လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။
အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါ
- အဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။
- ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။
- အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။
- အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။
- ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော အရေပြားပိုင်ရှင်များဖြစ်ကြသည်။
အဆင့်၂။ ပုံမှန်နှင့် အလယ်လတ်အမျိုအစားရှိ အသားရေများကို သန့်စင်ခြင်း
- သင့်မျက်နှာကို သစ်ရာတွင် တွေ့ရာ ဆပ်ပြာဖြင့်မသစ်ပါနှင့်။
- ပေါ်ပင် ၊ ဈေးကြီးသော အလှကုန်များကိုလည်း ဝယ်သုံးရန်မလိုပါ။ သင့် အသားရေနှင့် သင့်တော်မည့်ပစ္စည်းမျိုးကိုသာ မှန်ကန်စွာရွေးချယ်ပါ။
- သင့် အသားရေနှင့် သင့်တော်သည့် သန့်စင်ဆေးရည်မျိုးကိုသာ မှန်ကန်စွာရွေးချယ်ပါ။ ဝက်ခြံပေါက်နေလျှင် ဆေးဆိုင်များတွင်ရောင်းသော ဝက်ခြံပျောက်ဆေးများကိုဝယ်သုံးပါ။ မျက်နှာကို လက်နှင့်ပွတ်ခြင်း၊ ကုပ်ခြင်းမပြုရ။
- မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။ သင့်မျက်နှာသစ်ဆေးက သင့်ကို အဆီပိုပြန်စေသော်လည်းကောင်း အသားရေပိုခြောက်စေလျှင်သော်လည်းကောင်း ဖြစ်ပါက ဆက်မသုံးပါနှင့်။
- သင်သည် အသားရေခြောက်သူဖြစ်ပါက အရက်ပြန် ၊ အမွှေးအကြိုင်ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။ ၎င်းတို့သည် သင့်အရေပြားတွင်ရှိသော သဘာဝဆီများကို ဖယ်ရှားပစ်နိုင်သောကြောင့်ဖြစ်သည်။
- သင်သည် အဆီပြန်သော အသားရေပိုင်ရှင်ဖြစ်ပါက အဆီမပါသော မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။
- သင်သည် နုနယ်သော အသားရေပိုင်ရှင်ဖြစ်ပါက ဓါတုဗေဓနည်းသော အပျော့စား မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။ မျက်နှာကို ပွတ်ခြင်းမလုပ်ရ။ ဠင်းသည် သင့်နုနယ်သော အရေပြားကို ပိုဆိုးစေနိုင်သည်။ အရက်ပြန် ၊ အက်ဆစ်၊ ဆပ်ပြာနှင့်အမွှေးအကြိုင်ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။
အဆင့် ၃။ အစိုဓါတ်ကို ထိန်းသိမ်းပါ။
- လူအတော်များက အစိုဓါတ်ထိန်းသိမ်းမှုကို အသက်ကြီးမှ ပြုလုပ်သင့်သည်ဟုထင်ထားကြသည်။ အမှန်မှာ အဆီပြန်သော အသားရေအပါအဝင် မည်သူမဆို အသားရေခြောက်သွေ့မှုမဖြစ်စေရန် အစိုဓါတ်ထိန်းပစ္စည်းများကို လိမ်းသင့်သည်။
- အစိုဓါတ်ထိန်းခရင်မ်ကို သင်မျက်နှာသစ်ပြီးခါစ စိုဖန့်ဖန့်အချိန်တွင်လိမ်းပေးခြင်းက စိမ့်ဝင်အားပိုကောင်းသည်။
- အသားရေခြောက်ခြင်းနှင့် အဖတ်များကွာကျခြင်းကို ကာကွယ်ရန် ဓါတ်မပြင်းသော အစိုဓါတ်ထိန်းမရင်မ်ကို တနေ့လျှင် ၂ ကြိမ်လိမ်းသင့်သည်။
- အကယ်၍သင်သည် အဆီပြန်သော၊ ဝက်ခြံပေါက်သော အသားရေဖြစ်ပါက မစေးပျစ်သော အဆီမပါသော အစိုဓါတ်ထိန်းခရင်မ်ကို ရွေးချယ်သုံးစွဲခြင်းက သင့်မွှေးညှင်ပေါက်များ ပိတ်ဆို့ပြီး ဝက်ခြံများကို သက်သာစေလိမ့်မည်။
အဆင့်၄။ နေရောင်ကာခရင်မ်များကို လိမ်းပါ။
- သင်သုံးနေသော အစိုဓါတ်ထိန်းခရင်မ်တွင် နေရောင်ကာပစ္စည်းပါကောင်းပါနိုင်သည်။ သို့သော် သင့် အရေပြားသည် နေရောင်နှင့် ၁၅ မိနစ်ကြာထိတွေ့ရုံနှင့် ပျက်စီးနိုင်သောကြောင့် နေရောင်ကာခရင်မ်ကို သီးသန့် ထပ်လိမ်းခြင်းက အကောင်းဆုံးဖြစ်သည်။
- သင့်အသက်ငယ်ရွယ်သော်လည်း အရေပြားကင်ဆာဖြစ်နိုင်ချေရှိကြောင်း သတိပြုပါ။
- ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်ပေးသော SPF အနည်းဆုံး ၃၀ ပါဝင်သည့် ခရင်မ်မျိုးကို ရွေးချယ်ပါ။
အချုပ်ဆိုရသော် ဝက်ခြံကိုကာကွယ်ရန် မှန်ကန်သော ပစ္စည်းများဖြင့် သင့် အရေပြားကို ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ အထက်ပါအကြံပေးချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော အရေပြားပိုင်ရှင်များဖြစ်ကြပါစေ။
[embed-health-tool-bmi]