တကယ်လို့ သင့်ရဲ့ ဒူးခေါင်းရိုး ဒါမှမဟုတ် ဒူးက အခြားအရိုးတွေ ကျိုးပဲ့နေတယ်ဆိုရင် ဒူးထဲမှာ ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ် ။ တစ်ခါတလေမှာ ဘာမဟုတ်တဲ့ အပိုင်းအစလေးကတောင် အဆစ်တွေ ဒါမှမဟုတ် ဒူးရဲ့ soft tissues (နူးညံ့တဲ့ တစ်သျှူး)တွေကို ပျက်စီးစေနိုင်ပါတယ်။
ဒူးအကြောရောင်နာမှာတော့ အဆစ်အကြောရောင်နာ (rheumatoid arthritis) ၊ ဒူးရိုးအကြောရောင်နာ (osteoarthritis) ၊ lupus နဲ့ လေးဘက်နာတို့ပါဝင်ပါတယ်။
ဒါကတော့ အဆစ်နဲ့ ဒူးမှာရှိတဲ့ အခြားတစ်သျှူးတွေကို ထိခိုက်စေပြီး ရောင်ရမ်းစေပါတယ်။ ဒါဟာ ခုခံအားစနစ်ချွတ်ယွင်းမှုရောဂတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က သူ့ရဲ့ ကိုယ်ပိုင်တစ်သျှူးအကောင်းတွေ (ဒီတစ်သျှူးတွေမှာ ဘာပြဿနာမှမရှိလည်း) ကို တိုက်ခိုက်တဲ့အခါဖြစ်ပါတယ်။
အဆစ်ထဲမှာ နာကျင်မှု၊ တောင့်တင်းမှု၊ ပူနွေးမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ ရွေ့လျားနိုင်မှုကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ တစ်ခါတရံမှာ ရင်ဘတ်ထဲမှာ နာကျင်တာမျိုးကိုတောင် ခံစားရနိုင်ပါတယ်။
ဒါကတော့ အဆစ်ရဲ့ အဖြစ်အများဆုံးသော degenerative disorder ပါပဲ။ Cartilageဆိုတာ ကော်လာဂျင်အများစုနဲ့လုပ်ထားတဲ့ တစ်သျှူးပါ။ သူကတော့ ဒူးရဲ့ အရိုးတွေကြားမှာ တည်ရှိပြီး ထိခိုက်ပျက်စီးမှု (shock)တွေကို စုပ်ယူပါတယ်။ အချိန်တွေကြာလာတဲ့အခါ cartilage ဟာ ပြိုကွဲသွားပြီး ကြားခံမှု(cushion)လည်း လျော့နည်းလာပါတယ်။
အရိုးတွေဟာ တစ်ခုနဲ့တစ်ခုပွတ်တိုက်ပြီး နာကျင်မှု၊ တောင့်တင်းမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားလာရပါတယ်။ အရိုးတွေပွတ်တိုက်ခြင်းဟာ အဆစ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒူးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေနဲ့ အရွတ်တွေရဲ့ အားနည်းမှုနဲ့ တောင့်တင်းမှုကိုလည်း သင်ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။