea ကို ထိန်းချုပ်နိုင်ပြီဆိုရင် Nocturia ပျောက်သွားတတ်ပါတယ်။

Medications – အချို့ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ Nocturia ဖြစ်စေနိုင်ပါတယ်။ ဒါဟ အထူးသဖြင့် သွေးပေါင်ကျစေတဲ့ ဆီးဆေးတွေ ဖြစ်ပါတယ်။ ဆီးမသွားနိုင်ရင် (သို့) ဆီးမထိန်းနိုင်ရင် ဆရာဝန်ကို အရေးပေါ် အကူအညီတောင်းနိုင်ပါတယ်

လူမှုနေထိုင်ပုံ ရွေးချယ်မှုများ – အခြား Nocturia ဖြစ်စေတဲ့ အကြောင်းရင်းကတော့ အရည်အလွန်သောက်ခြင်း ဖြစ်ပါတယ်။ အရက်နဲ့ ကော်ဖီပါတဲ့ အစားအသောက်တွေဟာ ဆီးများစေပြီး ဆီးပိုသွားစေပါတယ်။ အရက် (သို့) ကဖင်းပါတဲ့ အရည်တွေဟာ နိုးနေစေပြီး ညအချိန်မှာ ဆီးသွားဖို့ လိုအပ်စေနိုင်ပါတယ်။

Nocturia ရှိတဲ့ အချို့လူတွေဟာ ညအချိန်မှာ ဆီးသွားဖို့ ထရနိုင်ပါတယ်။

ဘယ်အရာတွေက Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Nocturia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် – အသက်ကြီးသူတွေဟာ Nocturia ပိုရနိုင်ပါတယ်။
  • သွေးလှည့်ပတ်ခြင်း – congestive heart failure – တစ်ရှူးတွေအတွင်း အရည်စုပြုံခြင်းဟာ နှလုံးပျက်စီးခြင်းကြောင့် ဖြစ်ပြီး ညအချိန်မှာ ဆီးပိုသွားစေနိုင်ပါတယ်။
  • ပတ်ဝန်းကျင် (သို့) အဆိပ်သင့်ခြင်း – မာကျူရီ အဆိပ်သင့်ခြင်း
  • ဟော်မုန်း – hyperthyroidism
  • ကိုယ်အင်္ဂါ ကျန်းမာရေး – ဆီးကျိတ်ကြီးခြင်း၊ ဆီးချို အမျိုးအစား ၂
  • အသက်ရှုလမ်းကြောင်း ပြဿနာများ – ပိတ်ဆို့မှုကြောင့် မအိပ်နိုင်ခြင်း
  • ရိုးရိုးအကျိတ်များ – fibroids တွေဟာ ဆီးမကြာခဏသွားခြင်းနဲ့ ဆီးသွားချင်စိတ်တွေကို ဖြစ်စေနိုင်ပါတယ်။
  • ကင်ဆာကျိတ် – ဆီးကျိတ်ကင်ဆာ

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Nocturia ကို ရောဂါအမည်တပ်ခြင်းဟာ ခက်ခဲနိုင်ပါတယ်။ သင့်ဆရာဝန်က မေးခွန်းအတော်များများကို မေးနိုင်ပါတယ်။ သင်တစ်နေ့ကို ဘာတွေသောက်တယ်၊ ဘယ်လောက်သောက်တယ်၊ အိမ်သာ ဘယ်နှစ်ကြိမ်သွားတယ် အစရှိတာတွေကို မှတ်သားထားတဲ့ ဒိုင်ယာရီရေးခြင်းကို ရက်အနည်းငယ်ကြာ ပြုလုပ်သင့်ပါတယ်။

ဆရာဝန် မေးနိုင်တဲ့ မေးခွန်းတွေကတော့

  • Nocturia ဘယ်အချိန်မှာ စတင်တာလဲ။
  • တစ်ညမှာ ဘယ်နှစ်ကြိမ် ဆီးသွားရန်လိုလဲ။
  • အရင်တုံးကထက် ပိုပြီး ဆီးသွားနည်းနေသလား။
  • အိပ်ရာထဲ ဆီးသွားဖူး (သို့) ဆီးသွားနေပါသလား။
  • အခြား လက္ခဏာတွေ ရှိပါသလား။
  • ဘာဆေးတွေ သောက်နေတာလဲ။
  • သင့်မိသားစုထဲမှာ ဆီးအိမ်ပြဿနာ (သို့) ဆီးချိုရှိသူ ရှိပါသလား။

အခြားစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

  • သွေးသကြားဓါတ်စစ်ဆေးခြင်း
  • Urea test စစ်ဆေးခြင်း
  • ဆီးပိုးမွေးခြင်း
  • Fluid deprivation test
  • အခြားစစ်ဆေးမှု (ဥပမာ ultrasound)

Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)ကို ဘယ်လိုကုသလဲ။

တကယ်လို့ Nocturia ဟာ ဆေးတစ်ခုခုကြောင့် ဖြစ်တယ်ဆိုရင် မနက်ပိုင်းမှာ ဆေးသောက်သင့်ပါတယ်။

Nocturia ကုသမှုမှာ ဆေးတွေဖြစ်တဲ့ Overactive bladder ရဲ့ လက္ခဏာတွေကို နည်းစေတဲ့ anticholinergic drugs (သို့) ဆီးအိမ်ကို ဆီးနည်းနည်းသာ ထုတ်စေတဲ့ desmopressin တွေ ပါဝင်ပါတယ်။

Nocturia ဟာ ပြင်းထန်တဲ့ ရောဂါအခြေအနေတွေ ဖြစ်တဲ့ ဆီးချို (သို့) ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပြီး ကုသခြင်း မရှိရင် ပိုဆိုးနိုင်ပါတယ်။ ရောဂါကြောင့် ဖြစ်တဲ့ Nocturia ဟာ ရောဂါကို ကုသလိုက်မယ်ဆို ပျောက်သွားတတ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Nocturia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မအိပ်ခင်မှာ အရည်လျှော့သောက်ခြင်းဟာ ညအချိန်ဆီးသွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရက်တွေ၊ ကဖင်းတွေ ပါဝင်တဲ့ အရည်တွေကို ရှောင်ကျဉ်ခြင်း၊ ညမအိပ်မီ ဆီးသွားခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ ချောကလက်၊ စပ်တဲ့ အစာများ၊ ချိုတဲ့အစာတွေဟာ ဆီးပိုသွားစေနိုင်ပါတယ်။ တင်ပါးဆုံအောက်ခြေ လေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံအောက်ခြေ ကြွက်သားတွေကို သန်မာစေပြီး ဆီးအိမ်ထိန်းချုပ်မှု ကောင်းမွန်စေပါတယ်။

လက္ခဏာဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဂရုစိုက်ပြီး နေထိုင်မှု အလေ့အကျင့်တွေကို ပြောင်းလဲသင့်ပါတယ်။ သောက်တဲ့အရာတွေနဲ့ ဘယ်အချိန်မှာသောက်လဲဆိုတာ ရေးမှတ်ထားခြင်းဟာလည်း အကျိုးရှိပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nocturia: Overview. http://www.diagnose-me.com/symptoms-of/nocturia.php. Accessed November 6, 2016
Nocturia. https://www.bladderandbowelfoundation.org/bladder/bladder-conditions-and-symptoms/nocturia/. Accessed November 6, 2016
Nocturia. http://my.clevelandclinic.org/health/diseases_conditions/hic_Bladder_Irritating_Foods/hic_nocturia. Accessed November 6, 2016
Excessive Urination at Night (Nocturia). http://www.healthline.com/health/urination-excessive-at-night#Overview1. Accessed November 6, 2016
Why Do I Pee So Much at Night? http://www.webmd.com/urinary-incontinence-oab/nocturia-pee-night. Accessed November 6, 2016

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement