brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Tinea Pedis (ခြေထောက်ပွေးစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ကဘာလဲ။

ခြေထောက်အရေပြားပေါ်မှိုစွဲခြင်းဖြစ်ပြီးတစ်ခါတရံမှာခြေသည်းတွေလက်တွေဆီကိုကူးသွားနိုင်ပြီးတစ်ဦးမှတစ်ဦးအလွယ်တကူကူးစက်နိုင်ပါတယ်။ အားကစားသမားတွေမှာအများဆုံးတွေ့ရတတ်လို့ အားကစားခြေထောက်မှိုလို့လည်းခေါ်ကြပါတယ်။ ဖိနပ်၊ခြေအိတ်၊ရေကူးကန်၊အများပိုင်နေရာတွေမှာရှိတဲ့ပစ္စည်းခေတ္တသိမ်းနိုင်တဲ့ဗီရိုတွေ၊အများသုံးရေချိုးခန်းကြမ်းပြင်တွေအစရှိတဲ့ပူနွေးစွတ်စိုတဲ့နေရာတွေမှာတွေ့ရများတတ်ပါတယ်။

Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘယ်အရွယ်မှာမဆိုဖြစ်နိုင်ပြီၤးအရွယ်ရောက်ပြီးသူတွေမှာကလေးတွေထက်ဖြစ်နိုင်ချေပိုရှိပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရတတ်ပါတယ်။ ရှူးဖိနပ်ခပ်ကျပ်ကျပ်စီးတဲ့လူတွေအများသုံးရေချိုးခန်းတွေရေကူးကန်တွေအသုံးပြုလေ့ရှိသူတွေမှာပိုတွေ့ရတတ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ခပ်ငယ်ငယ်အမျိုးသားတွေမှာတွေ့ရများဆုံးဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ထပ်မံသိရှိလိုသည်များကိုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့

  • ခြေချောင်းကြားနေရာတွေမှာယားခြင်း၊ပူခြင်း၊စူးခြင်း၊စပ်ဖျဉ်းဖျဉ်းခံစားရခြင်း
  • ခြေထောက်တွင်ယားနာများပေါက်ခြင်း
  • ခြေထောက်အရေပြားများကွဲခြင်း၊ကွာကျခြင်းအထူးသဖြင့်ခြေချောင်းကြားနေရာတွေနဲ့ခြေဖဝါးတွေမှာပိုဖြစ်တတ်ပါတယ်။
  • ခြေထောက်ဘေးတွေနဲ့ခြေဖဝါးအရေပြားတွေခြောက်သွေ့ပြီးကြမ်းလာခြင်း
  • ခြေသည်းအရောင်ပြောင်းလာခြင်း၊ထူလာခြင်း၊ကြွပ်ဆတ်လာခြင်း
  • ခြေသည်းခွံကျွတ်ထွက်ခြင်း
  • အခြားလက္ခဏာတွေကည်းရှိနေနိုင်ပါသေးတယ်။ လက္ခဏာတွေတစ်ခုခုနဲ့ပတ်သက်ပြီးစိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    ဆေးမြီးတိုတွေနဲ့ကုသလို့ ရက်သတ္တပတ်တွေကြာတဲ့အထိမသက်သာဘူးဆိုရင်သွားပြသင့်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင်၊ခြေထောက်ပိုးဝင်နေတယ်လို့သံသယရှိရင် ၊ အလွန်အမင်းရောင်နေခြင်း၊နီနေခြင်း၊ အရည်ထွက်ခြင်း၊ ဖျားနာခြင်းတွေရှိခဲ့မယ်ဆိုရင် အမြန်ဆုံးသွားပြသင့်ပါတယ်။

    သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    တစ်ရှူးအသေတွေဖြစ်တဲ့အမွေးတွေခြေသည်းတွေနဲ့ အရေပြားအပေါ်ယံလွှာတွေမှာရှင်သန်တဲ့အနုကြည့်မှန်ပြောင်းနဲ့သာမြင်နိုင်တဲ့မှိှုတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ခြေထောက် မှိုစွဲခြင်းကိုဖြစ်စေနိုင်တဲ့မှိုအမျိုးအစားတွေကတော့

    • Trichophyton (T.) rubrum
    • interdigitale (ယခင်ကT. mentagrophytes var. interdigitaleလို့ခေါ်တွင်ခဲ့သည်)
    • Epidermophytonfloccosum

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အလွယ်တကူကူးစက်စေနိုင်တဲ့အကြောင်းတွေကတော့

    • မှိုတွေရှိနေနိုင်တဲ့အများသုံးနေရာတွေမှာရှိတဲ့ခေတ္တပစ္စည်းသိမ်းခန်းတွေ၊အများသုံးရေချိုးခန်းတွေ၊ရေကူးကန်ကြမ်းပြင်တွေမှာခြေဗလာနဲ့ လျှောက်သွားခြင်း
    • မှိုစွဲနေတဲ့လူဆီကဖိနပ်ခြေအိတ်များငှားသုံးခြင်း
    • ထိပ်ပိတ်ရှူးဖိနပ်အစီးများခြင်း
    • အချိန်ကြာကြာခြေထောက်စိုနေခြင်း(သို့)ခြေထောက်ချွေးထွက်ခြင်း
    • ခြေထောက်အရေပြား၊ခြေသည်းအနည်းငယ်ထိခိုက်ရှနာရှိခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သာမန်မှာဆိုရင်ဆရာဝန်ကအခြေအနေကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။ သေချာချင်တယ်ဆိုရင်တော့

    • မှိုစွဲနေတဲ့သင့်အရေပြားစကိုယူပြီးအနုကြည့်မှန်ပြောင်းနဲ့ ကြည့်ခြင်း
    • Wood’s lightအထူးအလင်းရောင်ဖြင့်ခြေထောက်ကိုကြည့်ခြင်း
    • အရေပြားစနမူနာကိုဓါတ်ခွဲခန်းသို့ပို့ခြင်း

    Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

    ရောဂါ အမျိုးအစားနဲ့အခြေအနေအဆိုးအကောင်းပေါ်မူတည်ပြီးသင့်တော်တဲ့ကုသမှုတွေလိုအပ်ပါလိမ့်မယ်။ နောက်တစ်ခါပြန်မဖြစ်အောင် ဆေးပတ်လည်ဖို့တော့လိုပါလိမ့်မယ်။

    ပထမဆုံးအနေနဲ့ clotrimazole (Lotrimin)၊ miconazole (Micatin)၊ terbinafine (Lamisil)၊ tolnaftate (Tinactin)ကဲ့သို့သောဆေးစာမလိုဘဲအပြင်က ဝယ်လို့ရသော လိမ်းဆေးများကိုအသုံးပြုနိုင်သည်။

    ဒီလိမ်းဆေးတွေနဲ့တင် မသက်သာလာဘူးဆိုရင် (သို့) ပိုဆိုးလာမယ်ဆိုရင်ဆရာဝန် ရဲ့ ညွှန်ကြားချက်အတိုင်းကုသဖို့လိုလာပါလိမ့်မယ်။ ဆရာဝန်သည်အောက်ပါဆေးများကို ညွှန်ကြားနိုင်သည်။

    • လိမ်းဆေးတွေကတော့butenafine (Mentax)၊ clotrimazole ၊ naftifine (Naftin))
    • သောက်ဆေး (ဥပမာ- fluconazole (Diflucan)၊ itraconazole (Sporanox)၊ terbinafine (Lamisil))

    လူနေမှုုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးများကခြေထောက်ပွေးရောဂါကုသရာတဲ့နေရာမှာနဲ့ လိုက်လျောညီထွေအောင်နေတဲ့နေရာတွေမှာဘယ်လိုအထောက်အကူပြုနိုင်လဲ။

    အောက်ဖော်ပြပါလူနေမှုပုံစံနဲ့အိမ်သုံးကုထုံးကခြေထောက်ပွေးရောဂါကုသရာတဲ့နေရာမှာနဲ့လိုက်လျောညီထွေအောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    • ခြေထောက်ကိုခြောက်သွေ့သန့်ရှင်းအောင်ထားခြင်း
    • ရေချိုးပြီးရေကူးပြီးနောက်ခြေချောင်းတွေကြားခြောက်အောင်သုတ်ခြင်း
    • သက်တောင့်သက်သာရှိတဲ့ရှူးဖိနပ်၊ ခြေညှပ်ဖိနပ်များစီးခြင်း
    • အခန်းအတွင်းမှာဆိုလျှင်ရှူးဖိနပ်ကိုချွတ်၍ခြေအိတ်ဖြင့်နေခြင်း
    • ချွေးတွေစုပ်ဖို့ ခြေအိတ်စွပ်ခြင်း၊ခြေအိတ်က်ုတစ်နေ့ နှစ်ကြိမ်လဲခြင်း
    • ခြေထောက်ကိုမှိုသတ်ဆေးပေါင်ဒါလိမ်းပေးခြင်း
    • ရှူးဖိနပ်တွေကိုနောက်တစ်ခေါက်ပြန်မစီးခင်အနည်းဆုံးတစ်ရက်ကြာလေသလပ်ထားခြင်း
    • အများသုံးရေချိုးခန်းတွေ၊ရေကူးကန်တွေမှာခြေညှပ်ဖိနပ်၊ကြိုးသိုင်းဖိနပ်များစီးခြင်း

    သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင်သင့်အတွက်သင့်တော်တဲ့အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    HelloHealthGroupသည်ဆေးပညာဆိုင်ရာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    PasteTextHere

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Dr. K Zin Thwe
    Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Hello Sayarwon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/11/2022 ဖြစ်ပါသည်။