backup og meta

ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ

ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ

ပိုးသားလိုနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်ရဖို့က မိန်းကလေးတွေရဲ့အိပ်မက်ပါ။ ဒါပေမယ့် ပြုလုပ်ရလည်း လွယ်ကူပြီး သုံးစွဲရင်လည်း ထိရောက်မှုရှိတဲ့ အိမ်တွင်းဆေးနည်းတွေ အများကြီးရှိတဲ့အတွက် ဒီလို ဆံသားကို ပိုင်ဆိုင်ဖို့က ထင်သလောက် မခက်ခဲပါဘူး။ အောက်ပါ ဆောင်းပါးကတော့ နူးညံ့တဲ့ ဆံပင်တွေ အတွက် အိမ်တွင်းသုံး နည်းလမ်းတွေ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။

ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ

ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ ကတော့

၁။ ကြက်ဥ

  • ဆံပင်ပေါင်းတင်ဖို့အတွက် ကြက်ဥတစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ( ဒါမှမဟုတ် မက်မွန်စေ့ဆီ) နဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့လိုပါတယ်။ ဒါတွေကို ရောစပ်ပြီး ဦးရေနဲ့ ဆံသားကို လိမ်းပေးပါ။ ပြီးရင် ဆံပင်ကို မျက်နှာသုတ်ပဝါနဲ့ ပတ်ထားပြီး မိနစ် ၃၀ ခန့်ထားပါ။ ပြီးမှ ရေအေးနဲ့ shampooသုံးပြီး ဆေးချပါ။ ( သတိပြုရန် : ရေနွေးနဲ့ မလျှော်ပါနဲ့ ။ ကြက်ဥက ဆံပင်တွေမှာ ခဲသွားနိုင်ပြီး သန့်ရှင်းရခက်သွားတတ်ပါတယ်။
  • နောက်တစ်မျိုးက ကြက်ဥ၂လုံး၊ almond ဆီ ၂ဇွန်းနဲ့ ဒိန်ချဉ်ခွက်တစ်ဝက်ခန့်ကို သုံးနိုင်ပါတယ်။ အဲ့ဒါနဲ့ သင့်ဆံပင်ကိုလိမ်းပြီး သဘတ်နဲ့အုပ်၊ မိနစ် ၃၀ ထားပါ။ ပြီးမှ ရေအေးနဲ့ဆေးချပါ။

ကြက်ဥအသုံးပြုတဲ့ နည်းလမ်းတွေဟာ သင့်ဆံပင် ကျန်းမာတောက်ပြောင်စေဖို့ လိုအပ်တဲ့ protein ( အသားဓာတ်) များစွာပါဝင်ပါတယ်။ တစ်ပတ်တစ်ခါပြုလုပ်ပေးခြင်းဖြင့် အကောင်းဆုံးရလဒ်ကိုရနိင်ပါတယ်။

၂။ ဘီယာ

ဘီယာဆိုတာ ထူးခြားတဲ့ဆံပင်ပျော့ဆေးတစ်မျိုးပါ။ ဘီယာထဲမှာ ပျော်ဝင်နေတဲ့ protein ဓာတ်တွေဟာ ပျက်စီးနေတဲ့ ဆံပင်အပြင်လွှာတွေနဲ့ အမြစ်တွေကိုပြုပြင်ရာမှာ ထိရောက်ပါတယ်။ အောက်ပါနည်းကို ၂ပတ်မှာတစ်ကြိမ် လုပ်ဆောင်ပေးခြင်းဖြင့် နူးညံ့တောက်ပြောင်တဲ့ဆံသားကို ရရှိနိုင်ပါတယ်။

  • shampoo နဲ့ ခေါင်းလျော်ပြီးတာနဲ့ ဆံပင်အရင်းမှ အဖျားထိ ဘီယာကို တိုက်ရိုက်လိမ်းပါ။
  • ပြီးရင် ဆံသားကို စက်ဝိုင်းပုံ ညင်သာစွာ နှိပ်နယ်ပေးပါ။ ဒါမှ ဘီယာထဲက protein ဓာတ်တွေ စိမ့်ဝင်နိုင်မှာ ဖြစ်ပါတယ်။
  • နောက်ဆံပင်ကို ၅မိနစ်ခန့်ထားပြီးမှ ရေနွေးသို့မဟုတ် ရေကျက်အေးနဲ့ လျှော်ပါ။

၃။ အုန်းဆီ

နူးညံ့တောက်ပြောင်တဲ့ ဆံသားကို ရရှိနိုင်ဖို့အတွက် သင့်ဆံသားကို အာဟာရဖြည့်ပေးဖို့ လိုပါလိမ့်မယ်။ သဘာဝအတိုင်း ဘာနဲ့မှမရောနှောတဲ့ အုန်းဆီစစ်စစ်ဟာ အကောင်းဆုံးရွေးချယ်စရာဖြစ်ပါတယ်။ အုန်းဆီဟာ အစိုဓာတ်နဲ့ ပျက်စီးနေတဲ့ ဆံပင်ဆဲလ်တွေကို ပြန်ကောင်းစေတဲ့အတွက် ဓာတုပစ္စည်းတွေ၊ အပူဒဏ်တွေကြောင့် ဆံပင်ပျက်စီးနေသူတွေအတွက် အလွန်ကောင်းမွန်ပါတယ်။

  • အုန်းဆီနွေးနွေးကို ဆံပင်အရင်းမှ အဖျားထိလိမ်းပါ။ ကောင်းကျိုးရဖို့အတွက် ညင်သာစွာနှိပ်နယ်ပြီး ဆံသားကို မိနစ်၃၀ ခန့် တပတ်ဖြင့်အုပ်ထားပါ။ ပြီးရင် ပုံမှန်အတိုင်း ရေ, shampoo, တို့နှင့်လျှော်ပါ။
  • နောက်တစ်နည်းကတော့ အုန်းဆီ၂ဇွန်းထဲကို ပျဉ်းတော်သိမ်ရွက် အနည်းငယ်ထည့်ပြီး အပူပေးပါ။ ပြီးရင် အအေးခံပါ။ နောက် ဆံပင်အရင်းမှ အဖျားထိလိမ်းပါ။ ဆံသားကို မိနစ်၃၀ ခန့် သဘတ်ဖြင့် အုပ်ထားပါ။ နောက်ဆုံးမှ ပုံမှန်အတိုင်း ရေ၊ shampoo တို့နဲ့လျှော်ပါ။

နူးညံ့ချောမွေ့တဲ့ ဆံကေသာဆိုတာ အိပ်မက်တစ်ခု မဟုတ်တော့ပါဘူး။ သင်ကြိုက်တဲ့ နည်းလမ်းကို ပုံမှန်လေး သုံးပေးပါ။ ဒါဆို သင့်ဆံကေသာက အချိန်တိုတွင်းမှာ ကောင်းမွန်လာမှာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Home Remedies for Smooth and Shiny Hair

http://www.top10homeremedies.com/home-remedies/home-remedies- smooth-shiny- hair.html

Accessed December 17, 2016

6 Magic Ingredients for Soft Silky Hair with Home Remedies

http://www.thebeautymadness.com/6-magic-ingredients- for-soft- silky-hair- with-home- remedies/

Accessed December 17, 2016

15 Best Home Remedies For Getting Smooth And Shiny Hair http://olwomen.com/home-remedies-for-getting- smooth-and- shiny-hair/ Accessed December 17, 2016Home Remedies for Smooth and Shiny Hair

http://www.top10homeremedies.com/home-remedies/home-remedies- smooth-shiny- hair.html

Accessed December 17, 2016

6 Magic Ingredients for Soft Silky Hair with Home Remedies

http://www.thebeautymadness.com/6-magic-ingredients- for-soft- silky-hair- with-home- remedies/

Accessed December 17, 2016

15 Best Home Remedies For Getting Smooth And Shiny Hair

http://olwomen.com/home-remedies-for-getting- smooth-and- shiny-hair/

Accessed December 17, 2016Home Remedies for Smooth and Shiny Hair

15 Best Home Remedies For Getting Smooth And Shiny Hair http://olwomen.com/home-remedies-for-getting- smooth-and- shiny-hair/

Accessed December 17, 2016Home Remedies for Smooth and Shiny Hair

http://www.top10homeremedies.com/home-remedies/home-remedies- smooth-shiny- hair.html

Accessed December 17, 2016

6 Magic Ingredients for Soft Silky Hair with Home Remedies

http://www.thebeautymadness.com/6-magic-ingredients- for-soft- silky-hair- with-home- remedies/

Accessed December 17, 2016

15 Best Home Remedies For Getting Smooth And Shiny Hair

http://olwomen.com/home-remedies-for-getting- smooth-and- shiny-hair/

Accessed December 17, 2016Home Remedies for Smooth and Shiny Hair http://www.top10homeremedies.com/home-remedies/home-remedies- smooth-shiny- hair.html

Accessed December 17, 2016

6 Magic Ingredients for Soft Silky Hair with Home Remedies

http://www.thebeautymadness.com/6-magic-ingredients- for-soft- silky-hair- with-home- remedies/

Accessed December 17, 2016

15 Best Home Remedies For Getting Smooth And Shiny Hair

http://olwomen.com/home-remedies-for-getting- smooth-and- shiny-hair/

Accessed December 17, 2016

ယခုပုံစံ

01/07/2022

Phyo Wai Yan မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဆေးဆိုးလို့ရသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe

Phyo Wai Yan မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement