TPHP နဲ့ထိတွေ့မှုက မျိုးပွားအင်္ဂါနဲ့ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ပြဿနာရှိစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ TPHP ကို ပလပ်စတစ်နဲ့ သားရေအိမ်ထောင်ပရိဘောဂတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။
လက်သည်းနီအများစုမှာ အဆိပ်သင့်စေတယ်လို့ သိထားကြတဲ့ ဓာတ်ပစ္စည်း ၃ မျိုးဖြစ်တဲ့ dibutyl phthalate (DBP)၊ toluene နဲ့ formaldehyde တို့ပါဝင်ကြပါတယ်။ TPHP လိုမျိုးပဲ DBP ကိုလည်း ပလပ်စတစ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ အဆိုပါ ဓာတုပစ္စည်း နှစ်မျိုးက ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး မျိုးပွားမှုပိုင်းမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဥရောပ သမဂ္ဂကတော့ အဆိုပါဓာတုပစ္စည်း ၂ မျိုးကို အလှကုန်တွေနဲ့ အရုပ်တွေမှာ ထည့်သွင်းလုပ်ဆောင်တာမျိုးမလုပ်ဖို့ တားမြစ်ထားပါတယ်။ DBP နဲ့ ခဏတာလောက်ထိတွေ့မိတာက မအီမသာဖြစ်စေနိုင်သလို အော့အန်တာတွေ၊ ခေါင်းကိုက်တာတွေနဲ့ မျက်စိကို ထိခိုက်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရှည်ထိတွေ့မယ်ဆိုရင်တော့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
Toluene ကတော့ လက်သည်းဆိုးဆေးကို အရောင်တောက်ပစေဖို့နဲ့ချောမွေ့စေဖို့အတွက် အသုံးပြုတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Toluene ကိုဆီဆိုင်တွေမှာလည်း ရှူရှိုက်မိနိုင်ပါတယ်။ Toluene က ဓာတ်ဆီထဲမှာပါတဲ့ စွဲလန်းစေတတ်တဲ့ ဓာတ်တစ်မျိုးပါ။ Toluene ကအရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာကိုဖြစ်စေနိုင်သလို ဗဟိုအာရုံကြော စနစ်အပေါ်မှာလည်း သက်ရောက်မှုရှိတဲ့အပြင် အားနည်းတာနဲ့ စိတ်ရှုပ်ထွေးတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကာလကြာမြင့်စွာထိတွေ့မယ်ဆိုရင်တော့ မျိုးပွားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေ နဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းတွေမှာပါ ထိခိုက်မှုတွေရှိလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။