backup og meta

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ကဘာလဲ။

အရေပြားတွင် အနီရောင်အကြေးခွံကဲ့သို့သော အကွက်များဖြစ်ပေါ်စေပြီး တစ်ကိုယ်လုံးအနှံ့ဖြစ်ပွားနိုင်သည်။ အများအားဖြင့် ဒူးနှင့် တထောင်ဆစ်များတွင် တွေ့ရတတ်သည်။ အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါသည် ကူးစက်ရောဂါမဟုတ်ပါ။ ပုံစံမျိုးစုံတွေ့ရပြီး တခုသော တွေ့ရှိရသည့် ပုံစံမှာ ပိုးဝင်မနေသော အဖြူရောင်ရေကြည်ဖုကဲ့သို့သော ပြည်တည်နာများနှင့်တွဲ၍ဖြစ်သည်။ ပြည်တည်နာများနှင့်တွဲဖက်၍တွေ့ရှိရသည့်အပြင် တခါတရံ အဖုများဖြင့်တွဲ၍လည်း တွေ့ရှိရနိုင်သည်။ လက်နှင့်ခြေထောက်များကဲ့သို့သောနေရာများတွင် ကွက်၍ဖြစ်ပွားနိုင်သလို တစ်ကိုယ်လုံးအနှံ့လည်းဖြစ်ပွားနိုင်သည်။ မျက်နှာပေါ်တွင်ဖြစ်ပွားရန်ခဲယဉ်းသည်။ ဖြစ်ပွားရန်ရှိသည့် အရေပြားမှာ နီရဲနေပြီး ထိမိလျှင်နာကျင်တတ်ပြီး နာရီအနည်းငယ်အတွင်း ရေကြည်ဖုကဲ့သို့သော ပြည်တည်နာကြီးများဖြစ်သွားနိုင်သည်။ ထိုအနာများသည် အညိုရောင်မာကျောသည့်အခွံများဖြင့်ဖုံးအုပ်ထားပြီး ထိုအခွံများ ကွာကျသွားပါက တောက်ပချောမွတ်သောအရေပြားကို မြင်တွေ့ရတတ်သည်။

ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါမျိုးကွဲများမှာ

  • Von Zumbusch pustular psoriasis
  • Palmoplantar pustulosi
  • Acropustulosis

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မည်သူတွင်မဆိုဖြစ်ပွားနိုင်ပြီး ဖြစ်ပွားသည့် လူကြီးများ၏ ပျမ်းမျှအသက်မှာ 50နှစ်ခန့်ရှိကြောင်းသိရသည်။ အသက်10နှစ်အောက်ကလေးငယ်များတွင် ဖြစ်ပွားရန်ကားအလွန်ခဲယဉ်းသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပြသပါ။

လက္ခဏာများ

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာကျင်နေသော အနီရောင်အကွက်များမှစတင်ဖြစ်ပွားသည်။ ပြည်ဖုများသည် နာရီပိုင်းအတွင်းဖြစ်ပေါ်လာပြီး တစ်ရက်နှစ်ရက်အတွင်းခြောက်ကပ်သွားတတ်သည်။ အချို့သောနေ့များတွင်ဖြစ်စေ အပတ်စဉ်ပုံမှန်ဖြစ်စေ

ပြန်လည်ဖြစ်ပွားတတ်သည်။ ကလေးများတွင်ဖြစ်ပွားရန်ခဲယဉ်တတ်ပြီး ဖြစ်ပွားပါကလည်း လူကြီးများထက်ကုသပျောက်ကင်းလွယ်သည်။ ထို့ပြင် ကလေးငယ်များတွင် မကုသပဲလည်း ပြန်ကောင်းသွားနိုင်သည်။ ဖြစ်ပေါ်တတ်သည့် လက္ခဏာရပ်များမှာ

  • အလွန်ယားယံခြင်း
  • အဖျားတက်ခြင်း
  • သွေးခုန်နှုန်းမြန်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • သွေးအားနည်းခြင်း
  • ချမ်းတုန်ခြင်း
  • ရေဓါတ်နည်းပါးနေခြင်း

တတ်နိုင်သမျှလျှင်မြန်စွာ ကုသမှုစတင်ရန်လိုအပ်သည်။ အချိန်လွန်သွားပါက မောပန်းနမ်းနွယ်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲပြဿနာများမှာ ဆံပင်နှင့်လက်သည်းများကျွတ်ခြင်း၊ဘက်တီးရီးယားပိုးများဝင်ခြင်း၊အသည်းအားလည်းထိခိုက်မှုတို့ဖြစ်ပွားနိုင်သည်။ မကုသပဲထားပါက အသက်ရှူခြင်းနှင့်နှလုံးခုန်ခြင်းတို့လည်း ရပ်သွားနိုင်ပါသည်။

PPP

လက်ဖဝါး၊ခြေဖဝါးများနှင့် ခြေဖနောင့်၏ ဘေးနံရံများတွင်ဖြစ်ပွားသည်။ အနီကွက်များအပေါ်တွင် ပြည်ဖုများပေါက်လာပြီးနောက် အညိုရောင်ပြောင်း၍ကွာကျကာ အကြေးခွံများဖြစ်လာသည်။Von ကဲ့သို့ပင် ပုံမှန်ဖြစ်နေကျရက်များတွင် ဖြစ်ပေါ်လာတတ်ပြီး အရေပြားအား မာကြောကြမ်းတမ်းစေသည်။

ဆေးလိပ်သောက်သုံးသူများတွင် ပို၍အဖြစ်များသည်။

Acro

အလွန်ရှားပါးသည့်ရောဂါကွဲတစ်မျိုးဖြစ်ပြီး လက်ချောင်းနှင့်ခြေချောင်းများ၏ထိပ်တွင် နာကျင်စေသည့် အရေပြားအဖုများကို မြင်တွေ့နိုင်သည်။ ထိုအဖုများပေါက်သွားသောအခါ

သွေးစို့နေသည့် အနီရောင်အကြေးခွံများကျန်ခဲ့တတ်သည်။

ပိုးဝင်ခြင်း(သို့)အရေပြားအားထိခိုက်အနာတရဖြစ်ခြင်းတို့မှ စတင်ဖြစ်ပွားတတ်သည်။ လက်သည်းခြေသည်းများအားပျက်စီးရုပ်ဆိုးစေနိုင်သည့်

အထိပြင်းထန်တတ်ပြီး အောက်ခံလက်ချောင်းခြေချောင်းများ၏အရိုးများကိုလည်းထိခိုက်စေနိုင်သည်။

အထက်ပါလက္ခဏာများအပြင်အခြားရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့်တွေ့ဆုံပြသပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါအားသိရှိနားလည်ရန် ပုံမှန်အဖုအများနှင့်တွဲ၍တွေ့ရတတ်သောအဆစ်အမြစ်ရောင်ရောဂါအား သိရှိရန်လိုအပ်သည်။ အများအားဖြင့် မျိုးရိုးနှင့် ပတ်ဝန်းကျင်၏သက်ရောက်မှုများကြောင့်ဖြစ်ပေါ်လာရသည်ဟုယုံကြည်ထားကြသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအကြောင်းအရာများက ဖြစ်နိုင်ချေကို များပြားစေနိုင်သည်။

  • စိတ်ဖိစီးမှုများ
  • ကိုယ်ဝန်ဆောင်ခြင်း
  • အရေပြားအားထိခိုက်အနာတရဖြစ်ခြင်း
  • ပိုးဝင်ခြင်း
  • အချို့သော ဓါတုပစ္စည်းများနှင့် သတ္တုများကို ထိတွေ့မိခြင်း
  • ခရမ်းလွန်ရောင်ခြည် နှင့် လွန်စွာထိတွေ့မိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါမှာ ဖြစ်ပွားနေကျ အရေပြား တွင် အနီကွက်များပေါ်ခြင်းနှင့်မတူညီပါ။ အကယ်၍အရေပြားပေါ်တွင် ပုံမှန်မဟုတ်သော အနီကွက်များ၊ရေကြည်ဖုများ၊နှင့် ပျောက်ရန်ခဲယဉ်းနေသော အနာများရှိပါက ဆရာဝန်အားပြသသင့်ပါသည်။ ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါအား စမ်းသပ်တွေ့ရှိရန် သွေးဆဲလ်ပမာဏများ၊သွေးဖြူဥများ၏ရောဂါများစစ်ဆေးခြင်း၊ရောင်ရမ်းခြင်းရှိမရှိစစ်ဆေးခြင်းတို့ကို စစ်ဆေးရန် ဆရာဝန်မှ ညွှန်ကြားတတ်သည်။ ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါတွင်ကား လင်ဖိုဆိုက်ခေါ်သွေးဖြူဥများနည်းပါးနေတတ်သည်။ တခါတရံတွင် ပြည်ဖုများအားဖောက်ထုတ်၍ စစ်ဆေးကာ ရောဂါရှိမရှိအတည်ပြုလေ့ရှိသည်။

