brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝက်ခြံအမာရွတ် သက်သာပျောက်ကင်းစေတဲ့ ဓါတုပစ္စည်းများ

ဝက်ခြံကြောင့် သင့်အရေပြားမှာ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ ချောမွေ့တဲ့အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်ပေါ်လာပြီဆိုရင် သင့်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော ဓါတုဗေဒပစ္စည်းတွေဟာ ဝက်ခြံအမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဝက်ခြံအမာရွတ် သက်သာပျောက်ကင်းစေတဲ့ ဓါတုပစ္စည်းများ

ကော်တီဆုန်း နဲ့အမာရွတ်ပျောက်ခရင်မ်

ဝက်ခြံအမာရွတ်တွေ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက် ကော်တီဆုန်း (Cortisone) ကို အသုံးပြုနိုင်ပါတယ်။ ကော်တီဆုန်းပါဝင်တဲ့ ခရင်မ်တွေကို နီးစပ်ရာ ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Kojic acid၊ arbutin နဲ့ ဗီတာမင်စီတို့ပါဝင်တဲ့ အမာရွတ်ပျောက်ခရင်မ်တွေဟာလည်း သင့်အသားအရေကို မူလအရောင် ပြန်ဖြစ်စေပါတယ်(အထူးသဖြင့် ဝက်ခြံကြောင့် မည်းနေတဲ့ နေရာတွေကိုပေါ့)။

အရည်ကပ်ခွာ(Chemical peels)

ဒီနည်းဟာ ဝက်ခြံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်တဲ့အတွက် သူတို့ကို ဝက်ခြံကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီကုသမှုပုံစံမှာဆိုရင် ဓါတုပစ္စည်းအရည်လေးတွေကို သင့်အရေပြားပေါ် လိမ်းပေးမှာ ဖြစ်ပြီး အချိန်တစ်ခုကြာတဲ့အခါ သင့်မျက်နှာပေါ်ကနေ ခွာချလိုက်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကပ်ခွာအသုံးပြုတာကို ကြိမ်ဖန်များစွာ လုပ်ပြီးတဲ့အခါ သင့်အမာရွတ်တွေ တစထက်တစ သက်သာလာမှာ ဖြစ်ပါတယ်။ ပြုလုပ်ပြီးခါစမှာ သင့်အရေပြားဟာ နီရဲရောင်ရမ်းနေမှာ ဖြစ်ပြီး နှစ်ပတ်အကြာမှာ အရေပြားအသစ် ထွက်လာမှာပဲ ဖြစ်ပါတယ်။ ဒီဝက်ခြံအမာရွတ်ကုကပ်ခွာအရည်မှာ salicylic acid၊ glycolic acid၊ Jessner’s solutions၊ resorcinol နဲ့ trichloroacetic acid အစရှိတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။

Salicylic acid

Salicylic acid ဟာ beta-hydroxy acid အမျိုးအစား အက်ဆစ်ဖြစ်ပြီး ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။Salicylic acid ကို ဝက်ခြံကြောင့်မည်းသွားတဲ့ နေရာတွေကို ကုသဖို့အတွက်လည်း အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ပါတယ်။

Glycolic acid

Glycolic acid ဟာ alpha-hydroxy acid အမျိုးအစား အက်ဆစ်ဖြစ်ပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အပြင် မွေးညှင်းပေါက်တွေ ပိတ်ဆို့တာကိုလည်း လျှော့ချပေးပါတယ်။

Jessener’s solution

Jessener’s solution ဟာ 14% resorcinol ၊ 14% salicylic acid ၊ 14% lactic acid နဲ့ ethyl alcohol(သောက်တဲ့ အရက်) တို့ပါဝင်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။ သူ့မှာ salicylic acid ရော resorcinol ပါ ပါဝင်တဲ့အတွက် ဝက်ခြံကုသရာမှာ အသုံးဝင်တဲ့ ကပ်ခွာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။

Trichloroacetic acid

Trichloroacetic acid ဟာ collagen နဲ့ elastin တို့ရဲ့ ပမာဏကို များစေပါတယ်။ သူတို့ဟာ သင့်အရေပြားကို ပိုမိုကောင်းမွန်စေပြီး ဝက်ခြံအမာရွတ်တွေကို မှေးမှိန်သက်သာစေပါတယ်။ ဒီအက်ဆစ်ဟာ ယေဘုယျအားဖြင့် အဆိပ်အတောက် မဖြစ်စေတဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ နာကျင်မှုရှိခဲ့မယ်ဆိုရင်လည်း အနည်းငယ်သာ ဖြစ်ပါလိမ့်မယ်။

Phenol peel

Phenol peel ဟာ အတွင်းပိုင်းနက်နက်ထိ အကျိုးသက်ရောက်မှု ရှိစေတာမို့ ဆရာဝန်ရှေ့မှောက်မှာပဲ ပြုလုပ်သင့်ပါတယ်။Phenol peel ကို တစ်နာရီ ၊နှစ်နာရီ လောက် ကပ်ထားဖို့ လိုပြီး သင့်မျက်နှာပေါ်မှာရှိတဲ့ အမာရွတ်တွေကို သက်သာစေပါလိမ့်မယ်။ ဒါပေမယ့် ပိုးဝင်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဖြစ်စေနိုင်ပါတယ်။

ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းသက်သာစေဖို့ ဓါတုပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။ သူတို့ဟာ ထိရောက်အကျိုးရှိတဲ့အပြင် အန္တရာယ်လည်း ကင်းပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ အကျိုးရလာဒ်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အသားအရေဟာ ပိုမိုနူးညံ့ချောမွေ့သွားတဲ့အတွက် ငယ်ရွယ်နုပျိုသွားစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘေးထွက်ဆိုးကျိုးလေးတွေ အနည်းငယ်ရှိနေနိုင်တဲ့အတွက် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပြီး ပုံမမှန်တာတခုခု ဖြစ်လာခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာကိုပါ သိထားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။