ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတံဆိပ်ကို သေချာ ရွေးချယ်သင့်ပြီး အဆီထွက်တဲ့ ဆံပင်အတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသာ သုံးစွဲသင့်ပါတယ်။ ဒီထုတ်ကုန်တွေဟာ သင့်ဆံပင်ကို အရမ်းခြောက်သွေ့မနေစေပဲ အဆီပိုတွေကို ဖယ်ရှားပေးတယ်ဆိုရင် ဒါဟာ သင်သုံးသင့်တဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ သင်နဲ့ သင့်လျော်တဲ့ ထုတ်ကုန်ကို ရှာမတွေ့ခင်
- စမ်းသုံးကြည့်ရမှာမို့ စိတ်ရှည်သင့်ပါတယ်။ စမ်းသုံးဖို့ ငွေရေးကြေးရေးရော အချိန်ရော မရှိခဲ့ရင် ဆံပင်ကျွမ်းကျင်သူကို မေးမြန်းဝယ်ယူသင့်ပါတယ်။
တစ်လတစ်ခါမှာ clarifying shampoo ကို အသုံးပြုသင့်ပြီး သူဟာ အဆီပိုတွေနဲ့ သင့်ဆံပင်ပေါ်မှာ ရှိနေတဲ့ အခြားထုတ်ကုန်တွေ့ို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ သူ့ကို တစ်လတစ်ခါသာ အသုံးပြုသင့်ပြီး နေ့စဉ် အသုံးပြုခြင်းဟာ သူဖယ်ရှားပေးလိုက်တဲ့ အစိတ်အပိုင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ ဆံပင်တွေက အဆီပိုထုတ်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။
အဆီပြန်တဲ့ ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေသေးရင် သင့်စားသောက်ပုံဟာ အဆီထွက်ခြင်းနဲ့ ပတ်သက်နေမလားဆိုတာ သိရဖို့ အစားအသောက်ကျွမ်းကျင်ပညာရှင် ကို ဆက်သွယ်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။