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုမှာ ဖြစ်ပွားသောရောဂါကွဲနှင့် ပြင်းထန်မှုတို့အပေါ်မူတည်သည်။ တခါတရံတွင် ထိရောက်သောကုသမှုဖြစ်ရန် ကုသမှုမျိုးစုံပြုလုပ်ရတတ်သည်။ အရောင်ကျစေသည့် လိမ်းဆေးများကို ဆရာဝန်မှပေးတတ်သည်။ ထိုအရောင်အရမ်းကျဆေးများသည် အရေအပြားအား ပျော့ပျောင်းစေပြီး ရောင်ရမ်းမှုအားသက်သာစေသည်။ သဘာဝအတိုင်းဖြစ်စေ ဖန်တီးထား၍ဖြစ်စေ ရရှိသော

ခရမ်းလွန်ရောင်ခြည်အားလည်းအသုံးပြုကုသတတ်သည်။ ပီယူဗီအေဆိုသော ကုသမှုမှာ

ခရမ်းလွန်ရောင်ခြည်နှင့် အောက်ပါဆေးများကို အသုံးပြု၍ကုသခြင်းဖြစ်သည်။

  • အဇီတီရင်
  • ဆိုက်ကလိုစပိုရင်
  • မီသောက်ထရက်ဆိပ်
  • ဆိုရာလန်သောက်ဆေးနှင့် ခရမ်းလွန်ရောင်ခြည် A
  • တီအင်အက်ဖ် အယ်လ်ဖာဘလော်ကာများ

သက်သာစေရန် ရေဓါတ်ဆုံးရှံုးမှုနှင့် ပိုးဝင်ခြင်းအား ကာကွယ်ရန်လည်း လိုအပ်သည်။

ပိုးသတ်ဆေးများ၊ရေဓါတ်အားပြန်ဖြည့်ခြင်း၊နှင့် လိမ်းဆေးများသည် ကုသမှုတွင်ပါဝင်တတ်ပြီး ထိုကုသမှုများနှင့် မသက်သာပါကစတီးရွုက်သောက်ဆေးများကိုဆရာဝန်မှ ညွှန်ကြားတတ်သည်။ စတီးရွုက်အား ချက်ချင်းဖြတ်လိုက်ပါက ရောဂါအားပြန်ဖြစ်စေတတ်သောကြောင့် ဖြည်းဖြည့်းချင်းဆေးပမာဏအားလျှော့ချသောက်သုံးခြင်းဖြင့် ဆရာဝန်၏ညွှန်ကြားချက်အတိုင်းဖြတ်သင့်ပါသည်။ စတီးရွိုက်၏ ဆိုးကျိုးများအကြောင်းကို ဆရာဝန်အား မေးမြန်းပါ။

Pal

လိမ်းဆေးများ၊ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသခြင်း၊ကိုယ်ခံအား မီသောက်ထရီဆိပ်ကဲ့သို့သော ဆေးများဖြင့် ဖိနှိပ်၍ကုသခြင်းများသည် ကုသမှုတွင် ပါဝင်တတ်သည်။ မည်ကဲ့သို့ကုသမည်ကို ဆရာဝန်အား မေးမြန်းစုံစမ်းပါ။

Acro

ဖြစ်ပွားရန်ခဲယဉ်းပြီး ထိရောက်စွာ ကုသနိုင်သည့် ကုသနည်းများလည်း ထင်ထင်ရှားရှားသတ်မှတ်ထားခြင်းမရှိပေ။ လိမ်းဆေးနှင့် သောက်ဆေးများပေါင်း၍ကုသတတ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pustular Psoriasis https://www.emedicinehealth.com/pustular_psoriasis/page2_em.htm#what_are_pustular_psoriasis_symptoms_and_signs Accessed November 02, 2017
Pustular Psoriasis
https://www.webmd.com/skin-problems-and-treatments/psoriasis/pustular-psoriasis#1 Accessed November 02, 2017
What Does Pustular Psoriasis Look Like? https://www.healthline.com/health/pustular-psoriasis#overview1 Accessed November 02, 2017

ယခုပုံစံ

07/01/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement