backup og meta

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကဘာလဲ။

ကျောက်ကပ်သည် အညစ်အကြေး ပစ္စည်းများကို စွန့် ထုတ်ပြီး ခန္ဓါကိုယ်အရည်ကို မျှခြေတွင် ထိန်းပေးပါသည်။ ကျောက်ကပ်တစ်ခုစီတွင် nephron ဟုခေါ်သော သေးငယ် သော စစ်သည့်အရာပေါင်း ၁သန်းရှိပါသည်။

Nephron သည် အစွန်းတွင် အဖုတစ်ခုရှိသော အကွေးခွေတစ်ခု ဖြစ်ပါ သည်။ Nephron သည် ဆီးကို ကျောက်ကပ်နှင့် ဆီးအိတ် အားသွယ်ဆက်ထားသော ဆီးပြွန်ဆီသို့ ပို့ပေးပါသည်။

Nephritis သည် nephrons ရောင်ခြင်း ဖြစ်ပါသည်။ Interstitial nephritis သည် nephron များကြားရှိ နေရာ များကို ထိခိုက်စေသော ရောဂါတစ်ခုဖြစ်ပါသည်။ ရုတ်တ ရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း သို့မဟုတ် နာတာရှည်ဖြစ်ပွား ခြင်း ဟူ၍ ရှိနိုင်ပါသည်။

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

Interstitial-nephritis သည် မည်သည့်အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ သို့သော် အသက်ကြီးသူများတွင် ပို၍ ဖြစ်ပွားပါသည်။ Interstitial-nephritis သည် ကျောက် ကပ်ပျက်စီးမှုများ၏ ၁၀-၁၅ ရာခိုင်နှုန်းတွင် တွေ့ရပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း နှင့် အဖုများ ထွက်ခြင်း တို့ဖြစ်ပါသည်။ ဆီးတွင် ပုံမှန်မဟုတ်သော ဆဲလ် များ ပါဝင်လာနိုင်ပါသည်။ ထိုဆဲလ်များသည် သွေးဖြူဥ အမျိုးအစား တစ်မျိုးဖြစ်သော eosinophils များ ဖြစ်ပါ သည်။

အချို့လူများတွင် ကျောက်ကပ်လုပ်ငန်း အလွန် မဆိုးရွား ခင်အထိ ရောဂါလက္ခဏာ မပြဘဲ ဖြစ်တတ်ပါ သည်။ ထို့နောက် ကျောက်ကပ်ပျက်စီးသော လက္ခဏာများ (အားနည်းခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ အော့အန် ခြင်း၊ ခြေထောက်ရောင်ခြင်း၊ ပါးစပ်ထဲတွင် သတ္ထု အရသာ ခံစားရခြင်း) တို့ ဖြစ်ပေါ်လာပါသည်။

ရောဂါပိုးကူးစက်မှုကြောင့် nephritis ဖြစ်ပါက အဖျား တက်ခြင်း၊ ချမ်းတုံခြင်း၊ ကျောအောက်ဘက်နာခြင်း နှင့် ဆီး နှင့်ဆိုင်သော လက္ခဏာများ ( ဆီး ပူလောင်ခြင်း၊ မကြာခဏ ဆီး သွားခြင်း၊ ဆီးသွားရန် တုံ့ဆိုင်းခြင်း၊ ဆီးတွင် သွေးပါ ခြင်း) တို့ဖြစ်နိုင်ပါသည်။ သွေးပေါင်ချိန်လည်း တက်နိုင်ပြီး တစ်ခါတစ်ရံ ထိန်းချုပ်ရန် ခက်ခဲနိုင်ပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ တွေ့ရှိပါက ဆရာဝန်နှင့် ဆက်သွယ်သင့် ပါသည်။

  • ဆီးတွင် သွေးပါခြင်း သို့မဟုတ် ချမ်းတုန်ခြင်း၊ အဖျား တက်ခြင်း နှင့် ကျောအောက်ပိုင်းနာခြင်း ဖြစ်ပါက
  • ဆေးအသစ် စသောက်ပြီးနောက် အဖုအပိမ့် များ ထွက်ခြင်း၊ penicillin သို့မဟုတ် အခြား ပဋိဇီဝ ဆေးများ နှင့် ဓါတ်မတည့်ခြင်း၊ ဆေး၏ ဘေးထွက် ဆိုးကျိုး များ ခံစားရခြင်း

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါ က သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာ ဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

Interstitial-nephritisသည် များသောအားဖြင့် ပဋိဇီဝ ဆေးများ၊ အရောင်ကျဆေးများ နှင့် ဆီးဆေးများ စသော ဆေးများကြောင့် ဖြစ်ပွားပါသည်။ အခြားဆေးများ၊ ဘတ်တီး ရီးယား နှင့် ဗိုင်းရပ်စ် ကူးစက်မှုများ ကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ Lupus, sarcoidosos, Sjogren’s syndrome စသော ကိုယ်ခံအားစနစ် ရောဂါများနှင့် ဆက်စပ်မှု ရှိပါသည်။ သို့သော်ရှားပါသည်။ တစ်ခါတစ်ရံ တွင် ဖြစ်စေသော အကြောင်းရင်းကို မသိရှိပါ။

Risk factors

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Interstitial-nephritis ဖြစ်နိုင်ချေကို မြင့်စေသော အ ချက်များစွာ ရှိပါသည်။ ဥပမာ-

  • အရွယ်ရောက်ပြီးသူများတွင် ဆရာဝန်၏ ညွှန်ကြား ချက်ကို မလိုက်နာခြင်း
  • ကလေးငယ်များတွင် ရောဂါပိုးကူးစက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကုသမှုသည် ကျောက်ကပ်ပျက်စီးမှုနှင့် ကျောက်ကပ် ပျက်စီးမှုနှင့် ဆက်စပ်သော ဇီဝကမ္မပြဿနာများ ( potassium များခြင်း၊ ကယ်စီယမ်နည်းခြင်း နှင့် phosphorus များခြင်း၊ သွေးဆဲလ်နည်းခြင်း) ကို ဖြေရှင်းရန် ရည်ရွယ်ပါသည်။

ကျောက်ကပ်အထူးကု ဖြင့်ပြသနိုင်ပါသည်။ ကုသမှုသည် ဖြစ်စေသော အကြောင်းရင်းကို ပြင်ဆင်ရန်လည်း ကြိုးစား ပါသည်။ ဆေးတစ်မျိုးသည် ရောဂါကို ဖြစ်စေပါက ပြဿနာ ဖြစ်စေသော ဆေးကို ရပ်ပါ။ ဘတ်တီးရီးယား ကူးစက်မှု ဖြစ်ပါက ပဋိဇီဝဆေးဖြင့် ကုသပါ။ အစောပိုင်း ကုသမှုကို တုန့်ပြန်ခြင်း မရှိပါက prednisone ကဲ့သို့ corticosteroids ဆေးများ သောက်ပါ။ Corticosteroids ဖြင့် မသက်သာ ပါက cyclophosphamide ကဲ့သို့ ပြင်းသော ဆေးများ အသုံး ပြုပါ။

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓါကိုယ်စစ်ဆေး ခြင်း နှင့် သွေး၊ဆီး စစ်ဆေးခြင်းတို့မှ ရောဂါအဖြေရှာခြင်းကို ပြုလုပ်ပါသည်။ ဆရာဝန်သည် အသံလှိုင်းများကို အသုံးပြု၍ ကျောက်ကပ် ပုံရိပ်များကို ရယူသော Ultrasonography ကို အသုံးပြုနိုင်ပါသည်။

မရှင်းလင်းသော ရောဂါအဖြေရှာခြင်း များအတွက် ဆရာဝန်သည် ကျောက်ကပ်မှ တစ်ရှူးစယူခြင်း ကို ပြုလုပ်နိုင်ပါသည်။ တစ်ရှူးစထုတ်ယူခြင်းတွင် အထူးပြု လုပ်ထားသော အပ်ဖြင့် ကျောက်ကပ်တွင်းသို့ ထိုးသွင်းပြီး ကျောက်ကပ်တစ်ရှူးအနည်းငယ်ကို ယူကာ အဏုကြည့် မှန် ပြောင်းအောက်တွင် စစ်ဆေးပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Interstitial-nephritis ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Interstitial-nephritis ကို ထိန်းချုပ်နိုင် ပါသည်။

  • ရုတ်တရက်ဖြစ်သော ရောဂါသည် ပြဿနာဖြစ်စေ သော ဆေးကိုရပ်ပြီး ရက်အနည်းငယ်အကြာတွင် ကောင်းမွန်နိုင်ကြောင်း သိရှိပါ။
  • ညွှန်ကြားထားသည့်အတိုင်း ဆေးသောက်ပါ။
  • ရုတ်တရက် ရောဂါဖြစ်သော လူများ၏ သုံးပုံတစ်ပုံ တွင် ယာယီကျောက်ကပ်ဆေးခြင်း ပြုလုပ်ရန် လို အပ်ပါသည်။
  • နာတာရှည်ရောဂါ ဖြစ်သောလူများသည် ကျောက် ကပ်ပျက်စီးမှု ရှိနိုင်ပြီး အမြဲတန်း ကျောက်ကပ် ဆေးခြင်း ပြုလုပ်ရန် လိုအပ်ပါမည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version
Ferri, Fred. Ferri’s Netter Patient
Advisor. Philadelphia, PA: Saunders /
Elsevier, 2012. Download version

ယခုပုံစံ

31/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement