backup og meta

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ ပျမ်းမျှအားဖြင့် ရက်သတ္တပတ် ၄ ပတ်မှ၆ ပတ်အထိ ကြာမြင့်တတ်သဖြင့် ရလဒ်ကောင်းရရန် စိတ်ရှည်သင့်သည်။ ထိုသို့ သင်စောင့်ကြည့်နေစဉ် သိသာသောပြောင်းလဲမှု တွေ့ချင်မှ တွေ့ပေလိမ့်မည်။ ခုဆောင်းပါးတွင် သင်၏ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်အကြောင်း သင်သိလိုသည်များကို ဖော်ပြထားပါသည်။

သင့်အနေဖြင့်ဆံပင်ကျွတ်ခြင်းဖြစ်စဉ်နှင့် ရင်ဆိုင်ရပါက ထိုအရာသည် ပုံမှန်ဖြစ်ပြီး ဆံပင် ကြီးထွားမှုသံသရာ၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဆံပင်ကြီးထွားခြင်းဖြစ်စဉ်တွင် ဆံပင်လျှင်မြန်စွာ ရှည်ထွက်ခြင်းအဆင့်ဖြင့်စတင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်တည်မြဲခြင်းဖြစ်စဉ်ကေ နာက်ကလိုက်သည်။ ဆံပင်ကြီးထွားမှုသံသရာတွင် အဆင့်သုံးဆင့် ပါဝင်ပါသည်။ အေနာဂျင်(Anagen)၊ ကတ်တဂျင်(Catagen) နှင့် တယ်လိုဂျင် (Telogen) တို့ဖြစ်ပါသည်။ ဆံပင်ကြီးထွားမှုကို ပိုမိုနားလည်စေရန် အဆင့်တစ်ဆင့်ချင်းစီကိုလေ့လာကြည့်ပါစို့။

(၁) ကဏ္ဍဦး အေနာဂျင် အဆင့်

အေနာဂျင်အဆင့်သည် ဆံပင်လျင်မြန်စွာရှည်သည့် အဆင့်ဖြစ်သည်။ ဆံမျှင်တို့၏ အမြစ်တွင်ရှိသော ဆဲလ်များက လျှင်မြန်စွာပွားများသည်။ ဆံပင်အသစ်တစ်ချောင်းဖြစ်ပေါ်လာသောအခါ အရင်းတုတ်သောနေရာက ဆံမျှင်အိတ်အဖြစ် ကျန်ခဲ့ပြီး ဆံပင်အဖျားကို အရေပြားပေါ်တွန်းပို့သည်။ ထိုအဆင့်တွင်ဆံပင်သည် ၂၈ ရက်တွင် တစ်စင်တီမီတာခန့် ရှည်ထွက်သည်။ ဦးရေခွံရှိဆံပင်သည် ထိုအဆင့်တွင် ၂နှစ် မှ၆ နှစ်အထိ ကြာမြင့်တတ်သည်။ အချို့သူများ၏ဆံပင်သည်သတ်မှတ်ထားသောအရှည်တစ်ခုသို့ရောက်သောအခါ ဆက်၍မရှည်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ဆံပင်လျှင်မြန်စွာရှည်ထွက်သောအဆင့် တိုတောင်းသောကြောင့်ဖြစ်သည်။ ဆံပင်ရှည်သောသူများမှာမူ ဆံပင်လျှင်မြန်စွာရှည်ထွက်သည့်အဆင့် ကြာမြင့်သောကြောင့်ဖြစ်သည်။ လက်မောင်း၊ ခြေသလုံး၊ မျက်တောင်၊ မျက်ခုံးတို့ရှိအမွှေးများသည် လျှင်မြန်စွာရှည်ထွက်သည့်အဆင့် တိုတောင်းပြီးရက် ၃၀ မှ ၄၅ ခန့်အထိကြာမြင့်သည်။ ထိုအချက်ကြောင့်ပင် ဖော်ပြပါနေရာများရှိအမွှေးတို့သည် ဦးရေပေါ်ရှိဆံပင်တို့ထက် တိုရခြင်းဖြစ်သည်။

(၂) ကဏ္ဍလယ် ကတ်တဂျင် အဆင့်

ကတ်တဂျင်သည် ကြားအဆင့်ဖြစ်ပြီး ဆံပင်အားလုံး၏ ၃% သည် ထိုအဆင့်တွင်ရှိနေတတ်သည်။ ထိုအဆင့်သည် ကဏ္ဍဦးလျှင်မြန်စွာကြီးထွားသောအဆင့်၏ အဆုံးဖြစ်ပြီး ဆံမျှင်အိတ်မှဆံပင်ကို ဆန့်ထွက်ရှည်ထုတ်ပေးသည့်အဆင့် ဖြစ်သည်။ ဆံပင်ကြီးထွားမှုသံသရာ၏ အတိုဆုံးအဆင့်ဖြစ်ပြီး ၂ပတ် မှ ၃ပတ်ခန့်သာ ကြာမြင့်ပါသည်။ ဆံပင်ကြီးထွားမှုရပ်တန့်သွားပြီး ဆံမျှင်အပြင်လွှာသည် ကွာကျကာ ဆံပင်မြစ်သို့တွယ်ကပ်သွားသည်။ ထို့ကြောင့်ဆံပင်ခြေရင်းတုတ်ခိုင်ခြင်းကို ဖြစ်စေပါသည်။

(၃) ကဏ္ဍနှောင်း တယ်လိုဂျင်အဆင့်

နောက်ဆုံးအဆင့်ဖြစ်ပြီး ဆံပင်ကြီးထွားမှုရပ်တန့်သွားကာ ဆံပင်အားလုံး၏ ၆% မှ ၈% အထိသည် ယခုအဆင့်တွင် ရောက်ရှိနေသည်။ ထိုအဆင့်သည် ဦးရေပြားဆံပင်များအတွက် ရက် ၁၀၀ ခန့်ကြာမြင့်ပြီး မျက်ခုံးမွှေး၊ မျက်တောင်မွှေးနှင့် လက်မောင်းခြေသလုံးတို့တွင်ရှိသော အမွှေးများအတွက် ပိုမိုကြာမြင့်တတ်သည်။ ယခုအဆင့်တွင် ဆံမျှင်အိတ်မရှိတော့ဘဲ ဆံရင်းရှိတုတ်ခိုင်သောအစိတ်အပိုင်း ပြည့်စုံစွာဖြစ်ပေါ်လာသည်။ ယခုအဆင့်ရှိ ဆံတစ်မျှင်ကိုဆွဲ၍နှုတ်ကြည့်လိုက်လျှင် မာကြောခြောက်သွေ့သော အဖြူအဖတ်များကို ဆံပင်ရင်းတွင်တွေ့ရမည်။ တစ်နေ့လျှင်ဆံပင်၂၅၀ မှ ၁၀၀ သည် ယခုအဆင့်ရောက်ရှိပြီးဆံပင်ကျွတ်လျက်ရှိသည်။ ယခုအဆင့်သည် ၂လ မှ ၃လအထိကြာမြင့်ပြီး နောက်ပိုင်းတွင်ကဏ္ဍဦးအဆင့်ဖြင့်တစ်ဖန်စတင်ဖွံ့ဖြိုးပါသည်။

ကျန်းမာသောသူတစ်ဦးတွင် ရှင်သန်သော အေနာဂျင်ဆံပင်များနှင့် ကျွတ်ထွက်သော တယ်လိုဂျင်ဆံပင်များ မျှတလျက်ရှိပါသည်။ အကယ်၍ ဆံပင်ကြီးထွားမှုသံသရာကိုနှောင့်ယှက်မှုဖြစ်ပါက တယ်လိုဂျင်အဆင့်လျှင်မြန်စွာရောက်ရှိလာပြီး ဆံပင်များသည်မြန်မြန်ကျွတ်ထွက်၍ မြန်မြန်ပြန်ပေါက်ကြသည်။ ဆံပင်ကြီးထွားခြင်း

ဖြစ်စဉ်ကိုနားလည်ခြင်းဖြင့် သင်၏ဆံပင်ကိုပိုမိုနားလည်သဘောပေါက်စွာဂရုစိုက်နိုင်ပြီး ဆံပင်နှင့်ပတ်သက်သောပြဿနာများကိုလည်း သိနားလည်နိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Women and Hair Loss: Possible Causes.http://www.webmd.com/skin-problems-and-treatments/hair-loss/women-hair-loss-causes. Access July 5, 2016.

Understanding Hair Loss- the Basics.http://www.webmd.com/skin-problems-and-treatments/guide/understanding-hair-loss-basics. Access July 5, 2016.

Hair Loss: The Science of Hair.http://www.webmd.com/skin-problems-and-treatments/hair-loss/science-hair?page=1 Access July 5, 2016.

The Hair Growth Cycle.http://www.philipkingsley.com/hair-guide/hair-science/hair-growth-cycle/Access July 5, 2016.

ယခုပုံစံ

15/02/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr. Ye Pyae Hein မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement