backup og meta

သန်း ကိုက်တာကို ဘယ်လိုကုသမလဲ

သန်း ကိုက်တာကို ဘယ်လိုကုသမလဲ

အဓိပ္ပါယ်ဖွင့်ဆိုချက်

သန်းဆိုတဲ့ သတ္တဝါဟာ လူတွေကို အတော်ဒုက္ခပေးပါတယ်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေမှာပါ။ ကြားရတာ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သန်းကိုက်တာဟာလည်း ကျန်းမာရေးပြဿနာတခုပါပဲ။ ဒီလို အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာသိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

သန်း အကိုက်ခံရရင် ဦးစွာ လုပ်ရမယ့်အချက်တွေ

• တွယ်နေတဲ့ သန်းကို မြန်မြန်ဖယ်နိုင်လေ ကောင်းလေပါပဲ။

• ထိပ်ချွန်ရှိတဲ့ ဇာဂနာကို သုံးပြီး ဖယ်ပါ။ တကယ်လို့ ဇာဂနာ မလွယ်ရင်လည်း လက်နဲ့ပဲ ဖယ်ပေါ့။ လက်အိတ်စွပ်ဖို့ မမေ့ပါနဲ့။ လက်အိတ်မရှိရင် တခုခုနဲ့တော့ အုပ်ပြီးကိုင်ပါ။ အဓိက က သန်းကို လက်ဗလာနဲ့ မကိုင်မိ၊မထိမိ စေဖို့ပါ။

• မီးရှို့ပစ်တာ ဒါမှမဟုတ် vaseline ချောဆီ၊အရက်၊အရက်ပျံ ဒါမှမဟုတ် လက်သည်းဆိုးဆေးတွေကို သုံးပြီး သန်းကို ဖယ်ပစ်တာ၊သတ်ပစ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်ရင် သင့်အနာပိုးဝင်ဖို့ အခွင့်အလမ်းပိုများစေပါလိမ့်မယ်။

• သန်းကောင်ကို အိတ်သန့်သန့်ထဲထည့်ပြီး ဖြစ်နိုင်ရင် အေးခဲအောင်လုပ်ထားပါ။ ပြီးရင် အကောင်မျိုးစိတ်ကို အတိအကျခွဲခြားသိနိုင်ဖို့ ဆရာဝန်ဆီ ယူသွားပြီးပြပါ။

• အကိုက်ခံရတဲ့ နေရာကို ရေနွေးနဲ့ ပိုးသတ်ဆပ်ပြာတို့ သုံးပြီး သန့်စင်ပါ။

• vaseline ချောဆီ ပါးပါးလေးလိမ်းပြီး ပလတ်စတာ ကပ်ထားပါ။ ဒါဆို ပိုးဝင်ဖို့ အခွင့်အလမ်းနည်းသွားပါပြီ။

• တခြားနေရာတွေမှာရော ကိုက်ထားတာရှိမရှိလိုက်ရှာပြီး ရှိရင် အထက်ပါအတိုင်း ကုပါ။

• အားလုံးပြီးရင် သင့်လက်ကို ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးပါ။

• သန်း အကိုက်ခံရတာကို အိမ်မှာ ဘယ်လိုကုသမလဲ

• အကိုက်ခံရပြီး ပထမခြောက်နာရီအတွင်းမှာ တနာရီတခါ ရေခဲကပ်ပါ။ တခါကပ်ရင် ၁၅မိနစ်ကနေ မိနစ်၂၀လောက်ထိ ကပ်ပေးပါ။ ရေခဲ အလွယ်တကူမရနိုင်ဖူးဆိုရင် အနာကို အေးမြစိုစွတ်တဲ့ အဝတ်နဲ့ ခြောက်နာရီလုံးလုံး အုပ်ပေးထားရပါမယ်။ ဒါဆိုရင် နီရဲရောင်ရမ်းတာတွေ သက်သာသွားမှာပါ။

• ပထမ ၆နာရီကြာပြီးတဲ့အချိန်မှာ ရောင်ရမ်းတာမျိုးမရှိဖူးဆိုရင် အဝတ်နွေးနွေးနဲ့ ပြောင်းကပ်ပါ။ စိုစွတ်ပူနွေးတဲ့ အဝတ်လေးကို အနာပေါ်တင်ပေးထားမယ်ဆိုရင် နေရတာ သက်တောင့်သက်သာ ရှိစေမှာပါ။

• တကယ်လိုယ့် ယားယံတာ၊ နီရဲရောင်ရမ်းတာ၊ အနီစက်ထွက်တာမျိုး တွေရှိတယ်ဆိုရင် ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးလေးတွေကို သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာဖို့တော့ မမေ့ပါနဲ့။

ဆေးဆိုင်က ဆေးတွေ ဝယ်သုံးမယ်ဆိုရင် သတိထားရမယ့် အချက်တွေ

နီရဲ ရောင်ရမ်း ယားယံတာတွေကို သက်သာစေဖို့ antihistamine တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးကို ကလေးတွေမှာ အသုံးပြုမယ်ဆိုရင်တော့ သတိထားဖို့ လိုပါလိမ့်မယ်။ ကလေးအနေနဲ့ ဒီဆေးကို အရင်က ဆရာဝန်ညွှန်ကြားချက်နဲ့ မသောက်ဖူးဘူးဆိုရင် အခုလည်း မသောက်တာအကောင်းဆုံးပါပဲ။

Benzocaine ပါဝင်တဲ့ ဖြန်းဆေးတွေက သင့်ကို အနာသက်သာစေပါလိမ့်မယ်။ ဒါပေမယ့် ဆေးနဲ့အရေပြား ဓါတ်မတည့်တာတွေ ရှိမရှိ သိနိုင်ဖို့အတွက်တော့ သေချာစောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။calamine လိုးရှင်းကတော့ ယားယံတာတွေကို သက်သာစေပါလိမ့်မယ်။

ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်း သွားပြသင့်သလဲ။

  • တုပ်ကွေးလက္ခဏာတွေ ပြလာရင်။
  • အကိုက်ခံရတဲ့ နေရာတွေမှာ အနီစက်တွေထွက်လာရင် ဒါမှမဟုတ် အနာတွေဖြစ်လာရင်။
  • အရေပြား ရောင်ရမ်းတဲ့ ဒါမှမဟုတ် ပိုးဝင်တဲ့ လက္ခဏာတွေ ပေါ်လာရင်။

ရက်အနည်းငယ်ကြာပြီးတဲ့အထိ မသက်သာဘဲ ပိုဆိုးလာရင်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tick Bites-Home Treatment . http://www.webmd.com/skin-problems-and-treatments/tc/tick-bites-home-treatment#1 Accessed February 28, 2017

ယခုပုံစံ

15/02/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

တိရစ္ဆာန် ကိုက်ခံရတဲ့အခါ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement