Tinea Infection (ပွေးပေါက်ခြင်း) အကြောင်းလေး လေ့လာလိုက်နော်။
Tinea Infection (ပွေးပေါက်ခြင်း) အကြောင်းလေး လေ့လာလိုက်နော်။

ပွေးကူးစက်ခြင်းသည် ခန္ဓါကိုယ်အနှံ့ဖြစ်ပွားနိုင်သော အရေပြားတွင် မှိုကူးစက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် အရေပြား (tinea corporis), ဦးရေပြား (tinea capitis), ခြေထောက် (tinea pedis, ခြေထောက်တွင်ဖြစ်သောပွေး သို့မဟုတ် သဲဝဲ), ပေါက်ခြံနေရာ (tinea cruris or jock itch) နှင့် ခြေသည်းလက်သည်း (tinea unguium) တို့တွင် ဖြစ်ပွားပါသည်။
ပွေးကူးစက်ခြင်း သည် မပြင်းထန်သော်လည်း ကူးစက်နိုင်ပြီး သက်တောင့်သက်သာမရှိ ဖြစ်စေပါသည်။ ပတ်ဝန်း ကျင် ရှိလူများ မကူးစက်စေရန် ကုသမှုအမြန် ခံယူရန် လိုအပ်ပါသည်။
ပွေးကူးစက်ခြင်းသည် အဖြစ်များပါသည်။
တွင် မကြာခဏဖြစ်ပွားတတ်ပါသည်။ သင့်တော်သော တစ်ကိုယ်ရည် သန့်ရှင်းမှုများ ပြုလုပ်ခြင်း ဖြင့် ကူးစက်ခံရခြင်းကို ကာကွယ်နိုင်ပါသည်။
ပွေးကူးစက်ခြင်း၏ ရောဂါလက္ခဏာများသည် ဖြစ်ပွားသော နေရာပေါ် မူတည်ပါသည်။ အဖြစ်များဆုံး ရောဂါလက္ခဏာမှာ ပြင်းထန်စွာ ယားယံခြင်း ဖြစ်ပြီး အရေပြားကို ခြောက်သွေ့ ခြင်းနှင့် အလွှာလိုက်ကွာခြင်း ဖြစ်စေပါသည်။
ခန္ဓါကိုယ်ပေါ်တွင် ပွေးသည် အဝိုင်း သို့မဟုတ် ဘဲဥပုံ၊ အနီ သို့မဟုတ် အညိုရောင် အစုအဝေးများ အနေဖြင့် အရေပြားပေါ်တွင် စတင်ပေါ်ပေါက်လာကာ ယားယံ့ခြင်းကို ဖြစ်စေပါ သည်။ အရေပြားသည် အပေါ်ယံ အပြားလွှာများဖြစ်လာပါသည်။ အဖျားချွှန်သော အဖုအသေးများ ရှိသော အကြေးခွံထူများ ဖြစ်လာပါသည်။ အကြေးခွံထနေသော အရေပြားအချပ် များရှိနေချိန်တွင် ရောဂါသည် အခြားသူများသို့ ကူးစက်နိုင်ပါသည်။ ကုတ်ခြင်းခြစ်ခြင်း သည် ရောင်ခြင်း၊ ပြဲခြင်း နှင့် ပိုးကူးစက်ခြင်း တို့ကို ဖြစ်စေပါသည်။
အရေပြားမှိုရောဂါများသည် ခြေထောက်နှင့် ကိုယ်ထည် တို့တွင် မကြာခဏဖြစ်လေ့ရှိသည်။ အရေပြား မှိုရောဂါ အမျိုးအစား များစွာရှိသည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီ တွင် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ မေးခွန်းများရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
နီရဲသော အကြေးခွံထသော အရေပြားကွက်များ ရှိပြီး နှစ်ပတ်ကြာသည်အထိ မသက် သာပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ရောင်ရမ်းသော မီးလောင်ဖုများဖြင့် လည်း ဆက်စပ် မှုရှိပါသည်။
အရေပြားမှိုကူးစက်ခြင်း ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ဆက်သွယ်ပါ။ ရောဂါကူးစက်မှု ဆိုးရွား လာခြင်းကို သိနိုင်သော လက္ခဏာများမှာ
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အရေပြားမှိုကူးစက်ခြင်းသည် ပိုးကောင်များကြောင့် မဟုတ်ပါ။ အဏုကြည့်မှန်ပြောင်း ဖြင့်သာ မြင်ရသော dermatophytes (tinea) ဟုစုပေါင်းခေါ်သော မှိုများကြောင့် ဖြစ်သည်။ Malassezia furfur မှိုသည် ပေါများပြီး trichophyton, microsporum နှင့် epidermophyton တို့လည်း ရှိပါသည်။
ပွေးဖြစ်စေသော မှိုသည် အလွန်သေးငယ်ပြီး အဏုကြည့်မှန်ပြောင်း အောက်တွင်သာ မြင်ရပါသည်။ ပူနွေးစိုစွတ်သော ပတ်ဝန်းကျင်တွင် ပေါက်ပါသည်။ ခန္ဓါကိုယ် တွင်း ဟော်မုန်းအပြောင်းအလဲရှိသူများတွင် ကိုယ်ခံအားစနစ် အားနည်းပြီး ပုံမှန် ထက် မှိုရောဂါ ကူးစက်နိုင်ပါသည်။
ပွေးရှိသူများနှင့် ထိတွေ့ခြင်းသည် ရောဂါရစေနိုင်ပါသည်။ အောက်ပါတို့မှ ရောဂါ ကူးစက်နိုင်ပါသည်။
မှိုကူးစက်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများ များစွာ ရှိပါသည်။ ဥပမာ အားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် အရေပြားစစ်ဆေးမှုများဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ ရောဂါအဖြေရှာခြင်း သည် ရလဒ်မရှင်းလင်းပါက အရေပြားစအနည်းငယ်ကိုယူပြီး မှိုကူးစက်မှုကို စစ်ဆေးနိုင်ပါသည်။ အရေပြားစကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်၍စစ်ဆေးနိုင်ပါသည်။ စစ်ဆေးမှု ရလဒ် များသည် ရက်အနည်းငယ်အတွင်း ရနိုင်ပါသည်။
ပွေးကူးစက်ခြင်းအတွက် ကုသမှုရွေးချယ်ခြင်းသည် သင့်အခြေအနေ ဆိုးရွားမှု နှင့် ထိခိုက် သော နေရာ ပေါ်တွင် မူတည်ပါသည်။
မပြင်းထန်သောကိစ္စများအတွက် ဆရာဝန်ညွှန်ကြားမထားသော ဆေးများ (ကရင်မ်၊ အရေပြား လိမ်းဆေး သို့မဟုတ် မှိုပျောက် အမှုန့်) တို့ကို အသုံးပြုနိုင်ပါသည်။
သို့သော်လည်း လူနာ သည် ဆရာဝန် ညွှန်ကြားသော မှိုပျောက် ကရင်မ်ကိုသာ အသုံးပြုသင့်ပါသည်။ ထိခိုက်သော နေရာ ပျောက်ကင်းသွားပြီး ၇ရက်ကြာသည်အထိ ဆေးလိမ်းခြင်းကို ဆက်လက် ပြုလုပ်သင့်ပါသည်။
ပိုဆိုးသောကိစ္စများတွင် ဆရာဝန်သည် ထိခိုက်သော နေရာပေါ်တွင် ပွတ်လိမ်းရသော မှိုပျောက်ကရင်မ် နှင့် မှိုပျောက်သော သောက်ဆေးများကို ညွှန်ကြားနိုင်ပါသည်။ ဆရာဝန်သည် ပြင်းထန်သော ကြာရှည်သော ကူးစက်မှု များအတွက် ဆေးပေးခြင်း (griseofulvin or terbinafine) အမျိုးအစားကို သတ်မှတ်နိုင်ပါသည်။ ထိုဆေးများသောက်ရာတွင် ဆရာဝန် ညွှန်ကြား သည့်အတိုင်း ပြီးပြည့်စုံအောင် သောက်သုံးရမည်။ မသောက်ပါက ပြန်ဖြစ်နိုင်သည်။
အချို့ရှားပါးသောကိစ္စများတွင် ထိုဆေးများသည် အသည်းလုပ်ငန်းပြောင်းလဲမှုများ ဖြစ်စေ ပါသည်။ ထို့ကြောင့် ဆရာဝန်သည် သင်၏အသည်းပုံမှန် အလုပ်လုပ်မှု ရှိသလား သေချာအောင် ဓါတ်ခွဲစမ်းသပ်ချက် များလုပ်ခိုင်းလိမ့်မည်။ ဆရာဝန်သည် ကုသမှု ခံယူနေစဉ်အတွင်း ဆး ပမာဏ ကို စောင့်ကြည့်နေပါမည်။
မှိုပေါက်ရာ နေရာပေါ်မူတည်၍ ကုသမှုအချိန်သည်လည်း ကွဲပြားပါသည်။ ပေါင်တွင် ဖြစ်သော ပွေးသည် ကုသမှု ၂-၈ပတ်အတွင်း သက်သာလာပြီး ခြေထောက်တွင် ဖြစ်သော ပွေးသည် သက်သာရန် ကုသမှု အချိန်ပို၍ ကြာပါသည်။ ရောင်စုံပွေး ကုသမှု သည် ၁-၂ ပတ်ကြာပြီး ၁လအထိ ကြာနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပွေးကူးစက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် ပွေးကူးစက်မှု ကို ကုသရန် ကူညီနိုင် ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။