backup og meta

Dermatitis (အရေပြားယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dermatitis (အရေပြားယောင်ခြင်း) ကဘာလဲ။

ဖြစ်စေသောအကြောင်းအရာများစွာရှိပြီး ပုံစံမျိုးစုံလဲရှိသည်။ အနီကွက်များတွင် ယောင်ပြီးရဲနေလိမ့်မည်။

အရေပြားယောင်ခြင်းဖြစ်ပါက ရေကြည်ဖုထွက်ခြင်း စိမ်ထွက်မှုများဖြစ်ပြီး အမာရွတ်တတ်ခြင်းများဖြစ်နေတတ်သည်။ဥပမာ နှင်းခူ၊ ဖောက်ထခြင်း နှင့် အနီစက်ထခြင်း တို့သည် အရာဝတ္ထုများဖြစ်သည့်(ဥပမာ အဆိပ် ဆပ်ပြာ နစ်ကယ်ပါသောလက်ဝတ်လက်စားများကြောင့်ဖြစ်တတ်သည်။

အရေပြားယောင်ခြင်းသည်ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါကူးစက်ခြင်းမဖြေစေတတ်သော်လည်း သင့်အား သက်တောင့်သက်သာမရှိစေခြင်းဖြစ်တတ်သည်။ ကိုယ်ကိုကိုဂရုစိုက်ခြင်းနှင့် ဆေးဝါးအကူအညီများဖြင့် ကုသနိုင်သည်။

Dermatitis (အရေပြားယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရေပြားယောင်ခြင်း သည် အဖြစ်များသော နှာတာရှည် သို့မဟုတ် ပြန်ဖြစ်တတ်သည် အရေပြားယောင်ယမ်းခြင်းရောဂါတစ်မျိုးဖြစ်သည်။ ကလေးများတွင် ၁၅ မှ၂၀ရာခိုင်နှုန်းထိဖြစ်တတ်ပြီး လူကြီးတွင် ၁ မှ ၃ ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dermatitis (အရေပြားယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ရောဂါလက္ခဏာပေါ်မူတည်၍ရောဂါလက္ခဏာပြောင်းလဲနိုင်သည်။

နှင်းခူ

ကလေးဘဝတွင်စဖြစ်တတ်ပြီး နီယားသော်အကွက်များပေါ်တတ်သည်။ အဓိက တတောင်အကွေး နှင့် ဒူးနောက်ပိုင်း လည်ပင်းအရှေ့ပိုင်းတွင်ဖြစ်တတ်သည်။ ကုတ်ပါက အရေများထွက်လာပြီး အမာရွတ်တက်နိုင်သည်။ သက်သာပြီး နောက်တခါပြန်ဖြစ်တတ်သည်။

ထိတွေ့မှုကြောင့်အရေပြားယောင်ခြင်း

သင့်အရေပြားအား ဓါတ်မတည့်သော အရာနှင့်ထိမိချိန်တွင် ဖြစ်တတ်သည်။ ဖြစ်စေသောအရာများဥပမာ အဆိပ် ဆပ်ပြာ နွယ်ပင် နှင့် အဆီများထိတွေ့ခြင်းကြောင့် ဖြစ်တတ်သည်။ အနီကွက်များသည် ပူပြီးယားတတ်သည်။ အရေကြည်ဖုလဲဖြစ်တတ်သည်။

အဆီအိတ်နှင့်ဆိုင်သော အရေပြားယောင်ခြင်း

အနီကွက်ထခြင်းအရေပြားကွာခြင်း နှင့် ဖောက်ထခြင်းတို့ဖြစ်တတ်သည်။ ခန္ဓါကိုယ်၏အဆီရှိသောနေရာများတွင်ဖြစ်တတ်သည် ဥပမာ မျက်နှာ ရင်ဘတ်အပေါ်ပိုင်းနှင့်နောက်ပိုင်း။ အကြာကြီးဖြစ်ပြီး သက်သာချိန် ပြန်ဖြစ်ချိန်များရှိတတ်သည်။ ကလေးများတွင် ဤရောဂါကို ကလေးများတွင် ခရာဒယ်ကတ် ဟုခေါ်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိပြီး စောစောကုပါက ရောဂါဆိုးလာခြင်းကိုကာကွယ်နီုင်သည်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dermatitis (အရေပြားယောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • နှင်းခူ

အကြောင်းအရာပေါင်းဆုံစုဆုံခြင်းကြောင့်ဖြစ်သည်။ဥပမာ အရေပြားခြောက်ခြင်း ဗီဇပြောင်းလဲခြင်း၊ခုခအားမကောင်းခြင်း ၊အရေပြားပေါ်တွင် ဘက်တီးရီးယားများဖြစ်ခြင်း၊ ပတ်ဝန်းကျင်အခြေအနေများ။

  • ထိတွေ့မှုကြောင့်အရေပြားယောင်ခြင်း

ဓါတ်မတည့်သောအရာများကိုတိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်နိုငသည်။ဥပမာ အဆိပ် နွယ်ပင် နစ်ကယ်ပါသောလက်ဝတ်လက်စား သန့်စင်ပေးသောပစ္စည်းများ ရေမွေးများ၊အလှကုန်များ ၊နှင့် ကြာရှည်ခံပစ္စည်းများ။

  • အဆီအိတ်နှင့်ဆိုင်သော အရေပြားယောင်ခြင်း

အရေပြားရှိ အဆီအိတ်တွင်ရှိသော မှီုကြောင့်ဖြစ်တတ်သည်။ ထိုသူများတွင် ရာသီအပြောင်းအလဲတိုင်းပြန်ဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Dermatitis (အရေပြားယောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အရေပြားယောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

  • အသက်

အသက်အရွယ်မျိုးစုံတွင် ဖြစ်တတ်ပြီး သို့သော် နှင်းခူသည် ကလေးများတွင်ဖော်ပြတတ်သည်။

  • ဓါတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြတ်

ကိုယ်တိုင်တွင် သို့မဟုတ် မိသားစုမျို့းရိုးတွင် နှင်းခူ ဓါတ်မတည့်ခြင်း မြက်သီးနှာဆေးဖျား သို့မဟုတ်ပန်းနာရင်ကြတ် တို့သည် အရေပြားယောင်ခြင်းကိုပိုဖြစ်တတ်သည်။

  • အလုပ်အကိုင်

သတ္ထု သို့မဟုတ် ဓါတုဖျော်ရည်များနှင့်ထိတွေ့မှုဖြစ်သောအလုပ်များတွင် ပိုဖြစ်တတ်သည်။ ကျန်းမာရေးလုပ်သားဖြစ်ပါကလည်းပိုဖြစ်တတ်သည်။

  • ကျန်းမာရေးအခြေအနေ

မွေးရာပါနှလုံးရောဂါ၊ပါကစ်ဆိုနက်ဆန် ရောဂါ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါများတွင် အဆီအိတ်ကြောင့်ဖြစ်သည့်အရေပြားယောင်ခြင်းကိုပိုဖြစ်တတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dermatitis (အရေပြားယောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအားသံသယဖြစ်ပါက စမ်းသပ်ခြင်းများလုပ်သင့်သည်။

သင့်အရားကပ် ပလာစတာများဖြင့် စမ်းသက်သည်။ ထိုစမ်းသက်မှုများတွင် အရေကပ်လွှာ အောက်တွင် ပစ္စည်းတမျိုးခြင်းဆီအား အနည်းငယ်စီထည့်၍ ကပ်ပြီး စမ်းသက်သည်။

ရက်အနည်းငယ်ကြာချိန်တွင် အရေပြားကပ်အားခွာ၍ သင်နှင့် မတည့်သောအရာကိုရှာလိမ့်မည်။ ထိုသို့စမ်းသက်ခြင်းသည် အရေပြားယောင်ခြင်းပြီးနှစ်ပါတ်အကြာတွင်ဆောင်ရွက်သင့်သည်။ တိကျသော ဓါတ်မတည့်မှုရှိပါကဤသို့စမ်းသက်ခြင်းသည် အသုံးဝင်လှသည်။

Dermatitis (အရေပြားယောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လူတယောက်ချင်းစီ၏အခြေအနေပေါ်မူတည်၍ အရေပြားယောင်ခြင်းအားကုသမှုမျိုးစုံဖြစ်နိုင်သည်။ အောက်မှာပြထားသောလူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများအပြင် အောက်ပ်ကုသမှု တစ်ခုသို့မဟုတ် တစ်ခုထက်ပိုလိုအပ်တတ်သည်။

ကောတီကိုစတီးရိုက်လိမ်းခြင်း

ခုခံအားစနစ် အတွက် လိမ်းဆေးများ(ကယ်ဆီနီယူရင် ပိတ်သောဆေးများ)

ဖြစ်သောနေရာများအား အလင်းပြကုသခြင်း(သဘာ၀ သို့မဟုတ် ဖန်တီးထားသောအလင်း)

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရေပြားယောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရေပြားယောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ရေချိုးချိန်သတ်မှတ်ပါ။

၅မိနစ် မှ၁၀ မိနစ်ထိုရေချိုးပါ။ ရေနွေးသုံးပါ။ ရေချိုးဆီများလဲအသုံးဝင်နိုင်သည်။

ဆပ်ပြာမဟုတ်သောသန့်စင်ဆေး

အနံမပါ ဆပ်ပြာမဟုတ်သောသန့်စင်ဆေးမျိုးရွေးပါ။ အချို့ဆပ်ပြာများသည် အရေပြားအားခြောက်သွေ့စေသည်။

ကိုယ်အားဖြည်းညင်းစွာသုတ်ပါ။

ရေချိုးပြီးပါက သင့်အရေပြားအား လက်ဖြင့်သက်ချက်ပြီး မှ ပျော့ပြောင်းသော အဝတ်ဖြင့်သုတ်ပါ။

အရေပြားကိုအစိုဓါတ်ဖြည့်တင်းပါ။

သင့်အရေပြားအား အဆီ ဓါတ်လိမ်းပေးပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dermatitis. http://www.mayoclinic.org/diseases-conditions/dermatitis-eczema/manage/ptc-20204515 . Accessed March 12, 2017.
Dermatitis. http://www.nhs.uk/conditions/eczema-(contact-dermatitis)/Pages/Introduction.aspx . Accessed March 12, 2017.
Dermatitis.http://www.webmd.com/skin-problems-and-treatments/contact-dermatitis. Accessed March 12, 2017.

ယခုပုံစံ

04/12/2019

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement