brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်

ပျိုမဒီလေးရေ အလှအပဆိုင်ရာ အကြောင်းအရာတွေက ကုန်ကို မကုန်နိုင်ဘူးနော်။ ဆံပင်ကို အကောက်၊ အဖြောင့်၊ ဒစ်ဂျစ်တယ်အကောက်၊ ဆေးဖယောင်းသွင်း အစရှိသလို အကောက်၊ အဖြောင့်တွေ လုပ်ပြီးတဲ့နောက်မှာတော့ Hair Rebonding ဆိုတဲ့ ဆံပင်ပြန်လည်ပြုပြင်ခြင်းကလည်း ခေတ်စားလာတယ်နော်။

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်

Hair Rebonding ဆိုတာကတော့ Chemical နည်းနဲ့ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာဖြစ်ပြီး ဖြောင့်ထားသလိုမျိုး စင်းစင်းလေး ဖြစ်နေတာပါပဲ။ ဖြောင့်ထားသလိုမျိုး ဆံပင်တော့ အရမ်းနာတာတွေ၊ ပျက်စီးတာတွေ မရှိဘူးပေါ့နော်။

ဆံပင်မှာ ရှိနေတဲ့ ပရိုတင်း မော်လီကျူလေးတွေမှာ သူ့နဂိုဗီဇ ရှိထားပြီး ဆံပင်တိုင်းမှာ ကောက်တာလေးတွေနဲ့ လှိုင်းအတွန့်လိုဖြစ်နေတာတွေတော့ ရှိနေတာပါပဲ။ ဒီလို ဆံပင်လေးတွေကို နည်းပညာသုံးပြီး Chemicalနဲ့ ဖြောင့်စင်းနေအောင် လုပ်ထားတာမျိုးပါ။

Hair Rebonding လုပ်တာကတော့ ဖြောင့်စင်းတဲ့ ဆံပင်လေး ရဖို့အတွက် ဆံပင်တွေကို ပြန်လည် စီရီတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။ Hair Rebonding လုပ်ပြီးနောက်ပိုင်း (၃) လ ဒါမှမဟုတ် (၆) လလောက်မှာတော့ ကိုယ့်ဆံပင်အရှည်ပေါ် မူတည်ပြီး ပြန်လည်လုပ်ဖို့ လိုအပ်ပါတယ်။ Hair Rebonding လုပ်ခြင်းရဲ့ ကောင်းကျိုးကတော့ ဆံသားတွေ မပျက်စီးဘဲ ဖြောင့်စင်းနေပြီး ကိုင်လိုက်တာနဲ့ ဆံပင်တွေ အိအိလေး ဖြစ်နေမှာပါ။

သတိပြုရမည့် အချက်များ

Hair Rebonding လုပ်ပြီးရင် သတိထားရမယ့် အချက်ကတော့ Hair Rebouding လုပ်တာက ဆံသားကို ပြောင်းလဲလိုက်တာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ နဂို ဆံသားကိုတော့ (၁၀၀%) ပြန်မရနိုင်ဘူးဆိုတာပါ။

Hair Rebounding လုပ်ပြီးကာမှ ကိုယ့်ရဲ့ ဆံသားတွေ ပိုခြောက်လာတယ်လို့ ခံစားရရင်တော့ ဒါက သုံးတဲ့ဆေးနဲ့ ဓါတ်မတည့်တာပါ။ ဓါတ်မတည့်မှု ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။

Hair Rebonding လုပ်ပြီးရင်တော့ ဆံပင်ကို နောက်ထပ် ဂရုစိုက်ရမယ့် အချက်တွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ ဆံပင်ကို ရေမစိုအောင် ထိန်းသိမ်းရမှာပါပဲ။ အနည်းဆုံးတော့ (၇၂) နာရီ သုံးရက်လောက်တော့ ရေမစို၊ ခေါင်းမလျှော်ဘဲ နေရမှာပါ။

အကယ်လို့ ကိုယ် Hair Rebonding လုပ်ခဲ့တဲ့ဆိုင်က (၅) ရက် (၇) ရက် ခေါင်းမလျှော်ရဘူး မှာလိုက်ရင်လည်း လိုက်နာဖို့ လိုပါတယ်။ ဆံပင်ကို နားအနောက်ကို သိမ်းတာတွေနဲ့ ကလစ် ညှပ်တာတွေလည်း လုပ်လို့ မရဘူးနော်။ ဖြစ်နိုင်ရင်တော့ ခေါင်းလျှော်ပြီးရင်တောင် ဆံပင်ကိုစည်း ပစ်လိုက်တာမျိုး မလုပ်တာ အကောင်းဆုံးပါ။

Hair Rebonding လုပ်ပြီးသား ဆံပင်ကို အတတ်နိုင်ဆုံးတော့ အပူမထိပါနဲ့။ တချို့တွေက ဖြောင့်စက်နဲ့ ပြန်ဆွဲတာတွေ ရှိပါတယ်။ လုံးဝ မလုပ်နဲ့နော်။ Dryer သုံးပြီး ခေါင်းအခြောက်ခံတယ်ဆိုရင်တောင် လေအေးကို အသုံးပြုပေးပါ။

နောက်တစ်ခုကတော့ ခေါင်းလျှော်ရည် ရွေးချယ်တဲ့အခါမှာ ပြုပြင်ထိန်းသိမ်းထားတဲ့ ဆံပင်တွေအတွက် သီးသန့်ထုတ်တဲ့ ခေါင်းလျှော်ရည်ကို ရှာဝယ်ပါ။ ဒီလိုခေါင်းလျှော်ရည်က ဈေးလေးနည်းနည်းကြီးတယ်ဆိုပေမယ့် ဆံသားကို ထိန်းသိမ်းဖို့အတွက်တော့ တကယ်ကို လိုအပ်တာပါ။

ဒါမှ ဆံသားကို အားဖြည့်ပေးနိုင်ပြီး Hair Rebonding လုပ်ထားတာလေး ကြာရှည်ခံမှာပါ။

ကြာရှည်ခံဖို့အတွက် အရွက်တွေနဲ့ လုပ်ထားတဲ့ ဆံပင်ပေါင်းဆေးတွေလည်း သုံးနိုင်ပါတယ်နော်။ နောက်တစ်ခုကတော့ ခေါင်းရေစိုနေချိန်မှာ ဘီး မဖြီးဖို့ပါ။ ဆံပင်ကို sebum လိုမျိုး ဆီလေး တစ်ခုခုလိမ်းပေးရင် ပိုကောင်းပါတယ်။ သံလွင်ဆီ၊ ကြက်ဥတွေနဲ့ သဘာဝ ပေါင်းတင်တာမျိုး လုပ်ပေးရင်တော့ အကောင်းဆုံးပါနော်။

ပျိုပျိုမေတို့ရေ Hair Rebonding လုပ်ရင် ရနိုင်မယ့် ကောင်းကျိုးတွေ၊ သတိထားရမယ့် အချက်တွေနဲ့ လုပ်ပြီးတဲ့အခါ ဆံသားကို ဂရုစိုက် ထိန်းသိမ်းရမယ့် အကြောင်းတွေ သိရပြီဆိုတော့ Hair Rebonding လုပ်ရင် ကောင်းမလား မလုပ်ရင်ကောင်းမလားဆိုတာ စဉ်းစားလို့ ရလောက်ပါပြီ။

Hair Rebonding လုပ်တာက ဆံသားလေးကို ကောင်းမွန်စေပြီး ဖြောင့်စင်းစေတဲ့အပြင် အိအိထွေးထွေးလေး ဖြစ်နေမှာမို့ ပျိုမေတိုင်း ကြိုက်ကြမှာပါ။ ဂရုတစိုက်လေး ထိန်းသိမ်းပေးရင် အကြာကြီး ပြန်မပျက်စီးတော့ဘူးနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/01/2021 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။