backup og meta

ဆံသားနှစ်ခွတွေကို ဘယ်လိုဖယ်ရှားကြမလဲ

ဆံသားနှစ်ခွတွေကို ဘယ်လိုဖယ်ရှားကြမလဲ

ဆံပင်ညှပ်ပြီးရင် ဆံပင်နှစ်ခွဖြစ်တာတွေကို ဖယ်ရှားလိုက်နိုင်ပေမယ့် ဒါဟာ ကြာကြာမခံပါဘူး။ သင့်ဆံပင်ကို ဘယ်လောက်ဂရုစိုက်စိုက် ဆံပင်နှစ်ခွဖြစ်ခြင်းတွကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။ ဆံပင်ပျက်စီးစေတဲ့ အပူနဲ့သုံးရတဲ့ ကိရိယာတွေ၊ ခေါင်းဖီးခြင်း၊ ဆေးဆိုးခြင်းနဲ့ အခြားပါဝင်ပစ္စည်းတွေအကုန်လုံးဟာ ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖြစ်စေပါတယ်။

ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အကုန်ဖြတ်ထုတ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်တဲ့ အချိန်တွေကြားမှာ သူတို့ကို သတိမထားမိစေဖို့ ဂရုစိုက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သင့်မီးဖိုချောင်ထဲမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် အထူးပြုလုပ်ထားတဲ့ hair mask တွေ အဆီတွေကို မလိုအပ်ပါဘူး။

ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask ၁ – အုန်းဆီကုသမှု

အုန်းဆီရဲ့ အကျိုးကျေးဇူးတွေ အတော်များများကို ဖေါ်ပြခြင်းဟာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ နောက်ဆုံးလည်း ဖြစ်မှာ မဟုတ်ပါဘူး။ အုန်းဆီရဲ့ အကောင်းဆုံးအာနိသင်ကိုရဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ သေချာလျှော်ပြီး အဝတ်နဲ့ အခြောက်ခံထားတဲ့ ဆံပင်နဲ့ စတင်သင့်ပါတယ်။

၂။ အုန်းဆီတစ်ဇွန်းကို သင့်ဆံပင်ထဲ စိမ့်ဝင်နေအောင် ပွတ်ပေးသင့်ပြီး အရင်းကစတင်ကာ အဖျားတွေကို ပွတ်ပေးသင့်ပါတယ်။

၃။ ဆံပင်ကို ပျော့တဲ့ အဝတ်စ (သို့) ပလပ်စတစ် wrap နဲ့ ထုတ်ထားသင့်ပါတယ်။

၄။ မိနစ် ၃၀ ကြာပြီးရင်တော့ ခေါင်းနှစ်ခါ ပြန်လျှော်သင့်ပါတယ်။ ဒါဟာ အသုံးမဝင်ဘူးလို့ ထင်ရပေမယ့် အိမ်မှာ ပြုလုပ်နည်းတွေဟာ သေချာမဆေးကြောရင် ဆံပင်ထဲမှာ ကျန်နေနိုင်ပါတယ်။

၅။ နှစ်ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။

အုန်းဆီတွေဟာ အလွန်ပျစ်တာကြောင့် အနည်းငယ်နဲ့ စတင်ပြီး လိုမှ ထပ်ထည့်သင့်ပါတယ်။

ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask ၂ – ထောပတ်သီး ပရိုတင်း Mask

ဒါလုပ်တဲ့အတွက် သင့်ဆံပင်က သင့်ကို ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။ ဒီနည်းမှာတော့ ထောပတ်သီး၊ ကြက်ဥ၊ သံလွင်ဆီအနည်းငယ်ပါဝင်ပြီး ပျက်စီးနေတဲ့ ဆံပင်တွေကို ပြန်ကောင်းလာစေမှာ ဖြစ်ပါတယ်။ လုပ်ဖို့လည်း လွယ်ကူပါတယ်။

၁။ ပထမဦးစွာ ထောပတ်သီးကို လှီးပြီး ကြက်ဥနဲ့ ရောသင့်ပါတယ်။

၂။ ဆိုင်တွေမှာ ဝယ်တဲ့ ပျော့ဆေးထက် အနည်းငယ် ပိုပျစ်လာအောင် သံလွင်ဆီကို ထည့်ပေးသင့်ပါတယ်။

၃။ ဆံပင်ကို လိမ်းပေးပြီး ၁၀-၂၀ မိနစ်အထိ စောင့်ကာ ရေနွေးနဲ့ ဆေးကြောသင့်ပါတယ်။

ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask – ငါးကြီးဆီ reparing mask

သဘာဝ omega 3 နဲ့ 6 ငါးကြီးဆီတွေဟာ ဆံပင်နှစ်ခွဖြစ်ခြင်းတွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

၁။ ဆေးတောင့်အနည်းငယ်ကို အုန်းဆီ၊ lavender တို့နဲ့ ဆော့ပန်ထဲမှာ ထည့်ပြီး အပူချိန်အနိမ့်မှာ ငါးမိနစ်လောက် အပူပေးသင့်ပါတယ်။

၂။ ပန်းကန်လုံးအကြီးထဲကို လောင်းထည့်ပြီး သင့်ဆံပင်ကို ဒီအထဲနှစ်သင့်ပါတယ်။ အမြစ်တွေကိုတော့ ရှောင်ကျဉ်ဖို့ သတိရသင့်ပါတယ်။

၃။ အဝတ် (သို့) ပလပ်စတစ် wrap နဲ့ ထုတ်ပြီး မိနစ် ၄၀လောက် စောင့်ဆိုင်းသင့်ပါတယ်။

၄။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်လို့ ခေါင်းလျှော်ရည်ကို နှစ်ကြိမ်အသုံးပြုပြီး ရေပြန်ဆေးသင့်ပါတယ်။

ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask 4 – ပျားရည်၊ သံလွင်ဆီ ကုသမှု

ပျားရည်နဲ့ သံလွင်ဆီဟာ ပျက်စီးနေတဲ့ ဆံပင်ကို သက်သာစေပြီး ဦးရေပြားခြောက်ခြင်းကိုကုသပေးကာ ဆံပင်ကို တောက်ပြောင်သန်စွမ်းစေတယ်လို့ Brown က ပြောပါတယ်။ နည်းလမ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်းကို ပျားရည် နှစ်ဇွန်းနဲ့ ရောပြီး ခေါင်းလျှော်အပြီးမှာ ဆံပင်ကို လိမ်းပေးသင့်ပါတယ်။

၂။ မိနစ် ၂၀-၃၀ လောက်ထားပြီး ရေဆေးချပါ။ ပြီးရင်တော့ လက်ကျန်တွေကို ရှင်းထုတ်ဖို့ အစိုဓါတ်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းပြန်လျှော်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Get Rid of Split Ends—No Haircut Required

http://www.byrdie.com/diy-split- end-remediesHow to Get Rid of Split Ends—No Haircut Required

http://www.byrdie.com/diy-split- end-remediesHow to Get Rid of Split Ends—No Haircut Required

http://www.byrdie.com/diy-split- end-remediesHow to Get Rid of Split Ends—No Haircut Required

http://www.byrdie.com/diy-split- end-remediesHow to Get Rid of Split Ends—No Haircut Required

http://www.byrdie.com/diy-split- end-remedies

ယခုပုံစံ

10/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

အဆီပြန်တဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းကြမလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement