backup og meta

ဘောက်တွေကို ဘယ်လိုဖယ်ရှားကြမလဲ

ဘောက်တွေကို ဘယ်လိုဖယ်ရှားကြမလဲ

ဘောက်တွေကို ဆံပင်ကို ကျန်းမာအောင် ဂရုစိုက်ခြင်းနဲ့ ထိန်းချုပ်နိုင်ပါတယ်။ အိမ်မှာ အသုံးပြုလို့ရတဲ့ ရိုးရှင်းတဲ့ ဆေးတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ သဘာဝဆေးတွေဟာ အာနိသင်ပြဖို့ အချိန်ယူရပေမယ့် ပြဿနာကို လုံးဝ ဖြေရှင်းပေးနိုင်ပါတယ်။

Aspirin

Asipirin မှာ ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေနဲ့ တူညီတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Salicyclic acid ပါဝင်ပါတယ်။ ဆေးပြားနှစ်ပြားကို အမှုန့်ကျိတ်ပြီး အသုံးပြုနေကျ ခေါင်းလျှော်ရည် ပမာဏထဲထည့်ပြီး ခေါင်းလျှော်စဉ်မှာ အသုံးပြုသင့်ပါတယ်။ ဒီအရောကို ဆံပင်ပေါ်မှာ တစ်မိနစ်ကနေ နှစ်မိနစ်အထိ ထားသင့်ပြီး ခေါင်းလျှော်ရည်နဲ့ ထပ်လျှော်သင့်ပါတယ်။

ရှာလကာရည်

ခေါင်းကိုရှာလကာရည်သုံးပြီး လျှော်ဖို့ဆိုတာ ကြောက်စရာကောင်းတယ်လို့ ထင်ရပမယ့် သူဟာ ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းပေးတာကြောင့် ထိရောက်တဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်။ အရှင်းဆုံးပြောမယ်ဆိုရင်တော့ ဘောက်တွေဟာ အရေပြားဆဲလ်တွေ အလျင်အမြန် ရင့်ကျက်သေဆုံးပြီး ပုံလာကာ ယားယံမှုကို ဖြစ်ပေါ်စေပါတယ်။ ရှာလကာရည်ဟာ ဘောက်ဖြစ်စေတဲ့ မလိုချင်တဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကိုလဲ မပိတ်စေပါဘူး။ မှိုပိုပွားခြင်းဟာလည်း ဘောက်ဖြစ်စေတာမို့ ရှာလကာရည်ဟာ မှိုကိုလည်း သတ်ပေးနိုင်ပါတယ်။ ဒါဟာ အခြားခေါင်းလျှော်ရည်တွေထက် ပိုမိုလွယ်ကူပြီး ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရေးတကြီး အစည်းအဝေးတွေ ရှိရင် ရှာလကာရည်နဲ့ ခေါင်းမလျှော်သင့်ပါဘူး။ နောက်တစ်ခါ မလျှော်မချင်း ခေါင်းမှာ ရှာလကာရည်အနံ့ နံနေမှာ ဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီ ဟာ မှိုသတ်ဆေးဖြစ်တာကြောင့် ဘောက်ပျောက်စေပါတယ်။ သူဟာ ခြောက်သွေ့တဲ့ ဦးရေပြားကို စိုပြေစေပြီး ယားယံမှုကို သက်သာစေပါတယ်။ အုန်းဆီကို သံပုရာရည်တစ်ဝက်နဲ့ ရောမွှေသင့်ပါတယ်။ ပြီးရင် ဦးရေပြားပေါ်ကို ပွတ်ပေးပြီး မိနစ်အနည်းငယ်ကြာ နှိပ်နယ်သင့်ပါတယ်။ မိနစ် ၂၀ ကျော်ကြာရင်တော့ ရေဆေးချနိုင်ပြီ ဖြစ်ပါတယ်။ ဒီနည်းကို တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် ပြုလုပ်နိုင်ပါတယ်။

သံပုရာရည်

ဘောက်ပျောက်ဆေးတွေဟာ ရေခဲသေတ္တာထဲမှာ တင်ရှိပါတယ်။ သံပုရာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို ဦးရေပြားပေါ်တင် နှိပ်နယ်ပြီး ရေဆေးချသင့်ပါတယ်။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နဲ့ ရောမွှေပြီး ရေဆေးချသင့်ပါတယ်။ ဒါကို ဘောက်ပျောက်သွားတဲ့အထိ အသုံးပြုသင့်ပါတယ်။ သံပုရာရည်ရဲ့ အက်ဆစ်ဓါတ်ဟာ ဦးရေပြားရဲ့ pH ကို ထိန်းညှိပေးပြီး ဘောက်ပျောက်စေမှာ ဖြစ်ပါတယ်။

နေရောင်ခြည်

အတိအကျ သိရှိခြင်း မရှိပေမယ့် ဘောက်ထခြင်းနဲ့ နေရောင်ခြည်ဟာ ဆက်စပ်မှု ရှိပါတယ်။ နေရောင်ခြည်ထဲမှာ ကြာကြာနေရင် ဘောက်ထခြင်းသက်သာစေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီက ခြောက်သွေ့တဲ့ ရာသီဥတုဟာ ဘောက်ကိုဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်နိုင်ပြီး နေရောင်ခြည် ရှားပါးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ဟာ အဆီပိုတွေကို ခြောက်သွေ့စေပြီး နေရောင်ခြည် ရရှိခြင်းဟာ လူတွေကို ပျော်ရွှင်ကျန်းမာစေပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒါကို စမ်းကြည့်သင့်ပါတယ်။

နေ့စဉ် နေရောင်ခြည်အောက်မှာ ၁၀-၁၅ မိနစ်အထိ နေသင့်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်နဲ့ အလွန်အမင်း ထိတွေ့ခြင်းဟာ သင့်အရေပြား၊ ဆံပင်နဲ့ ကျန်းမာရေးကို ထိခိုက်စေတာမို့ နေရောင်နဲ့ ထိတွေ့ချိန်ကိုတော့ ကန့်သတ်သင့်ပါတယ်။

မုန့်ဖုတ် ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အဆီပိုတွေကို စုပ်ယူပေးပါတယ်။ သူဟာ ဦးရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး မှိုပေါက်ပွားခြင်းကြောင့် ဘောက်ဖြစ်စေခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဦးရေပြားကို ရေစွတ်ပြီး မုန့်ဖုတ်ဆိုဒါ လက်တစ်ဆုပ်စာကို ဦးရေပြားပေါ်တင်ပါ။ မိနစ်အနည်းငယ်ကြာရင် ရေနွေးနဲ့ ဆေးချပါ။ ဒါမျိုးကို တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက် ရက်သတ္တပတ် အနည်းငယ်အထိ လုပ်ပေးသင့်ပါတယ်။ ဒီကုသမှုအပြီးမှာ ခေါင်းမလျှော်ဖို့ သတိရသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Homemade Dandruff Treatments & Shampoos.

http://everydayroots.com/dandruff-remediesHow to Get Rid of Dandruff: 11 Natural Treatments. http://www.rd.com/health/beauty/dandruff-natural-treatment/

Home Remedies for Dandruff.

http://www.top10homeremedies.com/home-remedies/home- remedies-for-dandruff.html12 Homemade Dandruff Treatments & Shampoos.

http://everydayroots.com/dandruff-remedies

How to Get Rid of Dandruff: 11 Natural Treatments.

http://www.rd.com/health/beauty/dandruff-natural-treatment/

Home Remedies for Dandruff.

http://www.top10homeremedies.com/home-remedies/home- remedies-for-dandruff.html12 Homemade Dandruff Treatments & Shampoos. http://everydayroots.com/dandruff-remedies

How to Get Rid of Dandruff: 11 Natural Treatments.

http://www.rd.com/health/beauty/dandruff-natural-treatment/

Home Remedies for Dandruff.

http://www.top10homeremedies.com/home-remedies/home- remedies-for-dandruff.html12 Homemade Dandruff Treatments & Shampoos. http://everydayroots.com/dandruff-remedies

How to Get Rid of Dandruff: 11 Natural Treatments.

http://www.rd.com/health/beauty/dandruff-natural-treatment/

Home Remedies for Dandruff.

http://www.top10homeremedies.com/home-remedies/home- remedies-for-dandruff.html12 Homemade Dandruff Treatments & Shampoos. http://everydayroots.com/dandruff-remedies

How to Get Rid of Dandruff: 11 Natural Treatments.

http://www.rd.com/health/beauty/dandruff-natural-treatment/

Home Remedies for Dandruff.

http://www.top10homeremedies.com/home-remedies/home- remedies-for-dandruff.html

ယခုပုံစံ

15/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

နှုတ်ခမ်းနီမလေးတွေ သိထားသင့်တဲ့အချက်လေးများ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement