backup og meta

Candidiasis (ကန်ဒီဒီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Candidiasis (ကန်ဒီဒီရေးစစ်) ကဘာလဲ။

ကန်ဒီဒီရေးစစ် ရောဂါ ဆိုသည်မှာ ကန်ဒီဒါ အယ်လ်ဘီကန် ဟုခေါ်သည့် မှိုကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်ပြီး လိင်အစိတ်အပိုင်းနေရာများ၊ပါးစပ်၊အရေပြားနှင့် သွေးတို့ကို ထိခိုက်စေတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပို၍ပြောရလျှင် အချို့သော ဆေးများနှင့် ရောဂါများသည် မှိုများကို အထူးသဖြင့် စိုစွတ်ပူနွေးသောနေရာများတွင် ပေါက်ပွားစေသည်။ မိန်းမကိုယ်တွင် ကန်ဒီဒါရောဂါပိုးဝင်ခြင်းကို မှိုရောဂါပိုးကြောင့်ဖြစ်စေသည့် မိန်းမကိုယ်ရောင်ရမ်းခြင်း yeast vaginitis ဟုခေါ်ပြီး ပါးစပ်ထဲတွင် ဖြစ်ပါက Thrush ဟုခေါ်သည်။

ဖြစ်ပွားသည့်နေရာအပေါ်မူတည်၍ကန်ဒီဒါရောဂါလက္ခဏာများမှာ ကွဲပြားသည်။ သင့်တွင် ယားရံ၍ရောင်ရမ်းစေသော အနီ(သို့)အဖြူကွက်များလည်း ဖြစ်ပေါ်လာတတ်သည်။ အခြားသော လက္ခဏာရပ်များမှာ အစာမျိုချရခက်ခြင်း (သို့)နာကျင်ခြင်း တို့ဖြစ်သည်။

ကန်ဒီဒီရေးစစ်ရောဂါသည် စိတ်ကသိကအောက်ဖြစ်စေသော်လည်း အသက်ဘေးရန်ကို ခြိမ်းခြောက်မှုရှိရန်ခဲယဉ်းတတ်သည်။ အချို့သောကန်ဒီဒီရေးစစ်

ရောဂါအချို့သည် ပြင်းထန်ပြီး ဆေးကုသမှုခံယူရန်လိုအပ်တတ်သည်။ ထိုရောဂါများထဲတွင် သွေးကြောထဲထိဝင်ရောက်ထိခိုက်စေနိုင်သော ကန်ဒီဒီရေးစစ် ရောဂါများလည်း ပါဝင်သည်။Candidemia or invasive candidiasis ဟုလည်းခေါ်သည်။

Candidiasis (ကန်ဒီဒီရေးစစ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ကလေးနှင့် လူကြီးများပါ မကျန်ဖြစ်ပွားနိုင်သော်လည်း ခုခံအားစနစ် အားနည်းနေသူများ ဥပမာ- ကိုယ်ဝန်သည်များ၊ဆီးချိုဝေဒနာရှင်များ၊ကလေးများနှင့် ခုခံအားကျဆင်းမှုရောဂါ Hiv ဝေဒနာရှင်များတွင် ပို၍အဖြစ်များသည်။ သင်သည် ကန်ဒီဒီရေးစစ်ရောဂါဖြစ်ပွားနိုင်ချေကို လက်ဆေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကောင်းစွာပြုလုပ်ခြင်းဖြင့် လျှော့ချနိုင်သည်။

လက္ခဏာများ

Candidiasis (ကန်ဒီဒီရေးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်ပွားသည့် နေရာပေါ်မူတည်ကာ လက္ခဏာများသည် ကွဲပြားနိုင်သည်။ ကန်ဒီဒီရေးစစ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အရေပြား – ယားယံပူလောင်ယောင်ယမ်းနေသည့် အနီနှင့် အဖြူကွက်များထွက်လာခြင်း။
  • လိင်အဂါအစိတ်အပိုင်းများ – အမျိုးသမီးများတွင် မိန်းမကိုယ်ရှိ မှိုရောဂါပိုးသည် အလွန်အမင်း ယားယံခြင်း၊နီရဲလာခြင်းနှင့် မိန်းမကိုယ်တဝိုက်နာကျင်ရောင်ရမ်းလာခြင်းတို့ကို ဖြစ်စေတတ်သည်။ မိန်းမကိုယ်မှ ဆင်းသောအရည်များသည် အဖြူရောင်ဖြစ်လာတတ်ပြီးချွဲပြစ်တတ်သည်။ အမျိုးသားများတွင် ဖြစ်ပွားတတ်သည့် လက္ခဏာများမှာ လိင်တံထိပ်တွင် နာကျင်ခြင်း၊ယားရံခြင်း(သို့) ပူစပ်ပူလောင်ဖြစ်ခြင်းတို့ဖြစ်သည်။ လိင်ဆက်ဆံရာတွင် ဖြစ်ပွားသူ အမျိုးသားနှင့် အမျိုးသမီးများသည် နာကျင်မှုဖြစ်ပွားနိုင်ပါသည်။
  • သွေးကြောထဲပိုးဝင်ခြင်းနှင့် အခြားအစိတ်အပိုင်းများ – Canidemia ဟုအသိများပြီး ချမ်းတုန်၍ဖျားလာနိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • မည်သည့်လက္ခဏာရပ်များမဆို ပိုဆိုးလာခြင်း (သို့) တစ်ပတ်အတွင်း မပျောက်ကင်းသွားခြင်း
  • လျှာနှင့် ပါးအတွင်းပိုင်း၊အာဂေါင်၊သွားဖုံးနှင့် အာသီးတို့တွင် ခရင်မ်နှစ်အဖြူရောင်အကွက်များပေါ်လာခြင်း။
  • ချိစ်အရောင်ကဲ့သို့သော အနည်းငယ်ထောင်ထွက်နေသည့် အဖုကလေးများပေါ်လာခြင်း။
  • အစာစားရခက်ခဲခြင်း (သို့) မျိုချရန်ခက်ခဲလောက်အောင် ပြင်းထန်သော လည်ချောင်းနာခြင်း၊ရောင်ရမ်းခြင်း။
  • ထိုအဖုများ၊အကွက်များကို ပွတ်တိုက်ခြင်း (သို့) အနည်းငယ်မျှခြစ်ကုတ်ခြင်း ပြုလုပ်မိပါက သွေးစို့လာခြင်း။
  • သင့်ပါးစပ်ထောင့်တွင် ကွဲအပ်ရောင်ရမ်းခြင်း စသည်တို့ဖြစ်သည်။

အကြောင်းရင်းများ

Candidiasis (ကန်ဒီဒီရေးစစ်) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်များရသော အကြောင်းအရင်းမှာ ကန်ဒီဒါဟုခေါ်သော မှိုရောဂါပိုးကြောင့်ဖြစ်ပြီး ကန်ဒီဒါအယ်လ်ဘီကန်မှိုပိုးဟုအသိများကြသည်။ ထို မှိုကို နေရာတိုင်း လိုလိုတွေ့ရှိနိုင်ပြီး သင်၏ကိုယ်အတွင်းတွင်လည်း ရှိတတ်သည်။ ပူနွေးစိုစွတ်သည့် နေရာများဖြစ်သည့် လိင်အစိတ်အပိုင်းနေရာများနှင့် အရေပြားရှိအချို့သောနေရာများတွင် ပေါက်ပွားတတ်သည်။ ခုခံအားစနစ် အားနည်းနေသော သူများ ဥပမာ ကိုယ်ဝန်သည်များ၊ဆီးချိုရောဂါသည်များ၊hiv AIDS ရောဂါသည်များ စသဖြင့် ဖြစ်သည်။ ပိုးသတ်ဆေးများကို ကြာမြင့်စွာ စွဲသောက်နေသူများတွင်လည်း ပုံမှန်ကိုယ်တွင်းရှိရမည့် ဘက်တီးရီးယားများအား ပျက်စီးသေဆုံးနေကာ ကန်ဒီဒါမှိုပိုး ပေါက်ပွားမှုကို အားပေးနေစေတတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Candidiasis (ကန်ဒီဒီရေးစစ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကန်ဒီဒီရေးစစ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ခုခံအားစနစ်အားနည်းနေခြင်း
  • စတီးရွိုက်ဆေးများ သောက်သုံးခြင်း(သို့) ရှူသွင်းနေခြင်း၊ပိုးသတ်ဆေးများကို သောက်သုံးနေခြင်း
  • ကင်ဆာရောဂါအတွက် ဓါတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာအကြောဆေးများကို ခံယူနေရခြင်း
  • ပါးစပ်ခြောက်ကပ်စေသော အခြေအနေများရှိခြင်း
  • အီစရိုဂျင်ဟော်မုန်း များနေသော မိန်းမများ
  • ထိန်းချုပ်မှုအားနည်းနေသော ဆီးချိုရောဂါရှိခြင်း
  • လိင်ဆက်ဆံမှုများခြင်း သည်လည်း ရောဂါကူးစက်နိုင်ချေကိုများစေပြီး
  • တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း
  • သွားအတုအံကပ်များဝတ်ဆင်အသုံးပြုနေရခြင်း စသည်တို့ဖြစ်ကြသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Candidiasis (ကန်ဒီဒီရေးစစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်ပွားသောရောဂါပိုးအပေါ်မူတည်ပြီး သင်၏ဆရာဝန်သည် သင်၏ရောဂါရာဇဝင်အားကြည့်ရှူမေးမြန်းတတ်ပြီး တစ်ကိုယ်လုံးအားကိုင်တွယ်ထိတွေ့စမ်းသပ်ခြင်းကိုလည်းပြုလုပ်တတ်သည်။ လိင်အစိတ်အပိုင်းများနှင့် ပါးစပ်ကဲ့သို့သော ဖြစ်ပွားသည့်နေရာမှ swab နမူနာ ကို သင်၏ဆရာဝန်မှယူ၍ ဓါတ်ခွဲခန်းသို့ပို့ကာ အဖြေရှာအတည်ပြုတတ်သည်။ ပို၍ပြင်းထန်သော အခြေအနေများတွင် အယ်ထရာဆောင်းရိုက်ခြင်း (သို့) ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း ဖြင့် ဦးနှောက်၊ကျောက်ကပ်၊အသည်း(သို့) ဘေလုံးတို့တွင်လည်း ကန်ဒီဒါပိုးဝင်ရောက်မှုရှိမရှိစစ်ဆေးရတတ်သည်။

Candidiasis (ကန်ဒီဒီရေးစစ်) ကို ဘယ်လိုကုသပါသလဲ

မှိုသတ်ဆေးများဖြင့် ကုသရသည်။ သုံးရမည့် တိကျထိရောက်သော မှိုသတ်ဆေးအမျိုးအစားမှာ ဖြစ်ပွားသောမှိုအမျိုးအစားပေါ်တွင် မူတည်သည်။ မှန်ကန်သောကုသမှုရရှိရန် သင် ၏ဆရာဝန်နှင့် ဆွေးနွေးပြသပါ။

သင်၏ဆရာဝန်သည် အောက်ပါတို့ကို ညွှန်ကြားတတ်သည်။

  • ခံတွင်းနှင့် အသက်ရှူလမ်းကြောင်း – nystatin,clotrimazole,fluconazole,itraconazole
  • အစာမျိုပြွန်- Nystatin,fluconazole,itraconazole
  • အရေပြား -Nystatin,miconazole,clotrimazole,naftifine,ketoconazole လိမ်းဆေးများ
  • မိန်းမကိုယ် – Clotrimazole,miconazole,butoconazole,terconazole,tioconazoleနှင့် အခြားဆေးများ
  • သွေးကြော- Anidulafungin,caspofungin,micafungin,amphotericin B စသည်တို့ဖြစ်သည်။

အထက်ပါဆေးများသည် ဥပမာပေးထားခြင်းသာဖြစ်သည်။ သင်၏ညွှန်စာနှင့်ပတ်သတ်သည်များကို မေးမြန်းစရာများရှိပါက သင်၏ဆရာဝန်နှင့် ဆွေးနွေးသင့်ပါသည်။

ဆေးပတ်လည်အောင်သောက်သုံးရန်လည်း အရေးကြီးသည်။ ပွရောင်းသောအဝတ်များဝတ်ဆင်ခြင်းနှင့် သင်၏အရေပြားအား အေးမြကာ ခြောက်သွေ့နေစေခြင်းဖြင့် အထောက်အကူပြုပါသည်။ မိန်းမကိုယ်ကန်ဒီဒီရေးစစ်

ရောဂါသည် 4 ရက်မှ 7ရက်အတွင်းပျောက်ကင်းသည်။ ပါးစပ်နှင့်အရေပြားရှိ ကန်ဒီဒီရေးစစ်သည်လည်း 1 ပတ်2ပတ်အတွင်း ပျောက်ကင်းနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကန်ဒီဒီရေးစစ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကန်ဒီဒီရေးစစ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သွားကျန်းမာသန့်ရှင်းရေးအား ဂရုစိုက်ပါ။ တစ်နေ့လျှင်အနည်းဆုံးနှစ်ကြိမ်တိုက်ကာ

တစ်နေ့လျှင်ပလုတ်အနည်းဆုံးတခါ ကျင်းပါ။ သင်၏ရောဂါပိုးများပျောက်ကင်းသည်အထိ သင်၏သွားပွတ်တံကို မကြာခဏလဲလှယ်အသုံးပြုပေးပါ။ သွားပွတ်တံအား မျှဝေသုံးစွဲခြင်း မပြုရပါ။

  • ဆားရည်နွေးများအား အသုံးပြုကြည့်ပါ။ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ဆားကို ရေနွေးခွက်သေးတခုထဲတွင် ထည့်ကာဖျော်ပြီး ပလုတ်ကျင်းကြည့်ပါ။ မျိုမချပါနှင့်။
  • အောက်ခံပြားများကို သုံးပါ။ အကယ်၍သင်သည် နို့တိုက်နေပြီး မှိုရောဂါကူးစက်ခံရပါက ထို မှိုရောဂါပိုးများကို သင့်အဝတ်များသို့မကူးစက်စေရန် အောက်ခံအပြားများကို အသုံးပြုပါ။ ကန်ဒီဒါပေါက်ပွားမှုကို အားပေးသည့် ပလတ်စတစ်မဟုတ်သော အပြားများကို ရှာဖွေသုံးပါ။ အကယ်၍ တစ်ခါသုံးအောက်ခံပြားများကို မသုံးပါက သင်အသုံးပြုနေသော အောက်ခံပြားများနှင့် သင်၏ ဘရာဇီယာများကို ရေနွေး၊အရောင်ချွတ်ဆေးတို့ဖြင့် ဆေးကြောပါ။
  • သကြားဓါတ်ပမာဏကို ထိန်းပါ။ အကယ်၍ ဆီးချိုရှိပါက သင်၏သွေးထဲရှိသကြားဓါတ်ပမာဏကို ထိန်းချုပ်မှုကောင်းနေပါစေ။
  • ရောင်ရမ်းထိခိုက်စေနိုင်သော မတည့်သည့် အရာများကို ရှောင်ကြဉ်ပါ။ဥပမာ – ရေမွှေးဆပ်ပြာများ၊ရေချိုးဆီများ၊မိန်းမကိုယ်အနံ့သက်ပျောက်ဆေးများ၊နှင့် အလှဆင်သည့်ပစ္စည်းများ စသည်တို့သည် မှိုရောဂါပိုး ကို ဖြစ်ပွားစေသလို ပိုမိုလည်းဆိုးဝါးစေနိုင်ပါသည်။
  • ကိုယ်ကျပ်အဝတ်အစားများဝတ်ခြင်းကို ရှောင်ကြဉ်ပါ။ တင်းကျပ်သော အောက်ခံဘောင်းဘီများ၊ခြေစွတ်များနှင့် ဘောင်းဘီများသည် လိင်အစိတ်အပိုင်းများကို စိုစွတ်ပူနွေးစေပြီး မှိုရောဂါဖြစ်ပွားစေနိုင်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthychildren.org/English/health-issues/conditions/infections/Pages/Thrush-and- Other-Candida- Infections.aspx. Accessed June 2, 2016.
Candidiasis. http://www.merckmanuals.com/home/infections/fungal-infections/candidiasis. Accessed June 2, 2016.
Candidiasis (Yeast Infection). http://www.webmd.com/skin-problems- and-treatments/guide/candidiasis-yeast- infection. Accessed June 2, 2016.

ယခုပုံစံ

19/08/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement